မီဒီယာလွတ်လပ်ခွင့်ရှိသော အခြေအနေကို ဖန်တီးခြင်း – အရှေ့တောင်အာရှတွင် သတင်းတင်ပြခြင်း ပညာရပ်ကို ပြန်လည်စမ်းစစ် ဖော်ဆောင်ခြင်း။မီဒီယာလွတ်လပ်ခွင့်အတွေးအမြင်များ အတွဲ ၄ အမှတ် ၁

Table of Contents

နိဒါန်း

အရှေ့တောင်အာရှအတွင်းမှာရှိတဲ့ မီဒီယာသမားတွေအပေါ် ဗြောင်ကျကျ ကန့်သတ်ချုပ်နှောင်မှုဟာ နေရာအနှံ့အပြားတည်ရှိဆဲ ဖြစ်ပါတယ်။ သတ်ဖြတ်ခံရခြင်းနဲ့ ဖမ်းဆီးခံရခြင်းတို့အတွက် အထူးဂရုပြုလာကြပေမယ့်1 ပိုမိုဆိုးရွားပြီး ဗြောင်ဗြောင်တင်းတင်း ပြုလုပ်ခံရတဲ့ ထိခိုက်နစ်နာမှုတွေကတော့ မီဒီယာသမားတွေရဲ့ နိစ္စဓူဝစိန်ခေါ်မှုတွေကြား မသိကျိုးကျွန်ပြုခံနေရတဲ့အတွက် ထိုအဖြစ်အပျက်တွေကို မီးမောင်းထိုးပြကြရာမှာ အတော်လေးနည်းပါးနေတာကို တွေ့ရပါတယ်။ ကျွန်ုပ်တို့အတွက်တော့ မီဒီယာလွတ်လပ်ခွင့်ဆိုတာ စနစ်တစ်စုံလုံးခြုံငုံနိုင်တဲ့ ချဉ်းကပ်ပုံဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါဟာ မီဒီယာလောကသားတွေရဲ့ အမှုမဲ့ အမှတ်မဲ့ရှိနေတဲ့ ဘဝအတွေ့အကြုံများဖြစ်တဲ့ နေ့စဉ်လုပ်ငန်းခွင် လှုပ်ရှားဖြတ်သန်းမှုကနေ အစချီပြီး အလုပ်အာမခံချက် မရှိမှုတွေအထိ ၎င်းတို့တွေ့ကြုံကြရတဲ့ သမားရိုးကျဖိနှိပ်ခံရခြင်းနဲ့ စီးပွားရေးအကျပ်အတည်း စတာတွေတွေကို အာရုံစိုက်ပေးကြဖို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ မိမိတို့လိုချင်တဲ့ကမ္ဘာကို မိမိတို့ဘာသာဖန်တီးခြင်း လို့ အမည်ရတဲ့ မီဒီယာလွတ်လပ်ခွင့်အတွက် ကျွန်ုပ်တို့ရဲ့ ကြေညာစာတမ်းထဲ အဆိုပြုချက်များကို အခြေခံပြီး အဓိကအကြောင်းအရာဖြစ်တဲ့ ဖယ်ကျဉ်ခြင်းခံရသော အတွေ့အကြုံနှင့် ဂျဲန်ဒါအခြေပြုပြီး တွေ့ကြုံလာကြရတဲ့ အကြောင်းအရာများကို စုံစမ်းမေးမြန်းထားပါတယ်။

ကျွန်ုပ်တို့၏ စာစဉ်အတွဲ ၄ ထဲမှ အတွေးအမြင်များသည် ဂျဲန်ဒါရှုထောင့်မှ ‌ဒေသတွင်း သတင်းတင်ပြခြင်း ပညာရပ်ကို ပြန်လည်ဖော်ဆောင်ရန် ရည်ရွယ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ယူဆချက်ကတော့ အရှေ့တောင်အာရှရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို အဓိကညွှန်းဆိုပြတဲ့ အချက်တစ်ခုဖြစ်တဲ့ မီဒီယာလွတ်လပ်ခွင့်ကို လျော့ချကန့်သတ်လိုက်တာဟာ သတင်းစာ၊ ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ မီဒီယာပုံစံအသစ်တွေမှာ အလုပ်လုပ်နေတဲ့ အလွတ်တန်းသမားကိုပဲဖြစ်ဖြစ် လခစားကိုပဲဖြစ်ဖြစ် ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။ ဂျဲန်ဒါရှုထောင့်မှ ချဉ်းကပ်ခြင်းဆိုတာဟာ အမျိုးသမီးများရဲ့ အတွေ့အကြုံများကို သိရှိနားလည်ကြည့်ခြင်းနဲ့ ၎င်းတို့ရဲ့ ဒေသတွင်း မတူကွဲပြားမှုများမှ ဂျဲန်ဒါဖြစ်တည်မှုများနဲ့ အတွေ့အကြုံများကို ခြုံငုံသုံးသပ်ကြည့်ခြင်းပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ သုတေသနတစ်လျှောက်မှာ ပြီးခဲ့တဲ့ မီဒီယာလွတ်လပ်ခွင့်အတွေးအမြင်များ စာစဉ်ကနေ ထွက်ပေါ်လာခဲ့တဲ့ “မီဒီယာလွတ်လပ်ခွင့်ဆိုတာ သင့်အတွက် ဘာလဲ ဘယ်လိုပုံဖော်ထားလဲ” ဆိုတဲ့ သော့ချက်မေးခွန်းကို ဆက်လက်မေးမြန်းသွားမှာပါ။

ဒီမေးခွန်းကို ဖြေဆိုဖို့ဟာ သုတေသနလုပ်ငန်းစဉ်အတွက် အလွန်အရေးပါလှပါတယ်။ ဒေသတွင်းကပညာရှင်များကို စုစည်းချိတ်ဆက်ပေးခြင်းအပြင် ကျွန်ုပ်တို့အနေနဲ့ သုတေသနကို တက်ကြွလှုပ်ရှားခြင်းအဖြစ်လည်း သဘောထား လုပ်ကိုင်ပါတယ်။ သီအိုရီမူဘောင်တစ်ခုကို အသုံးပြုရုံတင်မဟုတ်ဘဲ ဖယ်ကျဉ်ခံထားရတဲ့ အသံတွေကို ဖော်ထုတ်ပေးတဲ့ လွတ်မြောက်ရေး လုပ်ငန်းတစ်ရပ်အဖြစ် ဖန်တီးလိုတာဖြစ်ပါတယ်။ နိုင်ငံရေးအရအရွေ့တစ်ခုပဖြစ်လာရင်တော့ အတိုင်းထက် အလွန်ပါပဲ။ အဓိကသော့ချက် တစ်စိတ်တစ်ပိုင်းကတော့ ပထမဆုံးအနေနဲ့ ဖွဲ့စည်းတည်ဆောက်ပုံအရ ခွဲခြားမှုနဲ့ ဖယ်ထုတ်ထားမှု) ပုံစံတွေနဲ့ အသွင်ယူထားတဲ့ မတရားမှုပုံစံအမျိုးမျိုးရဲ့ ဖြစ်တည်မှုကို သိရှိလက်ခံပေးတာပါပဲ။ အတိုချုံးပြောရမယ်ဆိုရင် သိရှိလက်ခံပေးမှုဟာ နိုင်ငံရေးအရပြုပြင်ပြောင်းလဲမှုဖြစ်ဖို့လိုအပ်တဲ့ အခြေခံအုတ်မြစ် ကိုချပေးတာပဲဖြစ်ပါတယ် (Hänel, 2020) ။ ကျွန်ုပ်တို့ဟာ ဘက်ပေါင်းစုံမှပိုမိုပါဝင်စေမှုရှိပြီး ရေပေါ်ဆီ အလွှာတွေရဲ့ သဘောထားတွေကို စနစ်အရ ဘက်လိုက်မှုမရှိသလောက်လျော့နည်းသွားစေမှုတို့ကို အလေးပေးပြီး အသိဥာဏ်ပွင့်သွားရန် လုပ်ဆောင်လိုသောကြောင့်ဖြစ်ပါတယ်။ ကျွန်ုပ်တို့၏ ရပ်တည်ချက်ပေါ် မြဲမြံစွာ အခြေတည်ပြီး (သို့မဟုတ် ကျွန်ုပ်တို့သည် အမြဲပြောင်းလဲနေသော ကွန်ရက်များနှင့် မည်သို့ပါဝင်ပတ်သတ်မည်ဆိုသည်) လူတန်းစားအလွှာအသီးသီးတို့နှင့် အားလုံးပါဝင်နိုင်စေရေး ခရီးရောက်ဖို့ကို ပုံဖော်ဆောင်ရွက်နေသူတို့အကြား အပြန်အလှန်ဆွေးနွေးခြင်းများကို အားပေးလုပ်ဆောင် သွားဖို့ဖြစ်ပါတယ် (Sprague,2016)။ဒါကြောင့် ဤ ဦးတည်ကြိုးပမ်းဆောင်ရွက်မှုများမှာ ဖေးမနစ်ဝါဒ ယေဘုယျသဘောတရားနည်းနာများကို သိရှိလက်ခံပေးမှုဟာ အကျုံးဝင်မှုရှိနေရန်လိုအပ်ပါတယ် (Sprague, 2016)။

အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်တဲ့ သိမှုပညာကိုရရှိစေသော သုတေသနပြုလုပ်ခွင့်ရရှိရေးဟာ ဒီမိုကရေစီနည်းကျ နိုင်ငံသားဖြစ်မှုအတွက် မရှိမဖြစ်အရေးပါလှပါတယ် (Appadurai, 2013, p. 269)။ အ‌ရှေ့တောင် အာရှတလွှား မှာနေထိုင်ကြတဲ့ ကျွန်ုပ်တို့ရဲ့ သုတေသနမှာ ပါဝင်သူများနဲ့ စကားပြောဆိုခြင်းဖြင့် လေ့လာမှုပြုတဲ့ အကြောင်းအရာများကို စေ့စေ့စပ်စပ်သိရှိအောင်ပြုလုပ်ဖို့ မျှော်လင့်ထားပြီး တစ်ချိန်တည်းမှာပဲ ကျွန်ုပ်တို့ရဲ့ မီဒီယာလွတ်လပ်ခွင့်ကွန်ရက် (Media Freedom Network) အောက်မှ လူထုကိုဖိတ်ခေါ်၍ လူထုအချင်းချင်း ပြန်လည်သုံးသပ်ခြင်းအစီအစဉ်ကို ပြုလုပ်ပေးဖို့ဖြစ်ပါတယ်။ ပြန်လည်ဆန်းစစ်မှု ပြုလုပ်ပေးထားသူများထံမှ အကြံပြုချက်နဲ့ သဘောထားများကို ရယူပြီးတဲ့အခါ ကျွန်ုပ်တို့ရဲ့ လေ့လာချက်များကို ၂၀၂၃ ခုနှစ်ရဲ့ ဇွန်လနဲ့ ဒီဇင်ဘာလများကြားမှာ သုံးလတစ်ကြိမ်အဖြစ် ထုတ်ဝေမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ ဆန္ဒမဲပေးရရုံထက် ကျော်လွန်ပြီး ပိုနက်နဲတဲ့ ဒီမိုကရေစီကို သန္ဓေတည်ပေးနိုင်ဖို့ အချိတ်အဆက်ပြုလုပ်ရာနဲ့ အရင်းအမြစ်တွေကို ဝေမျှရာမှာ ကူညီပေးနိုင်မယ်လို့ ကျွန်ုပ်တို့ မျှော်လင့်ပါတယ်။  

အကျဉ်းချုပ်အနေနဲ့ ကျွန်ုပ်တို့ဟာ ကျယ်ပြန့်တဲ့မေးခွန်း ၄ ခုကို ဖြေကြားဖို့ ဦးတည်ပါတယ်။

  • အရှေ့တောင်အာရှမှာ သတင်းတင်ဆက်ကြတဲ့အခါ ဂျဲန်ဒါကဏ္ဍ ကို ဘယ်လို အကန့်သတ်တွေနဲ့ ဖော်ပြတင်ဆက် နေကြ တာပါလဲ။
  • ကျွန်ုပ်တို့ရဲ့ ‌မေးမြန်းစုံစမ်းမှုကနေ ထွက်ပေါ်လာတဲ့ အကြောင်းအရာတွေဟာ ‌ဒေသတစ်ခုလုံးနဲ့ အကျုံးဝင်နေတာလား ဒါမှမဟုတ် ဒေသတွင်းက တချို့နိုင်ငံတွေနဲ့ပဲ ကိုက်ညီနေတာပါလား။
  • ဂျဲန်ဒါရဲ့ ရှုထောင့်အမျိုးမျိုးဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ဘယ်လိုမျိုး ယှက်ဖြာဆက်နွယ်နေပြီး ဘယ်လိုမျိုးလွှမ်းမိုးနေပါသလဲ။
  • သင့်လိုစာဖတ်သူတွေအပါအဝင် လူထုကို ဒီလုပ်ငန်းစဉ်မှာ ပါဝင်လာပြီး အပြောင်းအလဲဖြစ်ဖို့ ဖန်တီးရာမှာကူညီ လာဖို့ ကျွန်ုပ်တို့အနေနဲ့ ဘယ်လိုမျိုး စုစည်းနိုင်မလဲ။

ကျွန်ုပ်တို့ရဲ့ အောက်ပါစာတမ်းမှာတော့ အဖြေရှာဖွေဖို့ ရှည်လျားလှသောလုပ်ငန်းစဉ်ကို စတင်ဖို့အတွက် ကြိုးစားကြည့်မှာ ဖြစ်ပါတယ်။

စာတမ်းပါအကြောင်းအရာနှင့် သက်ဆိုင်သည့် စာပေများကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ချက်

အရှေ့တောင်အာရှရဲ့ မီဒီယာအခင်းအကျင်းမှာရှိနေတဲ့ ဂျဲန်ဒါနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကြားက ယှက်ဖြာ ဆက်နွယ်မှုကို စူးစမ်းလေ့လာကြည့်ဖို့ ကြံရွယ်ထားပါတယ်။ လေ့လာမှုကို မစတင်ခင်မှာ ဒီစကားလုံးများရဲ့ အနက်အဓိပ္ပါယ်ကို ဦးစွာထုတ်ဖော်ရှင်းလင်းခြင်းက အထောက်အကူဖြစ်စေပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်

ကျွန်ုပ်တို့ဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို မွေးရာပါရပိုင်ခွင့်တစ်ခုအနေနဲ့ ရှုမြင်ကြပါတယ်။ မလေးရှားနိုင်ငံမှာ အခြေခံဥပဒေအရ အကာအကွယ်‌များရှိနေလျက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို ကန့်သတ်ရန်အတွက် ဥပဒေတွေ၊ မူဝါဒတွေ၊ နည်းလမ်းတွေချမှတ်ထားပါတယ် (Rights in Reverse, 2021)။ မြန်မာနိုင်ငံမှာ2 စစ်အုပ်ချုပ်ရေးက ပြဋ္ဌာန်းလိုက်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကြောင့် ပြည်သူများအနေနဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အကာအကွယ်ရရှိဖို့ကို ခဲယဉ်းသွားစေပါတယ် (Simpson, 2022)။ ဒီမိုကရေစီရပိုင်ခွင့်များနဲ့ တာဝန်ဝတ္တရားများကို လက်တွေ့ကျင့်သုံးရာမှာ အချက်အလက်များကိုပါ နားလည်ရန်လိုအပ်တဲ့အတွက်အကြောင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ သတင်းအချက်အလက်ရပိုင်ခွင့် တစ်ခုတည်းသပ်သပ်ပေါ်မူတည်၍ လေ့လာလို့မရနိုင်ပါဘူး (Teo,2019)။ ဒီဆက်နွှယ်ချက် ကို Freedom House က အောက်ပါအတိုင်း ရှင်းပြထားပါတယ်။

လွတ်လပ်စွာပြောဆိုခွင့်နဲ့ ထုတ်ဖော်ပြသခွင့်ဟာ ဒီမိုကရေစီအပါအဝင် ပွင့်လင်းစွာ ဆွေးနွေးငြင်းခုံမှုများပြုလုပ်ရာမှာ အဆင်ပြေချောမွေ့စေခြင်း၊ စုံလင်ကွဲပြားတဲ့ အကျိုးစီးပွားနဲ့ သဘောထားအမြင်တွေအပေါ် ဆွေးနွေးညှိနှိုင်းမှု ပြုနိုင်ခြင်း နဲ့ အများဆန္ဒပါတဲ့ မူဝါဒ ဆုံးဖြတ်ချက်များ ချမှတ်ရာမှာ လိုအပ်တဲ့ အပေးအယူ အတိုးအလျော့ပြုနိုင်ခြင်းတို့ရဲ့ အသက်သွေးကြော ဖြစ်ပါတယ်။

Freedom of Expression, n.d.

ဒါကြောင့် ဒီမိုကရေစီဆိုတာဟာ ဆန္ဒမဲပေးခြင်းတစ်ခုတည်း သပ်သပ်သာ မဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာ အားလုံးပါဝင်ပြီး ဝေမျှခြင်း၊ အကောင်းအဆိုးချိန်ထိုးခြင်းနဲ့ ဆွေးနွေးငြင်းခုံခြင်း တို့ကို ကမ္ဘာ့အမြင်နဲ့အညီ တည်ဆောက်ထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်ုပ်တို့ဟာ သာတူညီမျှရှိမှုကိုလိုလားပြီး တပြိုင်တည်းမှာလည်း ထိုအတွက်မေးခွန်းလည်းထုတ်လေ့ရှိပါတယ် (Rafael, 2022)။ လှုပ်လှုပ်ခတ်ခတ် ကိစ္စရပ်တွေများလာတဲ့ ယနေ့ခေတ်မှာ အလေးပေးလုပ်ဆောင်ရမယ့် ကိစ္စရပ်တွေများလာတာကြောင့် ကျွန်ုပ်တို့မှာရှိတဲ့ အာရုံစူးစိုက်နိုင်စွမ်းတွေကို ကိစ္စရပ် အမြောက်အမြားမှာ ခွဲဝေပေးနေရတာဟာ ကျွန်ုပ်တို့အတွက် စိတ်ပန်းလူပန်းမှုတွေဖြစ်လာနိုင်ပြီး ကျွန်ုပ်တို့ရဲ့ စွမ်းဆောင်ရည်နဲ့ ထိရောက်မှုအတိုင်းအတာတွေပေါ်မှာ ဆိုးရွားတဲ့သက်ရောက်မှုတွေဖြစ်စေပါတယ် (Williams,2018)။ ဒစ်ဂျစ်တယ်စနစ်သို့ကူးပြောင်းခြင်းဟာ “တစ်ဦးတစ်ယောက်အပြင် တစ်စုတစ်ဖွဲ့လုံးအနေနဲ့ပါ လူ့စိတ်စွမ်းအားကို အနှောက်အယှက်ဖြစ်ရုံမှမက လျော့နည်းစေလို့ပဲဖြစ်ပါတယ်” (Ibid.,p.89)။

မီဒီယာ

ယခုစာစောင်မှာ သတင်းကဏ္ဍတစ်ခုတည်းသာ ဦးတည်ဖို့ ကျွန်ုပ်တို့ ကန့်သတ်ထားပါတယ်။ သို့ပေမယ့်လည်း သတင်း ဆိုတာရဲ့  ပညာရပ်ပိုင်းဆန်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုတောင်မှ ကိုယ်သန်ရာသန်ရာ ဖွင့်ဆိုနေကြပါတယ်။ ကိန်းဘရစ်ချ်အဘိဓာန်ထဲမှာတော့ သတင်းဆိုတာကို “လက်တလောဖြစ်ရပ်တွေအကြောင်းပါတဲ့ အချက်အလက် ဒါမှမဟုတ် အစီရင်ခံစာ”3 လို့ပဲ ရိုးရိုးရှင်းရှင်း ဖွင့်ဆိုထားပါတယ်။ ဒါပေမယ့် သတင်းကို လေ့လာသုံးသပ်ရာမှာ “ရုပ်ဝတ္ထုပုံသဏ္ဍန်အပါအဝင် ပြောဆိုဆွေးနွေးချက်တစ်စုံလုံးပါဝင်တဲ့ မီဒီယာသတင်းဆိုတဲ့ သဘောတရား” ကို လိုအပ်ပါတယ် (Van Dijk, 1988, p. 4)။ “သတင်းကဏ္ဍဆိုတာကို ဇာတ်ကြောင်းပြောပြခြင်း ပုံစံတစ်မျိုး” အဖြစ် မှတ်ယူနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ “ဖြစ်ရပ်တစ်ခုဟာ ဆင့်ပွားချိတ်ဆက်ပြီး ဆက်စပ်မှုရှိတဲ့ဖြစ်စဉ်တွေအဖြစ် မတိုင်ခင်မှာ ဇာတ်ကြောင်းတစ်ခုအနေနဲ့ အရင်ရှိနေဖို့လိုအပ်လို့ပဲ ဖြစ်ပါတယ်” (Hall, 1997, p. 52)”4 

သို့သော်လည်း ဇာတ်ကြောင်းပြောကြားခြင်းများပြုလုပ်ခြင်းဖြင့် အစုအဖွဲ့များကိုဖန်တီးနိုင်ခြင်း၊ ဇာတ်ကြောင်းပြန်သူများနဲ့ နားဆင်သူတွေကြား အချိတ်အဆက်ပြုလုပ်ပေးနိုင်ခြင်း၊ ဇာတ်ကြောင်းတွင် စီးမျောခြင်းအားဖြင့် မိမိ လက်ရှိအခြေအနေတွေကို ခေတ္တခဏမေ့ပျောက်သွားသလို ခံစားရစေပြီး လွတ်လပ်မှုရှိခြင်းကို ခံစားရစေခြင်း၊  ဇာတ်ကြောင်းပြောဆိုခြင်းဟာ မိမိရဲ့အဖြစ်အပျက်ကို မိမိကိုယ်တိုင် ပုံဖော်ပြောဆိုခွင့်ပေးထားတာကြောင့် မိမိကိစ္စကို အခြားသူတွေအမြင်နဲ့ ပုံဖော်ပြဆိုခြင်းမဟုတ်ပဲ မိမိကာယကံရှင်အမြင်နဲ့သာ ပြောဆိုခွင့်ရတဲ့အတွက်ကြောင့် မိမိကိုယ်ကိုယုံကြည်မှုရရှိစေခြင်းကို ပေးစွမ်းနိုင်ခြင်း၊ မိမိဖြစ်တည်မှုကိုမိမိ သတ္တိရှိရှိလက်ခံနိုင်လာအောင်ပေးစွမ်းနိုင်ခြင်း နဲ့ မိမိရဲ့ဖြစ်တည်မှုကိုလက်ခံသွားနိုင်ခြင်း (သို့မဟုတ်) စိတ်ထိခိုက်လွယ်ခြင်းတွေကို ပြန်လည်ကုစားပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေဖြစ်စေပါတယ် (Yao,2022)။ ထိုသို့ကောင်းကျိုးများစွာရှိသင့်တဲ့ နည်းလမ်းတစ်ခုဟာ မြန်မာနိုင်ငံရဲ့ အစွန်းရောက်သဘောတရားတွေရှိနေတဲ့ မီဒီယာလောကအသစ်မှာ အပျက်သဘောဆောင်တာမျိုးလည်း ဖြစ်နိုင် ပါတယ် (Simpson,2022)။ သတင်းကဏ္ဍ တင်ဆက်နေကြတဲ့အဖွဲ့အစည်းတွေကိုယ်တိုင်ကိုက အမျိုးမျိုးသောအကျိုးစီးပွားတွေနဲ့ မကင်းရာမကင်းကြောင်း ရှိနေကြတယ်လို့ သတ်မှတ်ခံထားရတာ (သံသယရှိခံနေရတာ) ကြာညောင်းလှပြီဖြစ်ပါတယ်။ ဒီမှာဆိုလိုချင်တာကတော့ ၎င်းတို့တင်ဆက်နေကြတဲ့ အကြောင်းအရာတွေမှာ လက်တွေ့အရှိတရားတွေပျောက်ဆုံးနေပြီး သူတို့နဲ့ ကျေးဇူးတရားမကင်းရာမကင်းကြောင်းတွေကို မျက်နှာသာပေးပြီးတင်ဆက်နေကြတယ်လို့  ဆိုလိုခြင်းဖြစ်ပါတယ် (McKenzie,2004)။

အကယ်၍ “ဆက်သွယ်ရေးကြားခံအဖြစ် အသုံးပြုတဲ့နည်းလမ်းဟာ သတင်းအချက်အလက်” ဖြစ်တယ်ဆိုရင် သတင်းအချက်အလက် ဖြန့်ဝေတဲ့ မီဒီယာပုံစံကို လေ့လာကြည့်ခြင်းဟာ သတင်းအချက်အလက်အမျှ အရေးပါလှပါတယ် (McLuhan, 2003, p. 9, 226–27) ။ သတင်းအစီအစဉ်ထုတ်လွှင့်သူတွေနဲ့ ပုံနှိပ်ဖြန့်ဝေသူတွေကြားမှာ ဘာတွေကွခြားးသလဲ။ ပြီးတော့ ဘာလို့ သူတို့နှစ်မျိုးကို မတူညီတဲ့ မူဝါဒတွေ ချမှတ်ပေးထားတာလဲ (Malaysia Draft Media Council Act, 2020)။ မီဒီယာပုံစံသစ်တွေဟာ တည်ရှိပြီးသား လူမှုအဆောက်အဆုံတွေမှာရှိနေတဲ့ အတားအဆီးတွေကို တကယ်ပဲ ဖြိုဖျက်ပေးသလား (Loh and Chin, 2023)။ ဒီမေးခွန်းတွေဟာ သမားရိုးကျရှိနေတဲ့ သတင်းကဏ္ဍနဲ့ ဒစ်ဂျစ်တယ် သတင်းကဏ္ဍကြားက ယနေ့ခေတ်မှာ မှိန်ပျပျခြားထားတဲ့ စည်းတွေကြောင့် အရေးကြီးတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။

ကျွန်ုပ်တို့အတွက်တော့ သတင်းသမားတွေ သတင်းလောကမှာ သူတို့ ကိုယ်တွေ့ကြုံခဲ့ရတဲ့အခြေအနေတွေ ၊ စိန်ခေါ်မှုတွေနဲ့ တကယ့်လက်တွေ့မှာ မီဒီယာလောကကို တရားဥပဒေ နဲ့ ဥပဒေအရထိန်းကြောင်းပေးမှုတွေက ဘယ်လိုရှိနေသလဲဆိုတဲ့ ရှုထောင့်တွေက အရေးအကြီးဆုံးဖြစ်ပါတယ်။ ဥပမာအားဖြင့် မလေးရှားက အလွတ်တန်းသတင်းသမားတွေ ဒါမှမဟုတ် သတင်းစာတိုက်သေးသေးလေးတွေအတွက် အလုပ်လုပ်ပေးနေတဲ့သူတွေကို တခါတရံ ဂျာနယ်လစ်တွေလို့ မသတ်မှတ်ကြပါဘူး (Malaysia Draft Media Council Act, 2020)။ သတင်းကဏ္ဍရဲ့ ‌ဂေဟစနစ်ကို စုံစမ်းစစ်ဆေးကြည့်ဖို့အတွက် ထုတ်လွှင့်တင်ဆက်ခြင်း၊ ပုံနှိပ်ခြင်း ဒါမှမဟုတ် The Conversation လို (အရှေ့တောင်အာရှပြင်ပဥပမာအနေနဲ့)  အွန်လိုင်းမီဒီယာပလက်ဖောင်းတွေနဲ့ စကားပြောကြည့်သွားမှာဖြစ်ပါတယ်။ သို့ပေမယ့်လည်း လူမှုကွန်ရက်စာမျက်နှာများ၊ ဘလော့ကဲ့သို့သော မီဒီယာပလက်ဖောင်းများကိုတော့ ထည့်သွင်းသွားမှာမဟုတ်ပါဘူး။ သို့သော်လည်း အချို့သောအခြေအနေတွေမှာ သတင်းအစစ်အမှန်လား၊ စာဖတ်သူတွေရဲ့အာရုံကိုဆွဲဆောင်စေတဲ့ လှည့်စားထားတဲ့ခေါင်းစီးတွေနဲ့ တင်ဆက်နေတဲ့ သတင်းအစစ်အမှန်မဟုတ်တဲ့ အရာတွေလားဆိုတာ ခွဲခြားရခက်ခဲတာကို သတိပြုမိပါတယ်။ သတင်းရုံးခန်း အတော် များများ ကလည်း ဒီလိုနည်းနဲ့ စာဖတ်သူများလာအောင် ဆွဲဆောင်တတ်ကြတဲ့အလေ့အထ ရှိတတ်ကြလို့ဖြစ်ပါတယ်။

အ‌‌ရှေ့တောင်အာရှ

နယ်မြေဒေသတွေဆိုတာဟာ တူညီတဲ့ကြန်အင်လက္ခဏာတချို့ပါဝင်တဲ့ ပထဝီဆိုင်ရာအကျယ်အဝန်းတစ်ခုနဲ့ ဖွဲ့စည်းထားတယ် ဆိုပြီး အကြမ်းဖျင်း ဆိုကြပါတယ် (Harvey,2021)။ မတူကွဲပြားမှုနဲ့ ရှုပ်ထွေးမှုတွေ ရှိနေတဲ့ အရှေ့တောင်အာရှဟာ ယနေ့ထိတိုင်အောင် ကိုယ်စားပြုခြင်းခံရမှုမှာ မှေးမှိန်နေဆဲဖြစ်ပါတယ်။ ဥပမာအားဖြင့် အရှေ့တီမောနဲ့ မြန်မာနိုင်ငံတို့ကြား မီဒီယာလွတ်လပ်ခွင့် များစွာခြားနားမှုရှိနေသော်လည်း နယ်စည်းမခြားသတင်းထောက် များ Reporters without Borders အနေနဲ့ “သတင်းအချက်ကို အကြွင်းမဲ့အာဏာရှင်စနစ်နဲ့ ကန့်သတ်ထိန်းချုပ်ခြင်း” လက္ခဏာရပ်ရှိနေတယ်လို့ သတ်မှတ်ထားတဲ့ အာရှ-ပစိဖိတ် ဒေသအောက်မှာပဲ အရှေ့တောင်အာရှဒေသကို ထည့်သွင်းထားပါတယ်။ 

အရှေ့တောင်အာရှရဲ့ မသိမသာကွာခြားမှုများကိုလည်း ကျွန်ုပ်တို့အနေနဲ့ ပိုမိုနားလည်အောင် လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ ဒါပေမယ့် ဒေသတစ်ခုအနေနဲ့ကော အရှေ့တောင်အာရှဟာ ဘယ်လိုပုံစံရှိပါသလဲ။ ဥရောပဘက်ကအမြင်ကို ဇောင်းပေးထားတဲ့ ‌ပုံဖော်ချက်တွေမှာတော့ အရှေ့တောင်အာရှကို အခြားသော “လူ့ယဉ်ကျေးမှုအသိုက်အဝန်းရဲ့ အဆက်အနွယ်တစ်ခုသာသာပဲ ပုံဖော်ထားပါတယ်။” ဥပမာအနေနဲ့ အိန္ဒိယပြည်မကြီးနဲ့ အင်ဒိုချိုင်းနားဒေသတို့ရဲ့ အဆက်အနွယ်အဖြစ်နဲ့သာ ရှုမြင်ကြပါတယ်။ သို့မဟုတ် တခါတလေမှာ အသေးစိတ်တွေကအစ ဖန်တီးပြီးသတ်မှတ်လိုက်ကြပါတယ် (Imagined Geographies, n.d.)။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှာ အဖွဲ့ဝင်ဖြစ်ခြင်းက လုံလောက်တဲ့ သတ်မှတ်ချက်မဟုတ်ပါဘူး။ အဆိုပါအဖွဲ့ဟာ တဖြည်းဖြည်းသာ အဖွဲ့ဝင်တွေ တိုးလာတာဖြစ်ပြီး အခုထိ အရှေ့တီမောက ပါဝင်ခြင်းမရှိသေးပါဘူး။ သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် ပညာရပ်ပိုင်းဆိုင်ရာ ယူဆချက်များနဲ့ ပုံဖော်ခံခဲ့ရတာဖြစ်ပြီး ထိုသို့ပုံဖော်ခဲ့ခြင်းကြောင့် မတူကွဲပြားစွာရှိနေကြတဲ့ နိုင်ငံတွေနဲ့ ရိုးရာယဉ်ကျေးမှုတွေကို အမေရိကန်စစ်အေးကာလ မျှော်မှန်းချက်တွေ/နိုင်ငံရေးအကြံအစည်တွေနဲ့ အညီပဲ နိုင်ငံတွေအားလုံးမှာရှိနေတဲ့ မတူညီတဲ့ ရိုးရာယဉ်ကျေးမှုတွေကို အသိအမှတ်မပြုပဲ အားလုံးကို အတူတူတွေပဲလို့ အထင်အမြင်လွဲမှားသွားအောင် သတ်မှတ်မှုကိုဖြစ်စေခဲ့ပါတယ်(Anderson,2016)။ ဒေသတွင်းမှာလည်း စိတ်ကူးသပ်သပ်သာ ပုံဖော်ထားမှုအမျိုးမျိုး ရှိနေပါသေးတယ်။ အရှေ့တောင်အာရှရဲ့ ရေကြောင်းကုန်သွယ်ရေး တခုတည်းမှာပင် မလေးဝါးလ် (Malay World)၊ မလာယု ရာယာ (Melayu Raya)၊ အင်ဒိုနီးရှားရာယာ (Indonesia Raya) နဲ့ နန်ယန်း (Nanyang) တို့ကဲ့သို့ စိတ်ကူးအရပိုင်းခြားထားတဲ့ ဒေသတွေ ရှိနေပါတယ် (Show, 2020)။

ဘာသာစကားဆိုင်ရာဖြစ်ဖြစ်၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာဖြစ်ဖြစ်၊ ရွှေ့ပြောင်းအခြေချမှုဖြစ်ဖြစ် ဒါမှမဟုတ် အတွေးအခေါ်ပိုင်း ဆိုင်ရာဖြစ်ဖြစ် ဒေသဆိုင်ရာ ယဉ်ကျေးမှုပိုင်းမှာ ခပ်ဖော့ဖော့တူညီမှုတစ်ခုခု ရှိမယ်ဆိုရင် အရှေ့တောင်အာရှဟာ အသွင်မမြဲစီးပျံ့တတ်ခြင်း နဲ့ ပြုလွယ်ပြင်လွယ်ရှိမှုတို့နဲ့  လက္ခဏာရပ်သတ်မှတ်လို့ ရနိုင်ပါတယ် (Frydenlund et al., 2022)။ ဒါပေမယ့် နိုင်ငံရေးပိုင်းဆိုင်ရာ တူညီမှုရှိမယ်ဆိုရင်တော့ ဒါဟာ ဒေသခံလူထုရဲ့ ကာလရှည်ကြာစွာ အာဏာရှင်ခေတ်တွေကို ရုန်းကန်ကျော်ဖြတ်နေကြရတာပဲ ဖြစ်ပါလိမ့်မယ်။ အာဆီယံရဲ့ အဖွဲ့ဝင်နိုင်ငံတွေထဲမှာ လူမျိုးရေးအရဖြစ်စေ၊ လုပ်ဆောင်နိုင်စွမ်းအရဖြစ်စေ၊ သာသာ‌ရေးစသည်တို့အပေါ် မူတည်ပြီးဖြစ်စေ လူ့အသိုက်အဝန်းတစ်ခုရဲ့ ဖယ်ကျဉ်ခံထားရမှုဟာ ၎င်းတို့ရဲ့ စီးပွားရေးတိုးတက်ပြောင်းလဲမှု ဖြစ်စဉ်တွေမှာ လူ့အခွင့်အရေးဆိုတာကို ဘယ်တော့မှ အရေးပါတဲ့ ကိစ္စရပ်အနေနဲ့ မှတ်ယူပြီး မူဝါဒချမှတ်ခြင်းတွေမှာ ထည့်သွင်း စဉ်းစားလေ့မရှိခဲ့ခြင်းနဲ့လည်း ချိတ်ဆက်နေပါတယ် (Al Khanif and Khoo, 2022, p. 2)။ မလေးရှားနဲ့ အင်ဒိုနီးရှားကဲ့သို့သော အချို့အစိုးရပုံစံတွေဟာ စနစ်တစ်ခုအောက်အတင်းသွတ်သွင်းထားတယ်လို့5 ဖော်ပြနိုင်ပြီး

[…]  အများပြည်သူဆိုင်ရာနှင့် ပုဂ္ဂလိကဆိုင်ရာ ရပ်ဝန်းနှစ်ခုလုံးမှာ အာဏာကို လူတစ်ဦးတယောက် သို့မဟုတ် အဖွဲ့တစ်ခုထံမှာပဲ မစုစည်းထားဘဲ လူထုအပေါ် ဥပဒေအရဖြစ်စေ ကျင့်ဝတ်ပိုင်းဆိုင်ရာအရဖြစ်စေ တာဝန်ခံမှုမရှိတဲ့ ပြန့်ကျဲနေတဲ့ ဆက်နွယ်မှု အစုအစပ်တွေ […]အဖြစ် လက္ခဏာသတ်မှတ်နိုင်ပါတယ်။

Heryanto and Mandal, 2003, p. 14

အာဏာရှင်စနစ်ဆီ တိမ်းညွှတ်နေခြင်းဟာ မူလယဉ်ကျေးမှု စရိုက်လက္ခဏာတစ်ခု မဟုတ်ဘဲ နယ်ချဲ့စနစ်ဆန့်ကျင်ရေးနဲ့ စစ်အေးကာလတို့ကြား အပြန်အလှန်ဆက်နွှယ်နေတဲ့ လုပ်ငန်းစဉ်များမှ ထွက်ပေါ်လာတဲ့ ရလဒ်ဖြစ်ပါတယ်။ ဒါဟာ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီတို့ဟာ အပြန်အလှန်သီးသန့်ပုံစံမျိုး တည်ရှိနေတာမဟုတ်ဘဲ ဝင်ရိုးစွန်းနှစ်ဘက်က ဆန့်ကျင်ဘက်များဖြစ်နေကြောင်းကိုလည်း လှစ်ဟပြနေပါတယ် (Heryanto and Mandal, 2003)။ ဒါ့ကြောင့် ကျွန်ုပ်တို့အနေနဲ့ အရှေ့တောင်အာရှရဲ့ ခက်ခဲရှုပ်ထွေးမှုကို အသိအမှတ်ပြုပြီး ကိုလိုနီစနစ်ဆန့်ကျင်ဖို့နဲ့ 6အစိမ်းသပ်သပ် တံဆိပ်ဆွဲကပ်မှုများကို ရှောင်ရှားဖို့ အားထုတ်လုပ်ဆောင်မှဖြစ်ပါတယ်။

ဂျဲန်ဒါ

အကျဉ်းချုပ်မိတ်ဆက် (သက်ဝေ၊ဘွန်နီ ရမ်ဘတ်တန်တို့နှင့် ပူးပေါင်းရေးသားသည်)

လက်ရှိတွင် လိင် နဲ့ ဂျဲန်ဒါကြားက ဇီဝဗေဒအရနှင့် လူမှုရေးရာအရ ကွဲပြားချက်ဟာ ၁၉၄၅ ခုနှစ်မှ စိတ်ပညာရပ်ဆိုင်ရာ ဂျာနယ်ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြခဲ့တဲ့ ကွဲပြားချက်ကနေ မြစ်ဖျားခံလာတာဖြစ်ပါတယ် (Cameron, 2016)။ သို့ရာတွင် ယနေ့ထိတိုင် အဆိုပါ သဘောတရားနှစ်ရပ်စလုံးမှာ လွယ်လင့်တကူ အဓိပ္ပါယ်ဖွင့်ဆိုနေမှုများ၊ မတိမကျပြန်ဆိုနေမှု များကြောင့် အမှန်တကယ် ဆိုလိုရင်းပျောက်ဆုံးနေပြီး ထွေထွေပြားပြားဖြစ်နေပါတယ် (Lockhart, 2022)။ ထို့အပြင် သိပ္ပံပညာဟာ လူမှုရေးရာ သို့မဟုတ် လောကအမြင်ကနေ ဆက်နွှယ်လျက် အစဉ်အမြဲ တိုးတက်ကြီးထွားလာခဲ့တဲ့အတွက် ယေဘုယျအားဖြင့် ဖယ်ခွာသွားလို့ မရနိုင်ပါဘူး။ လက်ဆုပ်လက်ကိုင် သက်သေပြနိုင်တဲ့ ဆေးပညာနယ်ပယ်တွေမှာပင် လူ့အသိုင်းအဝိုင်းက လက်ခံထားတတ်ကြတဲ့ ဂျဲန်ဒါနဲ့ဆိုင်တဲ့ ယူဆသတ်မှတ်ချက်တွေဟာ သိပ္ပံပညာရှင်အပေါ်မှာ မျိုးဆက်ပွား ကျန်းမာရေး ကိစ္စရပ်တွေကို ဆွေးနွေးလေ့လာမှုပြုတဲ့ အခါတွေ လွှမ်းမိုးမှုတွေရှိနေပါတယ် (Martin, 1991)။

ယခုခေါင်းစဉ်မှာတော့ လိင်နဲ့ ဂျဲန်ဒါကြားက ဇီဝဗေဒအရနဲ့ လူမှုရေးရာအရ ကွဲပြားချက်ဟာ ရောထွေးယှက်နွှယ်နေပါတယ်။ ကုလသမဂ္ဂအမျိုးသမီးများ အဖွဲ့ရဲ့ “ဂျဲန်ဒါ”အပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်ပင်လျှင် ပုံသေကားချပ်ဆန်လွန်းနေပါတယ်။

[…]ယောကျ်ားဖြစ်ခြင်း နှင့် မိန်းမဖြစ်ခြင်း တို့ပေါ်မူတည်ပြီး လူ့ပတ်ဝန်းကျင်က ယောကျ်ားဖြစ်လို့ ဘယ်လိုနေထိုင်ပြုမူရမယ် မိန်းကလေးဖြစ်လို့ ဘယ်လိုနေထိုင်ပြုမူသင့်တယ် စသဖြင့် မျှော်လင့်ထားတတ်ကြတာတွေ၊ အမျိုးသမီးနဲ့ အမျိုးသား၊ မိန်းကလေးငယ်များနဲ့ ယောကျ်ားကလေးများအကြား၊ ထို့နည်းတူ အမျိုးသမီးအချင်းချင်း နှင့် အမျိုးသားအချင်းချင်းတို့အကြား မည်သို့မည်ပုံ ပေါင်းသင်းဆက်ဆံရေးလုပ်သင့်တယ်လို့ သဘောထားအမြင် ရှိကြတာတွေ

UN Women, n.d.

ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ “‌အမျိုးသား/ ‌ယောက်ျားလေး” နဲ့ “အမျိုးသမီး/ မိန်းကလေး” ဆိုတဲ့ခွဲခြားမှုအပေါ်မှာပဲ အခြေပြုထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဂျဲန်ဒဖြစ်တည်မှုတွေဆိုတာ မွေးရာပါဖြစ်တည်လာတာမျိုး မဟုတ်ဘဲ လူမှုအသိုင်းအဝိုင်းကနေ သူတို့တွေးမြင်သလို၊ မျှော်မှန်းထားကြသလို သတ်မှတ်လိုက်ကြတာဖြစ်တယ်။ တစ်ဦးချင်းအနေနဲ့ မိမိစိတ်ဆန္ဒရှိတဲ့ ဂျဲန်ဒါဖြစ်တည်မှု အတိုင်းလက်ခံပြီး ပတ်ဝန်းကျင်ရဲ့ သ‌ဘောထားအမြင်တွေကို ဂရုမစိုက်ဘဲ ဝတ်စားပြုမူနေထိုင်ကြတာ ဖြစ်တယ်။ ထိုသို့ ပြုလုပ်ခြင်းဟာ သမားရိုးကျဖြစ်နေတဲ့ ဂျဲန်ဒါဖြစ်တည်မှုအပေါ် ပုံသေကားချပ် သဘောမထားကြရန် တိုက်တွန်းနေပြီး ဂျဲန်ဒါဖြစ်တည်မှုဆိုတာကို ရှုထောင့်အမျိုးမျိုးကနေ စဉ်းစားကြဖို့အတွက် မီးမောင်းထိုးပြခြင်းဖြစ်တယ်။ လူတစ်ယောက်ရဲ့ ဂျဲန်ဒါဖြစ်တည်မှုဆိုတာဟာ သူတို့ကိုယ်တိုင် လက်တွေ့ဖော်ပြမှသာ ဖြစ်တည်မှုကဘာလဲဆိုတာ ပြောလို့ရတဲ့ သဘောမျိုးပါ။ ဆိုလိုတာက ကိုယ်တိုင်မဖော်ပြမချင်း တစ်ဦးတစ်ယောက်ရဲ့ ဂျဲန်ဒါက ဘာလဲဆိုတာသိနေတာမျိုးမဟုတ်ပါ။ ဂျူးဒစ်ဘတ်တလာ(Judith Butler) က လူတွေဟာ မိမိတို့ရဲ့လူမှုပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှုတို့နဲ့ သင့်တင့်လျောက်ပတ်အောင် နေထိုင်ကြရင်းနဲ့မှ ကိုယ့်ရဲ့ ဂျဲန်ဒါဖြစ်တည်မှုကဖြစ်လာရတာပါလို့ ထုတ်ဖော်ပြောဆိုထားပါတယ် (Butler,1997)။ ဂျဲန်ဒါဖြစ်တည်မှုတွေဆိုတာ ဇီဝဗေဒအရ အဆုံးအဖြတ် ပေးခံရတာမျိုးမဟုတ်သလို လူမှုအသိုင်းအဝိုင်းက သတ်မှတ်ထားကြတဲ့ စံနှုန်းတွေဖြစ်တဲ့ ဆန့်ကျင်ဘက်လိင်ကိုသာ စိတ်ဝင်စားတာကိုပဲ အားပေးတယ်၊ အဲတာကပဲ ပုံမှန်ဖြစ်တယ်ဆိုတာလို ကြိုတင်သဘောဆောင်တာမျိုးလည်း မဟုတ်ပါ (ibid)။ ဤသဘော တရားကိုအခြေခံပြီး ဘတ်တလာဟာ ဂျဲန်ဒါကိုအခြေပြုပြီးဖြစ်လာရတဲ့ ဖိနှိပ်ခံရမှုအကြောင်းရင်းတွေ ကိုရှာဖွေဖော်ထုတ်ပြီး ဂျဲန်ဒါ တန်းတူညီမျှရေး ရရှိအောင် အများထောက်ခံမှုရလာအောင်  တိုက်တွန်းပြောဆိုခြင်းနဲ့ ဂျဲန်ဒါနဲ့ လိင်စိတ်တိမ်းညွှတ်မှုမှာ သိသိသာသာကွဲပြားခြင်း မရှိဘူးလို့ ဆိုကြတဲ့ အတွေးအခေါ်ပညာရှင်တွေရဲ့ ဆောင်ရွက်ချက်တွေပေါ်မှာ ထပ်တိုးလုပ်ဆောင်ခဲ့တယ်။

[…]အမျိုးသားဖြစ်လို့၊ အမျိုးသမီးဖြစ်နေလို့ စသဖြင့် လိင်ဖြစ်တည်မှုပေါ်မူတည်ပြီး တန်းတူညီမျှ မဆက်ဆံခံရခြင်းဟာလည်း ဂျဲန်ဒါ ဖြစ်တည်မှုပေါ်မူတည်ပြီး တန်းတူညီမျှအဆက်ဆံ မလုပ်ခံရတဲ့ ပုံစံနဲ့တူတူပဲဖြစ်ပါတယ်။ ‘ကျား’ ဖြစ်ခြင်း၊ ‘မ’ ဖြစ်ခြင်းပေါ်မူတည်ပြီး ပတ်ဝန်းကျင်ကနေ ဘယ်လိုနေထိုင်ပြုမူရတယ်ဆိုတဲ့ သတ်မှတ်ချက်တွေအတိုင်း နေထိုင်ကြရင်းကနေ လူမှုဆက်ဆံရေးတွေမှာ သက်ရောက်မှုတွေရှိလာကြတယ်။ အဲဒီကမှတစ်ဆင့် မညီမျှခြင်းတွေဖြစ်လာတယ်။ (ဘာသာပြန်သူ၏မှတ်ချက် – အမျိုးသမီးနဲ့ အမျိုးသားမှာရှိတဲ့ ပါဝါမညီမျှခြင်း။ ဥပမာ – အမျိုးသားတွေဆိုတာ အိမ်ထောင် ဦးစီး ၊ ဆုံးဖြတ်ချက်ချတာတွေလုပ်ရတဲ့သူဆိုပြီး အယူအဆရှိနေခြင်း) လိင်မှုရေးရာမှာ လည်း ယောကျ်ားနဲ့ မိန်းမရဲ့ ပါဝါကို ခွဲခြားသတ်မှတ်ထားပြီး လူမှုအသိုင်းအဝိုင်းက နားလည်လက်ခံထားတဲ့အတိုင်း ဂျဲန်ဒါအခြေပြုပြီး တန်းတူညီမျှခွင့် မရှိမှုတွေရှိလာပါတယ်

MacKinnon, 1987, pp. 6–7, emphasis ours

ကျွန်ုပ်တို့စာတမ်းအတွက်တော့ လိင်စိတ်တိမ်းညွှတ်မှုဆိုတာ လူတစ်ဦးတ‌ယောက်ရဲ့ အသားပေးစိတ်ဝင်စားမှုလို့ တွေးယူလိုက်တာက အထောက်အကူဖြစ်စေပါတယ်။ အရှေ့တောင်အာရှမှာ ဂျဲန်ဒါအရကော လိင်စိတ်တိမ်းညွှန်းမှုအရပါ အတိတ်သမိုင်းနဲ့ လက်ရှိခေတ်ကာလမှာပါ သိသာတဲ့၊ ပြောင်းလဲနေတတ်တဲ့ သဘောတရားတွေရှိပါတယ် (see for example Bong, 2011, p. 40–41)။ ကွီးယား – လိင်စိတ်တိမ်းညွှတ်မှု၊ လိင်ဝိသေသခံယူမှု၊ လိင်အသွင်အပြင်ဖော်ပြမှုနှင့် လိင်ဝိသေသ လက္ခဏာရပ်များအရ ကွဲပြားသည့်သူများအားလုံးကိုဖော်ပြသည့် စကားလုံး (ဥပမာ – အမျိုးသမီးအချင်းချင်းချစ်ခင်စုံမက်သူ အမျိုးသမီး၊ အမျိုးသားအချင်းချင်းချစ်ခင်စုံမက်သူ အမျိုးသား၊ အမျိုးသမီး အမျိုးသား နှစ်ဦးစလုံးကိုချစ်ခင်စုံမက်သူ၊ မွေးရာပါလိင်နှင့် လိင်ဝိသေသခံယူမှု တစ်ထပ်တည်းမကျသူ (ဆန့်ကျင်ဘက်လိင်လိုပြောင်းလဲခံယူနေထိုင်သူ)၊ ကျား၊ မ သတ်မှတ်မှုဆိုင်ရာ လိင်ဝိသေသလက္ခဏာရပ်များနှင့် ကွဲပြားနေသည့်သူများ၊ လိင်စိတ်တိမ်းညွှတ်မှုနှင့်ပတ်သတ်ပြီး အခြားသူအပေါ် ချစ်ခင်စုံမက်မှု နည်းပါးသူ၊ မရှိသူ) တို့သည် အရှေ့တောင်အာရှတွင် တင်းတင်းကျပ်ကျပ်စောင့်ကြည့်ခံနေကြရပြီး အသုံးချခံများဖြစ်နေကြရသည်။ ‘ကွီးယား’ ဆိုတဲ့စကားလုံးကို ကိုလိုနီတွေရဲ့ အကျိုးစီးပွားအတွက် အတိတ်ကာလတုန်းက ခေါ်ဝေါ်သုံးစွဲခံကြပြီး ယနေ့ခေတ်မှာတော့ စီးပွားရေးအကျိုးအမြတ်ရဖို့အတွက် အသုံးချနေကြတယ်ဆိုတဲ့ ငြင်းခုံပြောဆိုမှုတွေလည်းရှိနေပါတယ် (Lim,2013)။

စင်ကာပူနိုင်ငံတွင်းမှာ လိင်တူစိတ်ဝင်စားခြင်းကို ပြစ်မှုမြောက်စေတဲ့ ပုဒ်မ ၃၇၇ (က) ကို ဖျက်သိမ်းခြင်းကဲ့သို့ တိုးတက်ပြောင်းလဲလာ သ‌ယောင်ထင်ရတဲ့ ခြေလှမ်းတွေရှိပေမယ့် အချို့ဒေသတွေမှာ ကွီယား အကြောင်း ဆွေးနွေးပြောဆိုကြတဲ့အခါ အနောက်တိုင်း အမြင်သဘောထားတွေနဲ့ပဲ အလွယ်လုပ်ပြီး ပြောဆိုဆွေးနွေးကြတယ်။ ဒီလိုပြောဆိုခြင်းတွေဟာ အနောက်တိုင်းလွှမ်းမိုးမှု တွေပါ နေတယ်ဆိုတာကို ပြနေပါတယ်။ ဝမ်းနည်းဖို့ / စိတ်ပျက်ဖို့ကောင်းတာက ကွီးယား အကြောင်းကိုပြောကြတဲ့အခါ “ဖိနှိပ်မှုကနေလွတ်မြောက်ရေးသို့၊ လူမသိသူမသိအဖြစ်မှ ခေတ်မီပြီး အရေးစိုက်ခြင်းခံရတဲ့ လိင်ပိုင်းဆိုင်ရာ အမှတ်သညာဖြစ်ရေး အစရှိတဲ့ အနောက်တိုင်းနိုင်ငံရေးအရစေ့ဆော်မှု” တစ်ခုအဖြစ်သာသဘောထားကြပါတယ်။ အဲဒါကြောင့် ကွီးယား အကြောင်းပြောကြတဲ့အခါ ကိုယ့်ဒေသမှာ သုံးနှုန်းနေကြပြီးဖြစ်တဲ့ (ဥပမာအားဖြင့် kathoey နဲ့ bakla) (p. 98) တို့လို အသုံးနှုန်းတွေကို ဒေသမှုမပြုပဲ သုံးနှုန်းနေကြတာဖြစ်ပါတယ်။ သို့သော်လည်း ဌာနေတွင်းရှိ ဂျဲန်ဒါအမျိုးအစားတွေကို တံဆိပ်တပ်ရန် နဲ့ သရုပ်ခွဲကြည့်ရန် ခေတ်ပေါ်သီအိုရီမူဘောင်များကို အသုံးပြုခြင်းဟာ မှားယွင်းတဲ့ ချဉ်းကပ်ပုံတစ်ခုဖြစ်သွားနိုင်ပါတယ်။ ဌာနေတိုင်းရင်းသားဖြစ်မှုနဲ့ သက်ဝင်ယုံကြည်မှုတို့ကို ထည့်သွင်းစဉ်းစားထားခြင်းမရှိတဲ့ ခေတ်ပေါ်သီအိုရီမူဘောင်တွေဟာ နားလည်မှုလွဲမှားစေခြင်း ကိုဖြစ်စေပါတယ်။

ဂျဲန်ဒါ ၊ ဂျဲန်ဒါ တန်းတူညီမျှရေး ၊ လုပ်ဆောင်မှုများ၊ အစီအစဉ်များအားလုံးမှာ ဂျဲန်ဒါ ရှုထောင့်နှင့် ပေါင်းစည်းပြီး လုပ်ဆောင်ပေးပြီး လူမှုဘဝတစ်လျှောက် ဂျဲန်ဒါ တန်းတူညီမျှမှုရှိရေးကို မြှင့်တင်ရန်အတွက် လုပ်ဆောင်ပေးရေး နဲ့ ဂျဲန်ဒါ အားလုံးပါဝင်ရေးစတဲ့ အကျယ်တပွင့်ပြောဆိုရေးသားချက်၊ဟောပြောချက်တွေ အရှေ့တောင်အာရှမှာ ပေါ်ထွက်လာကြပြီ ဆိုတာ ယနေ့ခေတ်အခါမှာ တွေ့မြင်လာကြပြီဖြစ်ပါတယ်။ သို့ပေမယ့်လည်း ကျွန်ုပ်တို့အနေနဲ့ အောင်ပွဲခံနေဖို့ထက် ဆက်လက်ပြီး ဝေဖန်အကြံပြုနေဖို့ ပိုပြီးလိုအပ်ပါတယ်။ ကောင်းကျိုးများရှိနေသည့်တိုင် ဂျဲန်ဒါနဲ့ဆိုင်တဲ့ ဆက်နွှယ်မှုများကို ချဉ်းကပ်ခြင်းဟာ

[…]လိင်များအကြားက သဘာဝအလျောက် (မွေးရာပါ) တူညီမှုတွေကို မှေးမှိန်အောင်လုပ်လိုက်ပြီး မတူကွဲပြားမှုတွေကို ထင်သာမြင်သာ ပိုဖြစ်အောင် လုပ်လိုက်တဲ့ လုပ်ဆောင်ချက်တွေဖြစ်ကာ […] ဒီလိုလုပ်ဆောင်ခြင်း တွေဟာ အမျိုးသားဖြစ်ခြင်း၊ အမျိုးသမီးဖြစ်ခြင်းဆိုပြီး အုပ်စုနှစ်ခုကွဲ ထွက်သွားစေတယ်။ ဒီလိုအုပ်စုတွေ ဖြစ်လာပြီးတဲ့အလျောက် ဓလေ့ထုံးတမ်းတွေ အရ ယောက်ျားဆန်ဆန်နေထိုင်ပြုမူခြင်း၊  မိန်းမဆန်ဆန်နေထိုင်ပြုမူခြင်းစတဲ့ သတ်မှတ်ချက်လက္ခဏာတွေနဲ့ ပုံသွင်းခံကြရပါတယ်။ ထိုနေထိုင်ပြုမူရမယ့်ပုံစံတွေ ကလည်း အမျိုးသားနဲ့ အမျိုးသမီးမှာ တူညီခြင်းမရှိပဲ ကွဲကွဲပြားပြား ဖြစ်နေရမယ်ဆိုပြီး ပုံသွင်းခံကြရတယ် […]။

Kabeer,1994,p.56

ဒါကြောင့် ဂျဲန်ဒါအကြောင်းဆွေးနွေးမှုတွေဟာ နိုင်ငံရေးဆန်ကိုဆန်သင့်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ဒေသတွင်း ဒီမိုကရေစီနည်းကျ ပါဝင်ဆောင်ရွက်ခြင်းအကြောင်း တွဲဖက်စီမံကိန်းမှာ ဖေးမနစ်ဇင်အကြောင်းကို ပိုမိုအသေးစိတ်ကျကျ ဆွေးနွေးသွားပါမယ်။ ဒေသတွင်းရှိ ဂျဲန်ဒါနဲ့ပတ်သက်သော အနှစ်သာရနဲ့ ဆိုလိုရင်းများကို နားလည်သဘောပေါက်ခြင်းက ဒီမိုကရေစီအပေါ် ဆွေးနွေးတင်ပြချက်များကို အကျယ်တပွင့် ရှင်းလင်းအောင် ပြုလုပ်ရာမှာ အ‌ထောက်အကူဖြစ်စေပါတယ်။ အထူးသဖြင့် ဒီမိုကရေစီရဲ့ ဂျဲန်ဒါရပိုင်ခွင့်နဲ့ ဆက်စပ်ပုံအတွက် အထောက်အကူဖြစ်စေပါတယ်။ သို့သော်လည်း ကျွန်ုပ်တို့ရဲ့ ကိုလိုနီပြုခြင်းခံခဲ့ရတဲ့သမိုင်းဟာ အဆိုပါ ဆက်စပ်မှုများကို မှေးမှိန်သွားစေပါတယ်။

ဥပမာအနေနဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းကို ဂျဲန်ဒါအမြင်မပါဘဲ ကြည့်ခဲ့ကြပါတယ် (Than, 2021) ။ တစ်ခုတည်းသော သုတေသနမှာသာ ကိုလိုနီခေတ်‌နှောင်း ဗမာနိုင်ငံရဲ့ ကိုလိုနီစနစ်၊ ခေတ်ပေါ်အခြေအနေနဲ့ အမျိုးသားရေးစိတ်ဓာတ်တို့အပေါ် ဆွေးနွေးချက်ကို ဂျဲန်ဒါနောက်ခံထားပြီး လေ့လာသုံးသပ်ခဲ့ပါတယ် (Ikeya, 2006) ။ အမျိုးသမီးများအနေနဲ့ ဆုံးဖြတ်ချက်ချရာမှာ ပါဝင်ခွင့်၊ ပညာသင်ကြားခွင့်နဲ့ နိုင်ငံရေးအတွင်းကိုယ်စားပြုမှုရနိုင်ခွင့်တို့အပေါ် သူတို့ရဲ့ရုန်းကန် လှုပ်ရှားမှုများမှတဆင့် ထုတ်ဖော်ပြသလာတဲ့ အများပြည်သူဆိုင်ရာနဲ့ ပုဂ္ဂလိကဆိုင်ရာ ရပ်ဝန်းနှစ်ခုလုံးမှာ အမျိုးသမီးတွေကို မေ့ဖျောက်ထားခံရမှု (Ibid.; Feminism in Asia, FES) နဲ့ ပတ်သက်တဲ့ မေးခွန်းထွက်ပေါ်လာစေတဲ့အခါ ဒီဆွေးနွေးချက်ဟာ ဖမေးနစ်ဇင်နဲ့ မုချဆက်နွှယ်လာပါတယ်။ ရှေးရိုးစွဲ တွေးခေါ်စဉ်းစားမှုတွေဟာ ဖေးမနစ်လှုပ်ရှားမှုတွေကို လွှမ်းမိုးနိုင်ကြောင်းကို ကျွန်ုပ်တို့အနေနဲ့ သတိမူမိတဲ့အတွက် ကျွန်ုပ်တို့ရဲ့ သုတေသနအရ ကိုလိုနီစနစ်တိုက်ဖျက်ရေး ဖေးမနစ်ဇင်ရဲ့ အခြေခံသဘောတရားတွေနဲ့ ချဉ်းကပ်ပြီးလေ့လာမှုပြုထားပါတယ်။

[…]ကိုလိုနီစနစ်ဆန့်ကျင်ရေးဖေးမနစ်ဇင်ဆိုတာ လူမျိုးရယ် လိင်တိမ်းညွှတ်မှုရယ် လူတန်းစားရယ်ဆိုတာမျိုး မခွဲခြားဘဲ ဖိနှိပ်ခံရမှုတွေကို တစ်စုံလုံးအမြင်နဲ့ ရှုမြင်တဲ့ ဖေးမနစ်ဇင်ဖြစ်ပါတယ်။

Vergès, 2021, p. 43”7

ကျွန်ုပ်တို့ ၏ ဦးတည်ရာ

သတင်းကဏ္ဍမှာတော့ ရေးသားဖြန့်ဝေလိုက်တဲ့ စာတမ်းစာစောင်မှာရော သတင်းလိုက်ပြီးရေးသားပြုစုတဲ့အဆင့်မှာရော ဂျဲန်ဒါနဲ့ပတ်သတ်တဲ့အရေးအရာကို အဓိကကျတဲ့အချက်တစ်ခုအဖြစ်နဲ့ အသိအမှတ်ပြုထည့်သွင်းရန် မကြာခဏဆိုသလို မေ့မေ့လျော့လျော့ ရှိတတ်ကြပါတယ်။ဂျဲန်ဒါအရေးအရာကို ပုံသေမှတ်ယူလို့မရပါဘူး (Skidmore, 1998). ။ ဂျဲန်ဒါဆိုတာ နောက်ခံအကြောင်းအရာ နဲ့ အခြေအနေတွေပေါ်မူတည်ပြီး ဖော်ပြပုံပြောင်းလဲတတ်ပါတယ်။ ဒီအချက်က ဘာလို့အရေးကြီး တာလဲဆိုတော့ ‘ကျွမ်းကျင်ပိုင်နိုင်မှု’ လို့ပြောဆိုကြတဲ့အခါ ‘ယောကျ်ားဆန်ခြင်းဆိုတဲ့ စရိုက်လက္ခဏာရှိမှု’ တွေနဲ့ ချိတ်ဆက်ပြီး တွေးတတ်ကြလို့ဖြစ်တယ် (de Bruin, 2000). ။ (အထူးသဖြင့် ဂျာနယ်လစ်ဇင်မှာ) ယောကျ်ားဆန်မှုရှိခြင်း ဆိုတာကြီးဟာ ‘ကျွမ်းကျင်ပိုင်နိုင်မှု’ အပေါ်မှာ လွှမ်းမိုးမှုရှိနေတယ်။ အဲလိုမျိုးအတွေးရှိပြီးတော့ လုပ်ငန်းလုပ်တဲ့အခါ ဂျဲန်ဒါ အမျိုးအစားတွေပေါ်မူတည်ပြီး လူတွေရဲ့ လုပ်ငန်းခွင်က မျှော်လင့်ချက်တွေက ကွဲပြားသွားကြတယ် ။ (ဘာသာပြန်သူ၏မှတ်ချက် – ဥပမာ – အမျိုးသားတွေဆို အကြီးတန်းရာထူးတွေမှာ ရှိသင့်တယ် ၊ သူတို့ကပိုပြီး အရည်အချင်း ရှိရှိစွမ်းဆောင်နိုင်လို့ ဆိုတာမျိုး)။

ကျွန်ုပ်တို့ရဲ့ အဖွဲ့တွင်းဆွေးနွေးချက်များမှနေ၍ ဖယ်ကျဉ်ခံထားရသော ဂျဲန်ဒါတွေနဲ့ လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှုတွေရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ အတွေ့အကြုံတွေကို မီးမောင်းထိုးပြမှာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ လုပ်ငန်းအတွေ့အကြုံတွေကို နားလည်ရုံတင်မကဘဲ လိင်စိတ်တိမ်းညွှတ်မှုနဲ့ ဂျဲန်ဒါဝိသေသန အမျိုးအမည် အများအပြားကွဲနေတဲ့ ပါဝင်လုပ်ဆောင်သူတွေရဲ့ လုပ်ငန်းအတွေ့အကြုံတွေကိုပါ နားလည်စေမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ ကွီးယားဖြစ်တဲ့ (ကျားမဘောင်တွင်းမဝင်တဲ့) သတင်းစာသမားတွေကို ရှာတွေ့နိုင်မယ်ဆိုရင် မီဒီယာအတွင်း သူတို့ရဲ့ပါဝင်မှုကို မေးမြန်းနိုင်သလို အမျိုးသမီး ဂျာနယ်လစ်တွေကိုလည်း အိမ်ထောင်ထိန်းသိမ်းရေးတာဝန်တွေကြောင့် ကြုံတွေ့လာရတဲ့ စိန်ခေါ်မှုတွေကို မေးမြန်းနိုင်ပါတယ်။

ကဏ္ဍခွဲများ

အကြိုစာတမ်းသုံးသပ်ချက်၊ အကြောင်းအရာနဲ့သက်ဆိုင်တဲ့ ကျွမ်းကျင်ပညာရှင်များဖြင့် ဆွေးနွေးမှုနဲ့ အဖွဲ့တွင်း ပြန်လည်သုံးသပ်ခြင်းတို့အပေါ်မူတည်ပြီး ကျွန်ုပ်တို့ရဲ့ မေးမြန်းမှုတွေကို ပုံဖော်ပေးမယ့် အဓိကကဏ္ဍခွဲ ငါးခုကို ချမှတ်ထားပါတယ်။ အချို့အချက်များကတော့ အလွန်ကျယ်ပြန့်နေနိုင်ပြီး အချို့အချက်များကတော့ ပိုကျဉ်းမြောင်းနေ နိုင်ပေမယ့် ကဏ္ဍခွဲတစ်ခုစီနဲ့ သက်ဆိုင်တဲ့ မေးခွန်းများကို မေးမှာဖြစ်ပါတယ်။ သို့သော် လေ့လာသုံးသပ်ချက်တွေကနေတဆင့် ကွဲပြားတဲ့ကဏ္ဍခွဲတွေ ထွက်ပေါ်လာကာ ကျွန်ုပ်တို့အနေနဲ့ ဒေသတွင်း သဘောထား အမြင်အမျိုးမျိုးကို ပိုမိုစုဆောင်းလာနိုင်ပါလိမ့်မယ်။

၁။ စနစ်နှင့် တည်ဆောက်မှုပုံစံအရ ထည့်သွင်းစဉ်းစားစရာများ

စနစ်နဲ့ တည်ဆောက်မှုပုံစံအရရှိနေကြတဲ့ (ဥပမာအားဖြင့် အင်စတီကျူးရှင်းများ၊ နိုင်ငံရေးအရဖိနှိပ်ထားမှုများ၊ သဘောတရားတွေးခေါ်မှုများနဲ့ စီးပွားရေးစနစ်တို့မှတစ်ဆင့်) ဂျဲန်ဒါရဲ့ဖြစ်တည်မှု၊ ဂျဲန်ဒါဆိုင်ရာတာဝန်တွေနဲ့ ၎င်းတို့နှင့်သက်ဆိုင်တဲ့ ဆွေးနွေးချက်များအပေါ် ယဉ်ကျေးမှုရှုထောင့်အရ ဘယ်လိုမျိုး ယှက်ဖြာဆက်နွယ်နေပြီးတော့ ဘယ်လိုမျိုး တွေးမြင်စေပြီး ထိုအတွေးအမြင်တွေနဲ့ လူတွေကို ကျင့်သားရအောင်ပြုမူထားသလဲ။ ဒီကိစ္စတွေကို သမိုင်းတစ်လျှောက်မှာ အတုအ‌ယောင်သိပ္ပံ‌ပညာက ဘယ်လိုမျိုး သက်သေတွေထောက်ပံ့ပေးထားပြီးတော့ လူမျိုးကဲ့သို့ အခြားသော လူလုပ်ဘောင်တွေနဲ့ ဘယ်လိုဆက်စပ် ယှက်ဖြာနေကြသလဲ (Gilbert, 2021) ။ နိုင်ငံပိုင်မီဒီယာမှာလုပ်ကိုင်နေတဲ့ အလုပ်သမားတွေကိုထိန်းချုပ်မှုပုံစံပြောင်းလဲဖို့ ကြိုးပမ်းမှုများဖြစ်ကြတဲ့ ‘နေ့စဉ် လုပ်ဆောင်ချက်တွေမှာ သိမ်မွေ့ပြီး ဗျူဟာကျတဲ့လုပ်ဆောင်ချက်တွေနဲ့ အစပြုပြီး ဖိနှိပ်ခံရမှုတွေကို စိန်ခေါ်တဲ့ နည်းလမ်းကိုသုံးပြီး အန္တရာယ်များနိုင်တဲ့ ထိပ်တိုက်တွေ့ခြင်းကိုလျော့ချပြီး လုပ်ဆောင်ခြင်းများ’ သို့မဟုတ် ‘လူထုပူးပေါင်းပါဝင်မှုပုံစံ’ (Scott, 1985, p. xvi) နဲ့ စနစ်ကိုအပြောင်းအလဲဖြစ်အောင်လုပ်ဖို့ လုပ်ကြမှာလားဆိုတဲ့ မေးခွန်းများကို မေးနိုင်မှာဖြစ်တယ်။

အရင်းရှင်စနစ်နဲ့ နီယိုလစ်ဘရယ်ဝါဒတွေဟာ လေ့လာသုံးသပ်ချက်ပြုလုပ်ရာမှာ သော့ချက်ကျတဲ့အပိုင်းတွေဖြစ်ပါတယ်။ ဂျာနယ်လစ်ဇင်မှာ ဖေးမနစ်နဲ့ ဂျဲန်ဒါအကဲဆတ်တဲ့လေ့လာမှုများရှိဖို့အတွက် ပိုပြီးစိုးရိမ်မှုတွေရှိလာပါတယ်။ သတင်းကဏ္ဍတွေရဲ့ ပိုင်ဆိုင်မှု အထူးသဖြင့် ဒေသတွင်း၊ နိုင်ငံတွင်းနဲ့ နိုင်ငံတကာမှာ ကြီးထွားလာတဲ့ စုစည်းမှု၊ စီးပွားရေးကော်ပရေးရှင်းကြီးတွေရဲ့ ဖွဲ့စည်းတည်ထောင်မှုကြီးထွားလာတာစုဖွဲ့ခြင်းနဲ့ ပေါင်းစပ်ခြင်းတို့ကြောင်း ဖြစ်ပါတယ် (example, Carter et al., 1998)။ ဒီဆွေးနွေးချက်မှာ ဂျဲန်ဒါဆိုင်ရာအတွေးအမြင် ပါဝင်ပါတယ်။ သတင်းကဏ္ဍဟာ အများအားဖြင့် အမျိုးသားများရဲ့ ပိုင်ဆိုင်မှု၊ဆုံးဖြတ်မှု အောက်မှာ ရှိနေပြီးတော့ ဆယ်စုနှစ်ပေါင်းများစွာ ၎င်းတို့ရဲ့ အကျိုးစီးပွားဖြစ်စေဖို့ ပုံဖော်ခဲ့တာကြောင့် အမျိုးသမီးများရဲ့ အကျိုးစီးပွားနဲ့ အသံများကို ဖယ်ချန်ထားကြပါတယ် (Byerly, 2013b)။

ဖေးမနစ်ဖြစ်တဲ့ မီဒီယာပိုင်းဆိုင်ရာတက်ကြွလှုပ်ရှားသူတွေဟာ သတင်းကဏ္ဍအတွင်းက သတင်းထောက်လှမ်းခြင်းနဲ့ တည်းဖြတ်ခြင်းတာဝန်တွေမှာ အလုပ်ရခွင့် ပိုမိုပေးဖို့ တောင်းဆိုနေကြသလိုပဲ ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှုနဲ့ ကိုယ်စားပြုမှု ကိစ္စရပ်တွေကိုလည်း စူးစမ်းဖော်ထုတ်နေကြပါတယ်။ သို့သော် ထိုကဲ့သို့ နီယိုလစ်ဘရယ်ဆန်ဆန် ပြဋ္ဌာန်းထားတဲ့ “အမျိုးသမီးထုအခွင့်အရေး” ဆိုတာဟာ “တော်လှန်ရေးလှုံ့ဆော်မှုတွေ” ကနေ သွေဖည်သွားစေပြီး ၎င်းအစား “လူဖြူ‌ယောက်ျားတွေကို လူဖြူကြီးစိုးမှုက ပေးထားတဲ့ အခွင့်ထူးတွေထဲက အညီအမျှခွဲတမ်း” ကိုသာတောင်းဆိုသလို ဖြစ်နေပါတယ်(Vergès, 2021, p. 34)။.

တကယ်တော့ ၁၉၇၀ ပြည့်နှစ်များနောက်ပိုင်းရှိ ကမ္ဘာလုံးဆိုင်ရာဖေးမနစ်ဇင် နောက်ခံနဲ့အတူ အမျိုးသမီးများရဲ့ စာနယ်ဇင်းပညာရပ်နဲ့ ဆက်နွှယ်ပုံ တိုးတက်ပြောင်းလဲမှုဖြစ်စဉ်ဟာ ခေတ်ပေါ်လစ်ဘရယ်ဆိုင်ရာ နိုင်ငံ‌ရေးနဲ့ စီးပွားရေးမူဝါဒများထွန်းကားချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ထို့ကြောင့် နက်ရှိုင်းစွာ ဂျဲန်ဒါအမြင်ရှိတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ပြန်လည်တည်ဆောက်ထားတဲ့ မီဒီယာလုပ်ငန်းများကို ပေါ်ပေါက်စေခဲ့ပါတယ် (Byerly, 2013a)။ ဖေးမနစ်ဇင်ဟာလည်း “တစ်ဦးတ‌‌စ်ယောက်စီရဲ့ ဆုံးဖြတ်စွမ်းဆောင်နိုင်စွမ်းကို ကြိုးစားလုပ်‌ဆောင်ခြင်းဖြင့် အမူအကျင့်ကို ပြောင်းလဲဖို့ ကြိုးစား” ပြီး “လူတိုင်းကို အရင်းရှင်တ‌စ်ယောက်က အခြားအရှင်းရှင်တ‌စ်ယောက်ကို ယှဉ်ပြိုင်နေသကဲ့သို့ သဘောတရားအရပုံဖော်” တဲ့ နီယိုလစ်ဘရယ်ဝါဒရဲ့ အသုံးချခြင်းကို ခံလိုက်ရပါတယ် (Rafael, 2022, pp. 27–28) ။ 

နီယိုလစ်ဘရယ်နှုန်းစံတွေဟာ မူလပုံစံအရ‌တော့ စီးပွားရေးဆန်တာ တစ်မျိုးတည်းမဟုတ်ပါဘူး။ နိုင်ငံရေးသဘောတရားပါ ပါဝင်ဖွဲ့စည်းထားပါတယ် (Saraswati, 2021)။ ၎င်းမှာ ဒီမိုကရေစီနည်းကျ ပါဝင်ဆောင်ရွက်မှုတွေကို အားနည်းစေပြီး ရွေးကောက်ပွဲများ ဆက်ရှိနေရုံအဆင့်ထိ လျော့ချနိုင်တဲ့ အစွမ်းအစရှိပါတယ် (Heryanto and Mandal, 2003)။8 အဆိုပါအခြေအနေများဟာ နိုင်ငံရေးအရကန့်သတ်ချုပ်ချယ်ခြင်းများနဲ့ အံဝင်ခွင်ကျဖြစ်နေပြီး စစ်အေးကာလ အရွေ့အပြောင်းများနဲ့ နက်ရှိုင်းစွာ ချိတ်ဆက်ထားပါတယ် (Watson, 2021)။ ဒီလိုနောက်ခံသဘောတရားများကြားမှာ လူမှုစနစ်ပုံဖော်တဲ့ (သို့မဟုတ် အ‌နောက်တိုင်း) ဖေးမနစ်ဇင်ကို မွေးမြူကျင့်သုံးလိုက်ရုံနဲ့ မလုံလောက်ပါဘူး။

အနောက်တိုင်းဖေးမနစ်ဇင်ဟာ သူ့ဘာသူကို အဟန့်အတားတစ်ခုဖြစ်နေပါတယ်။ အနောက်တိုင်းဖေးမနစ်ဇင်လှုပ်ရှားမှုဟာ အရင်းရှင်စနစ်ထဲကို တိုးဝင်စီးမျောဖို့ လမ်းညွှန်ပေးနေပြီး ယောကျ်ားတွေအတွက် လိင်မှုဆိုင်ရာသားကောင် အဖြစ်ရောက် စေခိုင်းရာကျပြီး မတရားဖိနှိပ်ခြင်းခံရမှုတချို့ကို အလေးထားလျက်ရှိပါတယ်။ ဒီလိုသဘောတရားတွေသက်ရောက်နေခြင်းက ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ဂျဲန်ဒါတန်းတူညီမျှရေးနဲ့ တန်းတူညီမျှရေးအတွက် လှုပ်ရှားဆောင်ရွက်မှုတွေ အားကောင်းစေရေး စသည်တို့အတွက် အဟန့်အတားကြီးဖြစ်နေပါတယ်။

Vergès, 2021, p. 27

အ‌‌ရှေ့တောင်အာရှကိုပဲတည့်တည့်ကြည့်မယ်ဆိုရင် အာဏာကိုနားလည်ရပုံက ထင်ထားသလောက် မရိုးရှင်းပါဘူး။ ဆိုနီယာရန်ဟာဝါ (Sonia Randhawa,2022) ရဲ့ ၁၉၈၀-၁၉၉၀ ပြည့်နှစ်များအတွင်းက မလေးဘာသာစကားအသုံးပြုတဲ့ သတင်းရုံးခန်းတွေကို လေ့လာထားချက်မှာ  လွှမ်းမိုးချုပ်ကိုင်ထားမှုအကြောင်း အသုံးဝင်တဲ့ အတွင်းကျကျ ဆန်းစစ်မှု တွေ ပါဝင်ပါတယ်။ အထူးသဖြင့် မလေးရှားနိုင်ငံရဲ့ အာဏာရှင်စနစ်နဲ့ နီယိုလစ်ဘရယ်ဝါဒ အကြောင်းတွေဖြစ်ပါတယ်။ နိုင်ငံ့အာဏာဟာ  အထက်မှအောက်သို့ ဖွဲ့စည်းပုံထဲ အပြည့်အဝစီးဆင်းတာ မဟုတ်ပေမယ့် သတင်းကဏ္ဍကဲ့သို့ အင်စတီကျူးရှင်းများကြောင့် တရားဝင်မှုရှိတယ်လို့ တွေးထင်နိုင်ကြပါတယ်။ ဆင်ဆာဖြတ်ခြင်းကတောင်မှ ရှေ့နောက်ဆီလျော်မှုမရှိပါဘူး။ နိုင်ငံရေးအကြောင်းအရာပိုင်းမှာ အလုပ်လုပ်တဲ့ အမျိုးသမီးများဟာ စာရေးတတ်မယ်လို့ သတ်မှတ်ခံထားရတဲ့အတွက် အခြားသော လူ့အသိုင်းဝိုင်းကဖယ်ကျဉ်ခံထားကြရတဲ့ အမျိုးသမီးအုပ်စုတွေလောက် ဆင်ဆာဖြတ်ခြင်းမခံရပါဘူး (Randhawa,personal communication)။

တခြားသောအချိန်တွေမှာ နိုင်ငံ့အာဏာကိုကြောက်ရွံ့မှုထက် ပရိသတ်ရဲ့ တုံ့ပြန်ပုံနဲ့ ဝိသေသလက္ခဏာတွေပေါ် မသေချာမှုကြောင့် (ဥပမာအားဖြင့် စင်ကာပူနိုင်ငံရှိ ရုပ်မြင်သံကြားထုတ်လုပ်ရေးမှာ) (Fong, 2022) ကိုယ့်အသုံးအနှုန်းကို ကိုယ်တိုင်ပြန်ပြီး ဆင်ဆာဖြတ်ခြင်း (ဂျူးဒစ်ဘတ်တလာဆိုလိုတဲ့သဘောတရား) လည်း ပြုလုပ်တတ်ကြပါတယ်။ နောက်ဆုံးအနေနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ထုတ်ဝေသူတွေဟာ အာဏာပိုင်တွေအကြိုက်လိုက်ခြင်းနဲ့ သတင်းစာလွတ်လပ်ခွင့် ကိုအသုံးချခြင်းတို့ကို ဟန်ချက်ညှိခဲ့ပါတယ်။ သို့သော် မာကို့(စ)စီနီယာ အစိုးရခေတ်မှာတော့ “ဘေးကင်းတဲ့နယ်မြေတွေ”ဘာသာပြန်သူ၏မှတ်ချက် – နိုင်ငံရေးနဲ့ နှီးနွှယ်မှုမရှိတဲ့ နယ်ပယ်တွေ” (အနုပညာ၊ စာပေဝေဖန်ရေး၊ ဖက်ရှင် အစရှိသဖြင့်) ကနေထွက်ပေါ်လာတဲ့ အမျိုးသမီးစာရေးဆရာမတွေဟာ နိုင်ငံရေးဖြစ်စဉ်အတွက် ခြိမ်းခြောက်မှုဖြစ်လာနိုင်တယ်ဆိုတဲ့ အယူအဆတွေ ဆက်တိုက်ဆိုသလိုဖြစ်လာပြီး ပစ်မှတ်ထားခြင်းခံလာရကာ ၎င်းတို့ရဲ့ ရာထူးတာဝန်များကနေ ဖယ်ရှားခံလာရပါတယ် (Briscoe, 2019)။

၂။ လုပ်ငန်းထဲကဘဝများ

စနစ်နဲ့ တည်ဆောက်ပုံတွေဟာ လုပ်ငန်းခွင်ထဲက မီဒီယာသမားတွေရဲ့ ဖြတ်သန်းရတဲ့အတွေ့အကြုံတွေကို တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ အလွတ်သဘောဆောင်တဲ့ဓလေ့နဲ့ စည်းမျဉ်းတွေထဲ ပေါင်းထည့်ထားတဲ့ လူမှုရေးဆိုင်ရာ အလေ့အထတွေကို အဖွဲ့အစည်းထဲက လူပုဂ္ဂိုလ်တွေက ထိန်းသိမ်းထားကြတာ ဖြစ်ပါတယ်။ ဒီစာပေအများစုက အမျိုးသမီးတွေ (ဒါတောင်မှ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတဲ့အမျိုးသမီးတွေပဲ) ရဲ့ အတွေ့အကြုံတွေကိုပဲ အာရုံစိုက်ထားကြပုံပါပဲ။ ဒါကြောင့် ပိုမိုကျယ်ပြန့်တဲ့ ဂျဲန်ဒါဆိုင်ရာအတွေ့အကြုံတွေကို လေ့လာမှုဟာ အနည်းအကျဉ်းမျှသာ ရှိပါသေးတယ်။ သို့သော် အလုပ်ရနိုင်ခြေဟာ ဥပဒေကြောင်းအရ ပိုမိုကန့်သတ်ခံထားရတဲ့အခါမျိုးမှ လက်ရှိမြင်ရတဲ့ ရှေ့ရေးဟာ စိတ်ဓာတ်ကျစရာဖြစ်နေပါတယ်။

မလေးရှားနိုင်ငံတွင် ဥပဒေအရ သတ်မှတ်ပေးနိုင်မှု မရှိခြင်းနဲ့ ဆက်စပ်ပြီး လိင်ပြောင်းထားသူအများအပြားကို အလုပ်ခန့်အပ်ခြင်းမှ ငြင်းဆိုခဲ့ကြပါတယ် (I don’t want to change myself, 2022)။ ဥပဒေအရပြဋ္ဌာန်းချက်မရှိစေကာမူ သူတို့ရဲ့ ဂျဲန်ဒါဖြစ်တည်မှုတွေကို အသိအမှတ်ပြုပေးခြင်း/မပြုပေးခြင်း ဆိုတာတွေဟာ တချို့ကိစ္စတွေမှာ အလွန်အရေးကြီးလှပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ကျားမဆိုတဲ့ဂျဲန်ဒါဘောင်ထဲမဝင်တဲ့ စာနယ်ဇင်းသမား တစ်ယောက်ဟာ သူအလုပ်လုပ်နေတဲ့ ဂျာနယ်/သတင်းစာတိုက်က မတူကွဲပြားတဲ့ ဂျဲန်ဒါဖြစ်တည်မှုတွေ အသိအမှတ်မပြုပေးဘူး၊ နားလည်ခြင်းမရှိဘူး ဆိုရင် အဲဒီ စာနယ်ဇင်းသမားရဲ့ တင်ပြမှုတွေ နဲ့ အသံဟာ လျစ်လျူရှုခြင်းခံနေရမှာပဲဖြစ်တယ်။

စာစဉ်အတွဲ ၁ နဲ့ အတွဲ ၂ မှာပါဝင်တဲ့ အတွေးအမြင်များအရ ဆိုးကျိုးဖြစ်စေတဲ့ ဖြစ်စဉ်အမျိုးမျိုးကို အမျိုးအမည်သတ်မှတ်ခဲ့ပါတယ်။ အပြောအဆိုနဲ့ဖြစ်စေ အခြားပုံစံနဲ့ဖြစ်စေ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခြင်း၊ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုများအတွက် ပြန်လည်ကုစားပေနိုင်မယ့် ယန္တရားတစ်ခုမရှိခြင်း၊ အသက်အရွယ်အရ ခွဲခြားဆက်ဆံခြင်း၊ အမျိုးမျိုးသောလက်စားချေခြင်း၊ လစာကွာဟခြင်း၊ ရာထူးတိုးအခွင့်အရေးများတွင် ခွဲခြားထားခြင်းနဲ့ အချို့သော အလုပ်တာဝန်များတွင် ချုပ်ချယ်ထားခြင်း သို့မဟုတ် ဖယ်ထုတ်ထားခြင်းတို့ဖြစ်ပါတယ်။ အဆိုပါတွေ့ရှိချက်များဟာ တံဆိပ်ဆွဲကပ်ထားတဲ့ အလုပ်တာဝန်တွေကြောင့် အမျိုးသမီးများအနေနဲ့ ကန့်သတ်ခံထားရပြီး နိုင်ငံအနှံ့အပြားမှာ အလုပ်ခွင်တွင်း ရှေ့ရေးမသေချာမှုတွေ၊ ပိုမိုနည်းပါးတဲ့လစာတွေနဲ့ ဂျဲန်ဒါအရ ခွဲခြားဆက်ဆံခံရမှုတွေ စသည်တို့ကို ကြုံတွေ့နေရပုံ (Inside the News, 2015) နဲ့ ကိုက်ညီနေပါတယ်။ထိုကဲ့သို့ ထိပါးနှောင့်ယှက်ခြင်းများကို ဂျဲန်ဒါ အယူအဆအနေနဲ့ အရင် ဦးဆုံးနားလည်ရန်လိုအပ်ပြီး အဖြစ်ဆိုးအမျိုးမျိုးကနေ လွတ်မြောက်ရှင် သန်လာသူတွေကိုလည်း အသိအမှတ်ပြုပေးပြီး ထုတ်ဖော်ဖွင့်ဟပြောဆိုခွင့်ပေးရန်မှာလည်း အရေးကြီးလှပါတယ် (Hänel, 2020)။

ဒီသက်ရောက်မှုတွေက ဂျာနယ်လစ်ဇင်နဲ့ သတင်းကဏ္ဍအနေနဲ့ပါ ပါဝါဆက်သွယ်ချက်မှာ သဘောတရားဖော်ဆောင်နေပုံနဲ့ ဆက်နွယ်နေနိုင်ပါတယ် (de Bruin, 2000)။

နေ့စဉ်သတင်းရုံးခန်းတွင်းယဉ်ကျေးမှုမှာတော့ ဖိုကြီးစိုးတဲ့စကားလုံးများနဲ့သာ ဖော်ပြလျက်ရှိပါတယ်။ စာနယ်ဇင်းအလုပ်အကိုင်များကို ရရှိလာတဲ့အမျိုးသမီးအရေအတွက်ဟာ အံ့ဩဖွယ်တိုးတက်လာပေမယ့် လူလတ်တန်းစား အမျိုးသားများကသာ လုပ်ပိုင်ခွင့်အာဏာရှိတဲ့ ရာထူးများကို ဆက်လက်လွှမ်းမိုးထားဆဲ ဖြစ်ပါတယ် (Carter et al., 1998)။ ယခုကဲ့သို့ မီဒီယာကို “မိန်းမဆန်အောင်ပြုလုပ်ခြင်း” (feminisation) (ဘာသာပြန်သူ၏မှတ်ချက် – လုပ်ငန်းခွင်တစ်ခုမှာ အမျိုးသမီးဝန်ထမ်းပိုပြီးခန့်အပ်လိုက်တာနဲ့ ဂျဲန်ဒါတန်းတူညီမျှရေး သို့မဟုတ် ဝန်ထမ်းတွေအားလုံးအပေါ်ကို ဆက်ဆံရမှာပိုမိုကောင်းမွန်လာမယ်ဆိုတာမျိုး အမြဲတစေ သတ်မှတ်လို့မရပါဘူး။ ဥပမာအားဖြင့် တချို့သော အခြေအနေတွေမှာ အလုပ်သဘောအရ သိပ်ပြီးခိုင်မာမှုမရှိတဲ့ ရာထူးနေရာမျိုးမှာ အမျိုးသမီးဝန်ထမ်း တွေပိုမိုတိုးမြှင့်ခန့်ထားပြီး လွယ်လင့်တကူ ဖြုတ်ချခံရနိုင်တာမျိုးနဲ့လည်း ကြုံရတတ်ပါတယ်။) ဟာ မဖြစ်မနေ လွတ်မြောက်အောင် ပြုလုပ်နေတာလို့တော့ ပြောလို့မရပါဘူး။ ဘာလို့လဲဆိုတော့ ထိုကဲ့သို့ ပြုလုပ်ခြင်းကို “ရာထူးနိမ့်နိမ့်၊ လစာနည်းနည်းနဲ့ အာမခံချက်မရှိတဲ့ လုပ်ငန်းခွင်အနေအထားတွေနဲ့” ရှိနေနိုင်တာကြောင့်ဖြစ်ပါတယ် (Djerf-Pierre, 2020, p. 153) ။

မီဒီယာအလုပ်ခန့်အပ်မှုမှ အမျိုးသမီးများကို ဖယ်ကျဉ်ထားခြင်းဟာ တန်းတူညီမျှမှုမရှိခြင်းရှုထောင့် တစ်ခုတည်းကပဲ စိုးရိမ်ဖွယ်ကောင်းတာမဟုတ်ဘဲ ထိုကဲ့သို့ ဖယ်ကျဉ်ခြင်းဟာ ထိပါးနှောင့်ယှက်မှုနဲ့ လိင်အရခွဲခြားဆက်ဆံခြင်းကို အားပေးအားမြှောက်ပြုတဲ့အတွက် ၎င်းတို့ (အမျိုးသမီးများ) အနေနဲ့ အလုပ်သမားတစ်ဦးအဖြစ် ကိုယ့်ကိုယ်ကိုလေးစားမှုကို ထိခိုက်နိုင်ပါတယ် (Skidmore, 1998)။ ဟောင်ကောင်မှ လေ့လာချက်တခုအရ စာနယ်ဇင်းလောကရှိ တည်ဆောက်ပုံအရ မညီမျှမှုတွေနဲ့ မိသားစုနဲ့ အလုပ်ကြားက တင်းမာမှုတွေဟာ အမျိုးသမီးစာနယ်ဇင်းသမားတွေထံမှာ ရှိနေပြီး ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံတွေကတော့ ထည့်သွင်းစဉ်းစားရမယ့်အချက်အမျိုးမျိုး (ဥပမာ – ကြီးကြပ်သူ၊ လူတန်းစား၊ အသက်နဲ့ လုပ်ငန်းခွင်ပြိုင်ဆိုင်မှု) ပေါ် မူတည်နေတယ်လို့ ဆိုထားပါတယ် (Tsui and Lee, 2011)။

အမျိုးသမီးသတင်းထောက်များအနေနဲ့ အချို့သောအကြောင်းအရာတွေကို တင်ဆက်ပုံဟာ အမျိုးသားများနဲ့ ကွာခြားပေမယ့် အမျိုးသမီး တည်းဖြတ်သူတွေအနေနဲ့တော့ “အမျိုးသားတွေရဲ့ အတွေးအမြင်ပါတာတွေကို အလေးပေးဖော်ပြတဲ့” စံနှုန်းများကို ပိုလက်ခံကျင့်သုံးတတ်တဲ့အတွက် (အလုပ်အတွင်း) ဂျဲန်ဒါအရ သိသိသာသာကွဲပြားမှုဟာ ပျောက်ရှနေပါတယ်။ ခွဲခြားဆက်ဆံမှုရှိနေပါလျက် “အမျိုးသမီးများဟာ ခွဲခြားဆက်ဆံမှုရှိ နေပါတယ်ဆိုတာကို အသိအမှတ်ပြုဖို့ ဝန်လေးနေကြရ” ပုံကိုလည်း လေ့လာတွေ့ရှိရပါတယ် (Randhawa, 2022, p. 45)။ သတင်းစာ စာတည်းအဖွဲ့တွင်း (အမျိုးသမီးတွေပါဝင်မှုမှာ) တွေ့ရတဲ့ ဘာမှမပြောပလောက်သော လွှမ်းမိုးနိုင်မှု ပေးထားခံရခြင်းသဘောတရားလိုပဲ သတင်းကဏ္ဍရဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ ရာထူးနေရာတွေမှာ အမျိုးသမီးများရှိနေခြင်းက အင်စတီကျူးရှင်းတစ်စုံလုံးကို ပြောင်းလဲနိုင်ဖို့အတွက် မလုံလောက်ပါဘူး (Shor et al., 2015)။ သို့သော်လည်း သတင်းရုံးခန်းများအတွင်း ဂျဲန်ဒါကို သီအိုရီသဘောတရားအနေနဲ့ ကျင့်သုံးကြတဲ့အခါ ဓလေ့ထုံးတမ်းတွေနဲ့ ပုံသေကားချပ်လိုမှတ်ယူထားခြင်းခံရတဲ့ ဂျဲန်ဒါကဏ္ဍ(ကျား ၊ မ နှစ်မျိုးပဲရှိတယ်ဆိုတာမျိုး)တွေကို အရမ်းရိုးရှင်းအောင် လုပ်တာ ဒါမှမဟုတ် အရမ်းရှုပ်ထွေးသွား အောင်လုပ်တာမျိုးကိုရှောင်ရပါ့မယ်။ ဂျဲန်ဒါဆိုတာ ဝိသေသလက္ခဏာတွေပြောင်းလဲနေတတ်မှု ရှိတယ်ဆိုတာကိုနားလည်လက်ခံပြီး သတင်းရုံးခန်းတွင်းမှာရှိနေကြတဲ့ သူတွေ လည်း သူတို့ခံယူထားတဲ့ ဂျဲန်ဒါတွေအတိုင်း ပြုမူပြောဆိုနေထိုင်ခွင့်ရရှိကြဖို့လိုပါတယ် (Skidmore, 1998)။

၃။ ကိုယ်စားပြုမှုများ

ကိုယ်စားပြုမှုဆိုရာမှာ ကျွန်ုပ်တို့အတွက် အနည်းဆုံးအဓိပ္ပါယ်နှစ်မျိုးရှိပါတယ်။ (၁) နိုင်ငံရေးအရ သို့မဟုတ် အဖွဲ့အစည်းအရ ကိုယ်စားပြုခံရနိုင်ပါတယ်။ ဒါမှမဟုတ် (၂) “စာသား” များထဲမှာ ကိုယ်တိုယ်ကိုယ်ကျ ကိုယ်စားပြုခံရနိုင်ပါတယ်။

ပထမဆိုလိုရင်း နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကိုယ်စားပြုမှုဆိုတာ အမျိုးသမီးများအတွက် အစိတ်အပိုင်းနှစ်ခုရှိနေတဲ့ ပြဿနာတခုပါ။ အရည်အသွေးအရ ရော အရေအတွက်အရရောကိုယ်စားပြုမှုတွေဟာ အမျိုးသမီးတွေအပေါ် အနှုတ်လက္ခဏာဆောင်တဲ့ နည်းလမ်းတွေနဲ့ ဆိုးကျိုးသက်ရောက်နိုင်စေတဲ့ နည်းလမ်းတွေ (နောက်လိုက်အဖြစ်နဲ့သတ်မှတ်တာ နှိမ့်ချဆက်ဆံလိုက်တာ သိမ်ငယ်အောင် ပြုလုပ်တာ တွေ)နဲ့ မီဒီယာလောကမှာ ပုံဖော်ခြင်းခံရတာတွေကိုဖြေရှင်းဖို့အတွက် အရေးကြီးလှပါတယ်။ (Shor et al., 2015, p. 978) ။ “အမျိုးသမီးများအတွက် စာမျက်နှာ” ကဲ့သို့ ကဏ္ဍများဟာ စံပြအမျိုးသမီးတ‌ယောက်က ဘယ်လိုဘယ်ပုံဆိုတာကို တည်ဆောက်ပြရာမှာ အဓိကဆောင်ရွက်ပေးသော်လည်း ၎င်းတို့ဟာ ကျားမလိင်ဘောင်ကန့်သတ်ချက်အတွင်းမဝင်သူများအပါအဝင် အခြားသော ဖော်ပြနိုင်တဲ့ ကျယ်ပြောလှသော ဝိသေသလက္ခဏာများကိုပါ ကျဉ်းမြောင်းသွားစေပါတယ် (Randhawa, personal communication)။ တချိန်တည်းမှာပဲ အမျိုးသားတွေရဲ့အတွေးအမြင်ပါတာတွေကို အလေးပေး‌ဖော်ပြတတ်တဲ့ စာမျက်နှာတွေမှာအလုပ်လုပ်ကြတဲ့ အမျိုးသမီးတည်းဖြတ်သူတွေဟာ အမျိုးသမီးကဏ္ဍများကို ပိုမိုဖော်ပြကြပေမယ့် ကိုယ်စားပြုမှု ဒါမှမဟုတ် ဖေးမနစ်အမြင်များကို ပိုမိုထည့်သွင်းလိုတဲ့ စိတ်ရင်းကနေ ထွက်ပေါ်လာတဲ့ လုပ်ဆောင်မှုမျိုး မဟုတ်ကြပါဘူး။ တခါတရံမှာ သူတို့အနေနဲ့ အမျိုးသမီးများရဲ့ တည်ရှိမှုနဲ့ အမျိုးသမီးဆိုင်ရာကိစ္စရပ်တွေကို မျက်ကွယ်မပြုထားရုံမျှသာ ဖြစ်ပါတယ် (ibid.)။

ဒုတိယဆိုလိုရင်းအတွက်တော့ မီဒီယာထုတ်ကုန်တွေ (စာပေ၊ ရုပ်မြင်သံကြား၊ တိုက်ရိုက်လွှင့်ထုတ်ခြင်း စသည့်ပုံစံမျိုးစုံ) ကို ယဉ်ကျေးမှုဆိုင်ရာစာသားများလို့ မှတ်ယူထားခြင်းက အကူအညီဖြစ်စေပါလိမ့်မယ်။ ကျွန်ုပ်တို့နဲ့ ကမ္ဘာကြီး ကြားက အပြန်အလှန်ဆက်သွယ်မှုတွေဟာ အမြဲတမ်းကြားခံ (မီဒီယာ) ကတစ်ဆင့် ဖြတ်သန်းနေရတာဖြစ်တဲ့အတွက် စာသားများဟာ လေဟာနယ်ထဲမှာ တည်ရှိနေတာမဟုတ်ပါဘူး။ ၎င်းတို့မှာ အုပ်စိုးနိုင်မှုတစုံတရာ ရှိနေပြီး ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဆွေးနွေးမှုများကို အခြေခံအားဖြင့် ပုံသွင်းပေးပါတယ် (Said, 1975)။ သတင်းစာစာတည်းဖြတ်ခြင်းမှာ “ပရိသတ်အတွက်ရေးသားရန်” ဆိုတဲ့ အဆိုဟာ ရိုးရိုးရှင်းရှင်းရေးထားသလောက် အနှစ်သာရက မရိုးရှင်းနေပါဘူး။ တကယ်တော့ သတင်းစာတိုက်တွေက သူတို့ ဦးတည်ထားတဲ့ စာဖတ်ပရိတ်သတ်ကို ဦးတည်ပြီးတော့ ရေးသားထုတ်ဝေခြင်းတွေလုပ်ကြတဲ့အတွက်ကြောင့် ရှုထောင့်ပေါင်းစုံကနေ အကြောင်းအရာ တစ်ခုကို လေ့လာသုံးသပ်ပြီး ရေးသားတင်ဆက်ခြင်းမျိုးမလုပ်ကြပါဘူး။ မီဒီယာသမားတွေက ကိုယ့်ပရောဂျက် အကြောင်းအရာနဲ့ပတ်သတ်နိုင်တဲ့ ပရိတ်သတ်ကို ပုံဖော်ပြီး သူတို့တင်ဆက်ချင်တဲ့အကြောင်းအရာတွေကို ကိုက်ညီမှုရှိအောင်ပြုလုပ်ပြီး တင်ဆက်ကြပါတယ်။ ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုတွေက မတူညီနေပါဘူး။ အဲဒါကြောင့် ကဏ္ဍ အမျိုးမျိုးခွဲပြီး တင်ဆက်နေကြပါတယ်။ ဥပမာအားဖြင့် မလေးရှားဘာသာသတင်းစာဖြစ်တဲ့ ‘အမျိုးသားတွေရဲ့ အတွေးအမြင် ပါတာတွေကိုအလေးပေးဖော်ပြ’ တဲ့ ခေါင်းဆောင်နဲ့ ဘာသာရေးဆိုင်ရာ စာမျက်နှာတွေ နဲ့ ‘အမျိုးသမီးများ အတွက်စာမျက်နှာ’များ (Randhawa, 2022) ဖြစ်ပါတယ်။ ဆိုလိုတာက မီဒီယာတွေက ပရိတ်သတ်စိတ်ဝင်စားမှု မတူညီတာတွေ အပေါ်လိုက်ပြီး သူတို့အနေနဲ့လည်း အဲဒီစိတ်ဝင်စားမှုတွေနဲ့ကိုက်ညီမှုရှိအောင် ကဏ္ဍအမျိုးမျိုးကို ပုံစံအမျိုးမျိုးနဲ့ တင်ဆက်ကြဖို့လိုပါတယ်။(Randhawa, 2022)။

အကြောင်းအရာတွေကို ဘယ်လိုပုံဖော်လိုက်တယ်ဆိုတဲ့အပေါ်မှာ အထူးသဖြင့် ဖယ်ကျဉ်ခံထားရတဲ့ ဂျဲန်ဒါများအတွက် နောက်ဆက်တွဲ သက်ရောက်မှု တွေရှိနေ ပါတယ်။9 လူတွေဟာ ပတ်ဝန်းကျင်ရဲ့ဖိအားရှိမနေရင်တောင် သူတို့ကိုပတ်ဝန်းကျင်က လက်ခံနိုင်တဲ့ အပြုအမူနဲ့ ပတ်ဝန်းကျင်က သူတို့ အပေါ်မြင်စေချင်တဲ့ အပြုအမူတွေ အတိုင်းလိုက်ပြီး နေထိုင်တတ်ကြပါတယ်။ ဒီသဘောတရားကနေပြီး လူမှုအသိုင်းအဝိုင်းကနေ သတ်မှတ်ထားကြတဲ့ စံနှုန်းတွေအတိုင်း ကိုယ့်စိတ်က လက်ခံလိုက်ပြီး ကိုယ့်သဘောထားကိုဆန့်ကျင်ပြီး ပတ်ဝန်းကျင်အလိုကျပြုမူ နေထိုင်လိုက်ကြပါတော့တယ်။ ဆိုလိုတာကတော့ ပတ်ဝန်းကျင်ကနေ တိုက်ရိုက် ကိုယ့်အပေါ်မှာ ဖိအားပေးမှုရှိမနေပေမယ့် လည်း ကိုယ်ကိုတိုင်က ဒါက ‘သာမန်လူတွေနေပုံထိုင်နည်းဖြစ်တယ်’ သို့မဟုတ် ‘ဒီလိုပြုမူတာဟာ သင့်တော်တယ်’ လို့ ကိုယ့်စိတ်ကနေခံ ယူနေလိုက်ကြတော့ ကိုယ့်ဖြစ်ချင်တဲ့ပုံစံကို ကိုယ့်ဘာသာ တားမြစ်ပလိုက်ရာ ရောက်သွား ပါတယ်(Gauntlett, 2008, p. 126)။

မီဒီယာတွေအနေနဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး အမြင်သဘောထားတွေ တည့်မတ်သွားအောင် ဘာအပြောင်းအလဲမှ လုပ်ဆောင်ခြင်းမရှိသေးဘူးဆိုတာကို  Inside the News report (2015) အစီရင်ခံစာက မီးမောင်းထိုးပြထားပါတယ်။ အစီရင်ခံစာတွင် “တောင်အာရှမှာ အမျိုးသမီးများကို “နစ်နာသူများ” အဖြစ် မီဒီယာများမှာ ပုံဖော်နိုင်ခြေပိုများပြီး အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသမှာတော့  အမျိုးသမီးများကို “မိသားစုပြယုဂ်များ” အဖြစ် ပုံဖော်ကြပါတယ်’ လို့ဖော်ပြပါရှိခဲ့ပါတယ် (p. 11)”။ ဖိလစ်ပိုင်မီဒီယာ အလုပ်အမှုဆောင်အဖွဲ့က အဖွဲ့ဝင် အမျိုးသမီးသတင်းထောက် တွေကိုတောင်မှ သူတို့ရဲ့ ဂျာနယ်လစ်ဇင်ဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်မှုရှိမှုတွေကို လျစ်လျူရှုခံနေရပြီး သူတို့ဟာ အခက်အခဲတွေကြားမှာ မရှင်သန်နိုင်သူတွေလို့ (နှိမ်ချထားတဲ့) သဘောသက်ရောက်စေတာတွေနဲ့ ခိုင်းနှိုင်းခံရပါတယ်။ သူတို့ဟာ တချို့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်စွမ်းမရှိတဲ့ ‘စိတ်ပျက်စရာကောင်းတဲ့ သူရဲကောင်းမတွေ’ လို့ပုံဖော်ခံရတယ်။ ဒီလိုပုံဖော်လိုက်တဲ့အတွက်ကြောင့် လူတွေရဲ့အာရုံဟာ စနစ်ပြောင်းလဲမှုလုပ်ဆောင်ကြဖို့ ပေါ်မှာမရှိကြတော့ဘဲ မီဒီယာလောကမှာ အမျိုးသမီးတွေရဲ့ ကိုယ်စားပြုမှုတွေအပေါ် မေးခွန်းထုတ်ဖို့မှာပဲ အာရုံထားလာကြတော့တယ် (Magsanoc, 2019, pp. 344–45)။ ဒီလိုပုံဖော်ခံရမှုတွေကို အရှေ့တောင်အာရှအတွင်း မှာထုတ်ဝေထားတဲ့ ဝတ္ထုတွေမှာ ဝေဖန်ထားတာ၊ မေးခွန်းထုတ်ထားတာ တွေရှိပါတယ်။ Bernice Chauly (2017) ရဲ့ Once We Were There ဝတ္ထုကဲ့သို့ အရှေ့တောင်အာရှမှ အခြားသောဝတ္ထုတွေထဲမှာတော့ သတင်းထောက်တွေဟာ သူတို့လုပ်ငန်းဆောင်တာတွေကို အလေးထားမလုပ်ဘဲ ‘နိုင်ငံရေးပြောင်းလဲရေး’ အတွက်ပဲ အလေးထားလုပ် နေကြတယ်ဆိုတဲ့ ဖော်ပြခံရမှုတွေကြောင့် ဖြစ်လာနိုင်တဲ့ ရှုပ်ထွေးမှုတွေနဲ့ ဆုတ်ယုတ်မှုတွေအကြောင်းကို လေ့လာ တင်ဆက်ထားပါတယ်။

၄။ ပညာရေးနှင့် စာနယ်ဇင်းပညာ လေ့ကျင့်ပေးမှု

သမိုင်းကြောင်းတစ်လျှောက်မှာ စာနယ်ဇင်းသင်တန်း ပို့ချပေးမှုဟာ ညီမျှမှုမရှိခဲ့ပါဘူး။ နှစ်ဆယ်ရာစု အစောပိုင်းနဲ့ အလယ်ပိုင်းမှာ အနောက်တိုင်း အမျိုးသမီးစာနယ်ဇင်းသမားများကို လေ့ကျင့်ပေးခြင်းဟာ အိမ်ထောင်မှုတွေကိုမလုပ်ချင်လို့ အကြောင်းရှာပြီး စာနယ်ဇင်းပညာတွေသင်နေကြတယ်ဆိုပြီး အလုပ်ရှင်တွေက ရှုမြင်ကြတယ်။ အဲလိုအမြင်တွေကြောင့် အမျိုးသမီးတွေကို စာနယ်ဇင်းပညာတွေ သင်ပေးနေတာဟာ အကျိုးမရှိ အလဟဿဖြစ်တယ်ဆိုပြီးဖြစ်ကြတယ် (Steiner, 1998)။ ဒေသတွင်းမှာတော့ မလေးရှားဘာသာနဲ့ ထုတ်ဝေတဲ့ သတင်းစာတိုက်တွေက အမျိုးသားဂျာနယ်လစ်တွေက အများအားဖြင့် အလုပ်လုပ်ကြရင်းနဲ့ပဲ စာနယ်ဇင်းပညာတွေ စတင်လေ့လာခွင့်ရကြပြီး ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကိုတော့ နောက်ပိုင်းကာလတွေကျမှ ရရှိလာကြတာဖြစ်တယ်( Randhawa,personal communication)။

University Sains Malaysia ရဲ့ ဂျာနယ်လစ်ဇင်ပရိုဂရမ်မှာ အနောက်တိုင်းက အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံတွေဟာ ကိုယ်ကျင့်သိက္ခာ နဲ့ပတ်သတ်ပြီး ကျွမ်းကျင်မှုက သူတို့ဆီမှာပဲရှိကြတယ်ဆိုတာပဲ ထပ်ခါတလဲလဲ ညွှန်းဆိုကြတယ် (Randhawa, 2022, p. 69). ဒီပရိုဂရမ်ရဲ့  ကိုယ်ပိုင်အကောင့်ကနေ ဂျာနယ်လစ်အလုပ်လိုအပ်ချက်တွေက ဘာတွေပါရမလဲဆိုတာကို မိတ်ဆက်ပေးထားပါတယ်။ ကျောင်းသားတွေကို ကျောင်းတွင်းထုတ်ဝေတဲ့ စာစောင်တွေဖန်တီးရေးသားရာမှာ အလွန်အကျွံပါဝင်စေခြင်း၊ သတ်မှတ်ထားတဲ့ အချိန်အတွင်းအလုပ်ပြီးစေဖို့ ညနက်တဲ့အထိ အလုပ်လုပ်နေရခြင်း နဲ့ သတင်းစာ အယ်ဒီတာအဖွဲ့ရဲ့ချမှတ်ပေးထားတဲ့ အဆင့်တိုင်း အတွက်လုပ်ဆောင်ရမည်များကို စိတ်တိုင်းကျသည်အထိလုပ်နေရခြင်းတို့ပါဝင်ပါတယ်။ ဒီလို တာဝန်ပေးစေခိုင်းရတဲ့ ရည်ရွယ်ချက် ကတော့ ကျောင်းသားတွေအနေနဲ့ လူမှုတရားမမျှတမှုတွေနဲ့ အစွန်းရောက်အမြင်နှစ်ခြမ်းကွဲနေတဲ့ လူမှုပတ်ဝန်းကျင် (ဘာသာပြန်သူ၏မှတ်ချက် – လုံးဝဆန့်ကျင်ဘက် အမြင်နှစ်ခုဖြစ်နေတဲ့ပတ်ဝန်းကျင်မျိုးမှာ လူအုပ်စု တစ်စု နဲ့ တစ်စု တင်းမာမှုတွေဖြစ်ပြီး အကျိုးဖြစ်ထွန်းတဲ့ ဆွေးနွေးပြောဆိုမှုတွေ မရှိတဲ့အတွက် အတူတကွအဖြေရှာမှုတွေမရှိနိုင်ပါ။) က အကြောင်းအရာ တွေကို ချဉ်းကပ်ဖြေရှင်းကြရာမှာ စိတ်ထားတတ်စေဖို့ လေ့ကျင့်ပေးတာပဲဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်ပေးတဲ့ ပညာရေးဟာ ကျောင်းသားတွေကို မီဒီယာလောကမှာ ဖြစ်လေ့ရှိတာတွေဖြစ်တဲ့ လူအများရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုပြီး ပုံဖော်တင်ဆက်တာထက် စိုးမိုးခြယ်လှယ်နိုင်သူတွေရဲ့ အလိုကျ တင်ဆက်နေကြတာ တွေရှိတယ်၊ မီဒီယာသမားတွေ လုပ်ဆောင်ရမယ့် တာဝန်ဝတ္တရားတွေ ကိုလျစ်လျူရှုပြီး အာဏာပါဝါရှိသူတွေရဲ့ သဘောထားအမြင် တွေကိုသာ အားပေး၊ ဝါဒဖြန့်တဲ့အနေနဲ့တင်ဆက်နေတာတွေ ရှိတယ်ဆိုတာကိုလည်း ကျောင်းသားတွေသိရှိဖို့ ဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်မှုကနေ ကျောင်းသားတွေအနေနဲ့ စစ်မှန်တဲ့ ဂျာနယ်လစ်တစ်ယောက်ဖြစ်ဖို့ ဘယ်လိုအရည်အချင်းတွေ လိုအပ်တယ် ဆိုတာသိလာကြမှာဖြစ်တယ်။ (ဘာသာပြန်သူ၏မှတ်ချက် – ဥပမာအားဖြင့် – စစ်မှန်တဲ့ ဂျာနယ်လစ်တစ်ယောက်ဆိုတာ အမှန်တရားကိုဖော်ထုတ်ရမယ်၊ တရားမျှတမှုမရှိတဲ့အကြောင်းအရာတွေကို လူအများသိအောင် တင်ဆက်ရမယ်၊ လူ့ပတ်ဝန်းကျင်က ဖယ်ကျဉ်ခြင်းခံထားရတဲ့ လူအုပ်စုတွေရဲ့ အသံကိုဖော်ထုတ်ပေးပြီး လူ့ပတ်ဝန်းကျင်အတွက် အပြောင်းအလဲကောင်းတွေ ဖြစ်လာအောင် ဆောင်ကျဉ်းပေးရမယ် စသဖြင့်။ (Tei, 2021, pp. 168–70))

အဆိုပါ စံနှုန်းများရှိသော်လည်း ကျွမ်းကျင်ပညာရှင်အဖြစ် သတ်မှတ်ရာမှာ ဖိုဝါဒကြီးစိုးတဲ့မူဘောင်ကို ဖြစ်ပေါ်စေတဲ့ အမျိုးသားများဘက်လိုက်သော အသိပညာတည်ဆောက်မှု၊ သတင်းပို့ချက်နဲ့ “သတင်းတွေ” ထဲမှာ ဆက်လက်ကျင်လည် ဆဲဖြစ်တာကြောင့် စာနယ်ဇင်းသမားများထံမှာ ရှိသင့်တဲ့ “ဓမ္မဓိဋ္ဌာန်ကျမှု”နဲ့ “သမာသမတ်မှု” တို့ဟာ လုံ‌လောက်မှုမရှိဖြစ်နေပါတယ် (Chambers et al., 2004)။

ပြဿနာပိုကြီးထွားစေတာက ခေတ်နောက်ပြန်ဆွဲနေတဲ့ရေစီးကြောင်းဖြစ်တဲ့ ‘အတတ်ပညာ၊ ကျွမ်းကျင်မှု၊ လုပ်ပိုင်ခွင့်တို့ကို လျော့ပါးအောင်ပြုလုပ်နေခြင်း’ တွေကို ဂျာနယ်လစ်သင်တန်းကျောင်းတွေမှာ တွေ့နေရပါတယ်။ အဲဒီခေတ်နောက်ပြန်ဆွဲ နေတဲ့ရေစီး ကြောင်းကြောင့် ‘အလုပ်သမားဈေးကွက်မတည်ငြိမ်မှု ၊ ကိုယ်ပိုင်လုပ်ပိုင်ခွင့်ပျက်ယွင်းလာပြီး လွှမ်းမိုးသူတွေရဲ့ ခြယ်လှယ်ခြင်းခံနေရတာ နဲ့ စီးပွားရေးအရပဲတွက်ခြေကိုက်အောင်နဲ့ ပရိသတ်ရဲ့အာရုံကိုဖမ်းစားနိုင်အောင်ပဲ ဖန်တီးထားတဲ့ အကြောင်းအရာတွေကို ဦးတည်တင်ဆက်ကြပြီး ဂျာနယ်လစ်ဇင်ရဲ့ အနှစ်သာရတွေကို ပေါင်းစပ်ထားခြင်းမရှိခြင်း’ စတဲ့ဆိုးကျိုးတွေဖြစ်လာစေပါတယ်။ ဒီလိုဖြစ်လာတာကို ‘ယနေ့ခေတ်သတင်းသမားတစ်ယောက်ရဲ့ ဖြစ်ပျက်နေတဲ့ ဘဝအခြေအနေပါပဲ’ လို့ဆိုပါတယ် (Besbris and Petre, 2020, pp. 1540). ကျွန်ုပ်တို့ဆိုလိုချင်တာက ‘search engine’ (SEO) တွေကိုအားကိုးပြီး ကျယ်ကျယ်ပြန့်ပြန့် သင်တန်းတွေပေးလာ တာက ဆိုးကျိုးသက်ရောက်မှုတွေရှိနေပါတယ်။ ဆိုလိုတာက ဂျာနယ်လစ်တွေက အလွယ်တကူပဲ အွန်လိုင်းအသုံးပြုပြီး ဖန်တီးလို့ရတဲ့ အကြောင်းအရာတွေအတွက်ပဲ သင်တန်းပေးခံရတယ်။ သူတို့ကလည်း အွန်လိုင်းပေါ်မှာ အကြောင်းအရာရှာ၊ အွန်လိုင်းပေါ်မှာပဲဖန်တီး၊ အွန်လိုင်းမှာပဲဖြန့်ဝေမှုတွေ တွင်တွင်ကျယ်ကျယ် လုပ်လာကြတယ်။ အဲလိုမျိုးပြုလုပ်ခြင်းက မတူညီတဲ့သဘောထား အမြင်တွေကို ထည့်သွင်းဖော်ပြလာတာနည်းပါးလာပြီး လူတွေ ‘ကလစ် – click’ ပိုများလာအောင်ပဲ ကြိုးစားဖန်တီး လာကြတော့တယ်။ နောက်ပြီး search engine ဆိုတာမျိုးက လူတွေ ကလစ် များလာတဲ့အကြောင်းအရာတွေကိုပဲ ထင်သာမြင်သာပိုပိုရှိအောင် လုပ်ပေးနိုင်စွမ်းရှိတော့ မထင်မရှားဖြစ်နေတဲ့ (ဥပမာ – လူ့အသိုင်းအဝိုင်းက မျက်နှာသာမပေးခံရတဲ့ လူအုပ်စုတွေအကြောင်း၊ ဂျဲန်ဒါတန်းတူညီမျှရေးနဲ့ ပတ်သတ်တာတွေ) အကြောင်းအရာတွေဆိုရင် လူတွေရဲ့ မြင်ကွင်းကနေ လုံးဝပျောက်နေသလိုဖြစ်နေတဲ့အတွက် လူ့ပတ်ဝန်းကျင်အတွက် ဆိုးကျိုးရှိနိုင်တဲ့ အမြင်တွေ ကိုလည်း မြှင့်တင်ပေးရာကျ နေနိုင်ပါသလား။ ဒီ စဉ်းစားချက်ဟာ အောက်မှာဖော်ပြမယ့် ခေါင်းစဉ်ခွဲနဲ့ ဆက်နွှယ်မှုရှိနေပါတယ်။

၅။ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းများ

နည်းပညာတွေဟာ ဆန်းသစ်တဲ့ပုံစံတွေနဲ့ သမားရိုးကျအတိုင်းရှိနေတဲ့အရာပေါ်မှာ သက်ရောက်မှုတွေ ရှိနေပါတယ်။ ဥပမာအားဖြင့် အရည်အသွေးကိုဂရုမစိုက်ဘဲနဲ့ ဖောခြင်းသောခြင်းကို ဖန်တီးထုတ်လုပ်နေကြတဲ့ အကြောင်းအရာတွေဟာ အယ်ဒီတာတွေကိုသာ လုပ်ပိုင်ခွင့်ပေးနေရာကျပြီး တင်ဆက်မယ့် အကြောင်းအရာတွေကို ဖန်တီးခွင့်ပေးရမှာဖြစ်တဲ့ ဂျာနယ်လစ်တွေကို နေရာမပေးရာ ရောက် နေပါတယ်။ ဒီလိုလုပ်ခြင်းကြောင့် အယ်ဒီတာတွေကပဲ မီဒီယာအဖွဲ့အစည်းတွေမှာ လွှမ်းမိုးမှုပိုရှိနေကြတာဖြစ်တယ် (Shor et al., 2015)။ ကမ္ဘာတစ်ဝန်းမှာ သမားရိုးကျရှိနေတဲ့ သတင်းစာတိုက်တွေမှာ ဝန်ထမ်းလျော့ချမှုတွေ အင်မတန်များပြားနေပြီး ဆက်လက် လုပ်ကိုင်နေသူတွေအနေနဲ့ကလည်း အလုပ်အကိုင်ရရှိမှု အာမခံချက်မရှိခြင်းတွေနဲ့ ကြုံနေပေမယ့်လည်း ဒီလို အခက်အခဲရှိမှုတွေကိုစိန်ခေါ် ပြီး သမားရိုးကျရှိနေတဲ့ သတင်းစာတိုက် စျေးကွက်တွေဟာ ကိုယ့်ပရိတ်သတ်နဲ့ကိုယ် ‘ဖွံ့ဖြိုးဆဲဒေသလို့ သတ်မှတ်ထား’ တဲ့ နေရာတွေမှာတောင် ပေါ်ထွက်လာနေဆဲဖြစ်ပါတယ်။

အင်ဒိုနီးရှားက အမျိုးသမီးအခွင့်အရေးနဲ့ လူနည်းစုမျိုးနွယ်အခွင့်အရေးအတွက် ရေးသားဖော်ပြမှုပြုကြတဲ့ ဂျာနယ်လစ်တွေဟာ ဂျဲန်ဒါတက်ကြွလှုပ်ရှားမှုတွေနဲ့ ကွန်ရက်တွေအတွင်းမှာ ပွင့်ပွင့်လင်းလင်း အတွေးအခေါ်ဖလှယ်လို့ရတဲ့ အနေအထားတွေရအောင် ဖန်တီးပေးနေပြီး၊ ပေါ့ပေါ့ပါးပါးနဲ့ ဘယ်သူမဆို တန်းတူညီမျှမှုရှိရှိ ဆွေးနွေးလို့ရတဲ့ အွန်လိုင်းပလက်ဖောင်းတွေကိုလည်း ဖော်ဆောင် ပေးလျက်ရှိပါတယ် (Winarnita et al., 2020)။ သမားရိုးကျရှိနေတဲ့ သတင်းစာလုပ်ငန်းတွေအပေါ် အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေရှိနေပေမယ့်လည်း သမားရိုးကျမီဒီယာတွေမှာ အကျိုးဖြစ်ထွန်းမှုတွေ (ဘာသာပြန်သူ၏မှတ်ချက် – ဖြန့်ဝေပေးတဲ့ကွန်ရက်တွေရှိနေတာ၊ ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေကနေ ဖော်ပြတဲ့အကြောင်းအရာတွေရှိနေတာ နဲ့ ငွေကြေးထောက်ပံ့ပေးမှုအရင်းအမြစ်တွေ) ရှိနေပြီးသားဖြစ်တဲ့အတွက်ကြောင့် လုပ်ငန်းတွေဆက်လက်ရပ်တည်နေကြပါတယ် (Randhawa, personal communication)။

တက်ကြွလှုပ်ရှားမှုနဲ့ တိုးတက်ပြောင်းလဲရေး တန်ဖိုးထားမှုများအတွက် အသစ်ထွက်ပေါ်လာတဲ့ မီဒီယာပလက်ဖောင်းများကနေ လမ်းဖွင့်ပေးလိုက်ပေမယ့်လည်း ထိုပလက်ဖောင်းများကလည်း နီယိုလစ်ဘရယ်ဝါဒီ ရဲ့ တွေးခေါ်မှုပုံစံ နဲ့ ‘attention economy’ (ဘာသာပြန်သူ၏မှတ်ချက် – ဒစ်ဂျစ်တယ်ပလက်ဖောင်းမှာ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်ပြိုင်ဆိုင်ကြပြီးတော့ လူတွေရဲ့ အာရုံဖမ်းစားခြင်းခံရအောင်လုပ်ယူတဲ့ပုံစံ) တို့က စိုးမိုးထားနိုင်ကြတုန်းပါပဲ။ ဥပမာအားဖြင့်  လူမှုကွန်ရက်ပေါ်က ဖေးမနစ်လှုပ်ရှားမှုတွေက အားရစရာကောင်းတယ်လို့ ထင်ရပေမယ့်လည်း လူမှုကွန်ရက် ပလက်ဖောင်းတွေရဲ့ သဘောသဘာဝအတိုင်း နီယိုလစ်ဘရယ် (ဘာသာပြန်သူ၏မှတ်ချက် – တစ်ဦးချင်း နဲ့ အဖွဲ့အစည်းတွေက နိုင်ငံ သို့မဟုတ် အစိုးရရဲ့ ကြားဝင်ဆောင်ရွက် ပေးခြင်းတွေမှာမှီခိုနေမယ့်အစား ကိုယ့်ဘာသာ အာရုံစိုက်လုပ်ဆောင်ပြီး စျေးကွက်ရဲ့လားရာကိုလိုက်တာ၊ ဆင်ခြင် တွေးခေါ်ပြီးလုပ်ဆောင်တာ) တန်ဖိုးထားမှု သဘောတရားတွေက လွှမ်းမိုးမှုရှိနေတာကြောင့်  တက်ကြွလှုပ်ရှားမှု တွေအတွက် လူမှုကွန်ရက်ပေါ်မှာ ပြုလုပ်နေတယ်ဆိုသော်ငြား အမှီအခိုကင်းမဲ့တယ်ဆိုတဲ့ သဘောတရားမှေးမှိန်နေပါတယ် (Saraswati, 2021)။  ‘attention economy’ က သိပ်ကိုထင်ထင်ရှားရှားရှိနေပါတယ်။ သတင်းအချက်အလက်တွေကို ထိန်းချုပ်တဲ့သူတွေကို လျော့ချလိုက်ပေမယ့်လည်း ဒစ်ဂျစ်တယ်ပလက်ဖောင်းမှာ များပြားလှတဲ့ ထုတ်လုပ်တင်ဆက်တဲ့ အကြောင်းအရာတွေမှာ အွန်လိုင်း အယ်လဂိုရီသမ်စနစ်ကြောင့် အရင် ဆယ်စုနှစ်တွေကလိုမျိုး လူတွေဟာ တကယ့်စစ်မှန်ပြီး အဓိပ္ပါယ်ရှိတဲ့အကြောင်းအရာတွေနဲ့ သိပ်ထိတွေ့ခွင့်ရမှာ မဟုတ်တော့ပါဘူး (Randhawa, personal communication)။

အယ်လဂိုရီသမ်တွေက ရှိနေပြီးသားဖြစ်တဲ့ လူမှုအသိုင်းဝိုင်းက မျှတူရည်တူမရှိနေတဲ့ပါဝါတွေပေါ်မှာပဲ သက်ရောက်မှု ရှိတာမဟုတ်ဘဲနဲ့ လူတွေက ကမ္ဘာကြီးကိုရှုမြင်ပုံတွေမှာလည်း သူကပုံသွင်းပေးနေပါတယ်။ အယ်လဂိုရီသမ်တွေဟာ ကမ္ဘာကြီးကိုရှုမြင်ပုံနှင့် ကျိုးကြောင်းဆက်စပ်ပုံတွေကိုလည်း ပုံဖော်ပေးနေပါတယ်။  လူတွေ ပြင်းပြင်းထန်ထန် စိတ်ခံစားချက်တွေပါ ပါပြီး ငြင်းကြခုန်ကြတဲ့အခါ သူတို့ကိုတခြားသူတွေက ပိုသတိထားမိလာပြီး ပိုကျယ်ကျယ်ပြန့်ပြန့် ဒီအကြောင်းအရာတွေကို မျှဝေမှုတွေပြုလာကြမယ်။ ဒီအခါ အဲဒီအကြောင်းအရာပေါ်မှာ လူတွေစိတ်ဝင်စားမှု၊ ပတ်သတ်လာမှု များလာမယ်။10 ဒီလိုအကြောင်းအရာတွေကို အယ်လဂိုရီသမ်ကနေ ထပ်ကျယ်ပြန့်အောင်လုပ်မယ်။ အဲနောက်တော့ ဒီကိစ္စက အွန်လိုင်းတစ်ခုလုံးကိုလွှမ်းမိုးလိုက်တယ် (Rambatan and Johanssen, 2022, p. 39)။

တိုးတက်ပြောင်းလဲမှုဖြစ်ဖို့ အတွေးအမြင်အသစ်တွေကို အွန်လိုင်းမှာ ဖြန့်တွေလာကြပေမယ့်လည်း အယ်လဂိုရီသမ်တွေဟာ ဖယ်ကျဉ်ခံထားရတဲ့ ဂျဲန်ဒါများရဲ့ အတွေ့အကြုံတွေကို ဖိနှိပ်မှုပြုခြင်း၊ ဗိုလ်ကျ အနိုင်ကျင့်တဲ့ သဘောတရားတွေ ရှိနေတာ တွေပြုလုပ်စေခြင်း၊ ထိုဖယ်ကျဉ်ခံထားရတဲ့ ဂျဲန်ဒါဖြစ်တည်မှုရှိနေတဲ့ လူတွေဟာ တစ်ခုခုဖြစ်လာစေဖို့ (ဘာသာပြန်သူ၏မှတ်ချက်ဥပမာ- တစ်ဦးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာအရ ရုပ်ဝတ္ထုလိုသဘောထားပြီး ဆက်ဆံခြင်း/ပုံဖော်လိုက်ခြင်း သို့မဟုတ် သူတို့ရဲ့ (သဘောတူခြင်း/မတူခြင်းစတဲ့) ကိုယ်ပိုင်ဆုံးဖြတ်ချက်ချခွင့်တွေအပေါ် မှာထိန်းချုပ်မှုပြုခြင်း)  လှုံ့ဆော်မှုအတွက် အသုံးချစရာ အရာဝတ္ထုတစ်ခုလို သဘောထား ဆက်ဆံတာမျိုး သို့မဟုတ်  သူတို့အသံတိတ် ဖြစ်သွားအောင် ပြုလုပ်ခြင်း တွေအတွက် အားပေးအားမြှောက်ပြုနေကြပါတယ်။ နယူးနရတစ်(ဖ်) အနေနဲ့လည်း တိုးတက်ပြောင်းလဲမှု၊ စနစ်ပြောင်းလဲမှုတွေဖြစ်ဖို့ အတွေးအမြင်အသစ်တွေကို အွန်လိုင်းကနေ ဖြန့်ဝေမှုတွေပြုလုပ်နေပါတယ်။ နောက်ပြီး အရှေ့တောင် အာရှအတွင်းမှာ တောင်မှ မတူညီတဲ့ လူအုပ်စုတွေအတွက် ဘယ်လိုအကြောင်းအရာတွေကို ပစ်မှတ်ထားပြီး တင်ဆက်ရ မလဲဆိုတာကိုလည်း ထည့်သွင်းစဉ်းစားကြရပါမယ်။ ဥပမာ ဘရူနိုင်းနိုင်ငံ ရွာထဲက လိင်ပြောင်းအမျိုးသမီးတစ်ဦးနဲ့ ဘန်ကောက်ရှိ အမျိုးသမီးချင်းချစ်ကြိုက်တဲ့ လူဖြူနိုင်ငံခြားသူတို့အကြောင်းကို ရေးသားတင်ဆက်ဖော်ပြရာမှာ သူတို့ လူမှုပတ်ဝန်းကျင်အခြေအနေတွေ တူညီမှုရှိမနေတဲ့အတွက် ကွဲပြားနေမှာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်နေတာကတော့ မရည်ရွယ်ထားပါဘဲ အင်တာနက်အနေနဲ့ ကျွန်ုပ်တို့ရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို လျော့ချပစ်နိုင်စွမ်းဟာ ဒီမိုကရေစီအရေးအတွက် အရေးပါတဲ့ နောက်ဆက်တွဲပြဿနာတွေ ရှိနေတာပါပဲ။ ဒါဟာ အာဏာရှင်စနစ် ဦးမော့လာခြင်းနဲ့  အွန်လိုင်းအကြောင်းအရာတွေက ကြိုးကိုင်ခြယ်လှယ်ကြနေတယ်ဆိုတာကို ထင်ဟပ်ပြနေတာဖြစ်ပါတယ်။ အချက်ကျတဲ့ ဥပမာတစ်ခုကတော့ ဖိလစ်ပိုင်နိုင်ငံတွင်းရှိ ‘ဗျူဟာကျကျ ဖန်တီးထားတဲ့ မဟုတ်မမှန်သတင်းတွေဖြန့်ဝေဖို့ ဖန်တီးထားတဲ့ကွန်ရက် အွန်လိုင်းအဆောက်အအုံတွေ’ မှတစ်ဆင့် အင်တာနက်ကွန်ရက်ပေါ်မှ အရေးအသားများကို ရည်ရွယ်ချက်ရှိရှိ ကြိုးကိုင်ခြယ်လှယ်ခြင်းပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့အတွက် စိတ်ဝင်စားဖို့ကောင်းတာကတော့ နယ်ပယ်ပေါင်းစုံကလူတွေ (ဖယ်ကျဉ်ခံထားရတဲ့ ဂျဲန်ဒါအုပ်စုတွေ အပါအဝင်)ဟာ ဒီကွန်ရက်ထဲမှာပါဝင်လာပြီးတော့ သတင်းမှားဖြန့်ဝေခြင်းတွေပါ လုပ်ဆောင်လာကြတဲ့အချက်ပဲ ဖြစ်ပါတယ် (Ong and Cabañes, 2018)။ အရှေ့တောင်အာရှနိုင်ငံတွေမှာ မဟုတ်မမှန်သတင်း တိုက်ဖျက်ရေးလုပ်ဆောင်ဖို့ရာဆိုပြီး ဥပဒေတွေ ချမှတ်လိုက်ပြီး အကောင်အထည်ဖော်ရာမှာ အဲဒီ ဥပဒေတွေဟာ ဒီမိုကရေစီနည်းကျ လွတ်လပ်ခွင့်တွေကို ပိတ်ပင်ထားရာကျနေပါတယ်။ (Sombatpoonsiri and Luong, 2022).

မီဒီယာလုပ်သားများအပေါ် အင်တာနက်ကွန်ရက်နှင့် မြေပြင်တွင် အကြမ်းဖက်မှုများ တိုးမြင့်လာခြင်းအပေါ် ကျွန်ုပ်တို့၏ စောင့်ကြည့်လေ့လာချက်နှင့်အလားတူ Posetti et al. (2021) မှ ဂျဲန်ဒါဆိုင်ရာ အင်တာနက်ကွန်ရက်မှတဆင့် အကြမ်းဖက်မှုများတွင် ပုံဖျက်ထားသောသတင်းများ၏ လက္ခဏာများကို အောက်ပါအတိုင်းဖော်ပြထားပါတယ်။

  • သတင်းပုံဖျက်ခြင်းနည်းဗျူဟာများကို ပစ်မှတ်ထားသော အင်တာနက်ကွန်ရက်ရှိ ပလက်ဖောင်းအမျိုးမျိုးတွင် အမျိုးသမီးစာနယ်ဇင်းသမားများကို တိုက်ခိုက်မှုများတွင် ပုံမှန်အသုံးပြုလေ့ရှိပါတယ်၊
  • ပုံဖျက်ထားသောသတင်းများနဲ့ ယှက်နွယ်နေသော ဒစ်ဂျစ်တယ်လျှို့ဝှက်အကြံအစည်နှင့် လက်ယာစွန်း အစွန်း‌ရောက်မှုကဲ့သို့ ကိစ္စရပ်များကို တင်ဆက်ခြင်းဟာ ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို ဖြစ်ပေါ်စေပါတယ်၊
  • အဓိကအားဖြင့် ဝေဖန်ရေးစာနယ်ဇင်းအပေါ်နဲ့ ယေဘုယျအားဖြင့် အချက်အလက်များအပေါ် လူထုရဲ့ယုံကြည်မှု ချိနဲ့လာစေရန် မိန်းမမုန်းတီး‌ရေးဆန်သော အလွဲသုံးစားလုပ်မှုများ၊ ထိပါးစော်ကားမှုများနဲ့ ခြိမ်းခြောက်မှုများကို အမျိုးသမီး စာနယ်ဇင်းသမားများအပေါ် အသုံးချကြပါတယ်။

သုတေသနနည်းနာ သို့မဟုတ် သုတေသန ကြေညာစာတမ်း

ဓမ္မဓိဋ္ဌာန်တွင် ပြဿနာကိုရှာခြင်း၊ ပုဂ္ဂလဓိဋ္ဌာန်တွင် အလေးပေးခြင်း11

အရှေ့တောင်အာရှရှိ ဒီမိုကရေစီနဲ့လူထုအခြေပြု အပြောင်းအလဲဖြစ်ဖို့ရာအတွက် ပလက်ဖောင်းတစ်ခုအဖြစ် ကျွန်ုပ်တို့ရဲ့ သုတေသနဟာ ကျွန်ုပ်တို့အဖွဲ့ရဲ့ ရပ်တည်ချက် နဲ့ ရည်မှန်းထားတဲ့ပန်းတိုင်တွေဆီ အရောက်သွားဖို့ရာအတွက် မူဝါဒရေးရာအပြောင်းအလဲတွေဖြစ်ဖို့ စည်းရုံးပြောဆိုရေးတွေလုပ်ဖို့အတွက်ဆိုတာတွေနဲ့ ထင်ဟပ်နေပါတယ်။ ကျွန်ုပ်တို့ရဲ့ သုတေသနဟာ လူတွေ ဒီမိုကရေစီဖြစ်စဉ်ထဲမှာ ဘယ်လိုပါဝင်နိုင်မလဲဆိုတာကိုလည်း စုံစမ်းဖော်ထုတ်ထားပါတယ်။ အဆိုပါသုတေသနဟာ ဒေသတွင်း မီဒီယာလုပ်သားများအကြား ပိုမိုကျယ်ပြန့်သော ကွန်ရက်များနှင့် ထိတွေ့ဆက်ဆံမှုများ ပိုမိုအားကောင်းလာ‌ပြီး နိုင်ငံရေး၊ လူမှုရေးနဲ့ ဓလေ့ထုံးတမ်းဆိုင်ရာ စိန်ခေါ်မှုများကို တွန်းလှန်ဖို့အတွက် အားပေးနိုင်စေဖို့ ရည်ရွယ်ပါတယ်။ အဲဒါကြောင့် ကျွန်ုပ်တို့ဟာ ဂျာနယ်လစ်ဇင်ရဲ့ အနှစ်သာရများကို သေသေချာချာ သုံးသပ် ဝေဖန်မှုတွေလုပ်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအနှစ်သာရတွေ (ဘာသာပြန်သူ၏မှတ်ချက် -သတင်းတိကျမှန်ကန်မှု၊ ပွင့်လင်းမြင်သာရှိမှု၊ သမာသမတ်ရှိမှု စသဖြင့်) မှာလည်း တချို့အခြေအနေတွေမှာ ပြဿနာရှိနိုင်တဲ့ ရှုပ်ထွေးမှုတွေရှိနိုင်လို့ဖြစ်ပါတယ်။

ကျွန်ုပ်တို့အနေနဲ့ ဓမ္မဓိဋ္ဌာန်အပေါ်မှာ ဘာအဆိုပြုချက်မှ ပြုလုပ်မှာမဟုတ်ပါဘူး။ ဒါကပိုပြီး ဖြောင့်မတ်ရာကျပါလိမ့်မယ်။ အဲဒီအစား ကျွန်ုပ်တို့က ဘက်ရွေးဖို့ လိုအပ်ပါတယ်။ Eduardo Galeano တစ်ခါကရေးခဲ့ဖူးတဲ့ “ဓမ္မဓိဋ္ဌာန်တကယ်ကျတဲ့ အရေးအသားကို ငါမ‌ရေးချင်ခဲ့ပါဘူး။ ရေးလည်းမရေးချင်ခဲ့သလို ရေးလည်းမရေးနိုင်ခဲ့ပါဘူး (1987, p. xv)” ဆိုသလိုပါပဲ။ သို့ပေမယ့်လည်း ကျွန်ုပ်တို့လုပ်ဆောင်နေတာဟာ ပြီးပြည့်စုံတဲ့ ကိုယ်စားပြုမှုတစ်ခုအဖြစ်မရှိ သေးပေမယ့်လည်း အတိုင်းအတာတစ်ခုအထိ ခြုံငုံမိတယ်လို့ဆိုနိုင်ပါတယ်။ သုတေသနဆိုတာမျိုးဟာ အမြဲပြောင်းလဲမှုဖြစ်စဉ်တွေရှိနေပြီး စဉ်ဆက်မပြတ်လေ့လာမှုတွေလုပ်နေပြီး မိမိသိရှိနားလည်ထားတဲ့အရာတွေကို အမြဲမွမ်းမံမှုတွေလုပ်နေဖို့လိုပါတယ်။

အတိုင်းအတာတစ်ရပ်အထိ ဓမ္မဓိဋ္ဌာန် (အရှိတရား) ဆိုတာဟာ မကြာသေးခင်ကမှ ဖြစ်ပေါ်လာတဲ့ စာရင်းအင်းပညာက ‘dependency’လို့ပြောတဲ့ ‘တစ်ခုကတစ်ခုအပေါ် မှီခိုနေတာ’ နဲ့ စပ်ဆက်နေပါတယ်။12 သို့သော်လည်းပဲ အရည်အသွေးအရ လေ့လာသုံးသပ်မှုတွေရဲ့ အကျိုးကျေးဇူးကိုလည်း လျော့တွက်လို့မရပါဘူး။ ဒီမှာဆိုလိုချင်တာက ကိန်းဂဏန်းတွေ နဲ့ စကားလုံး (စာသား) တွေ မဟုတ်ပါဘူး။ ဆိုလိုချင်တာက အရည်အသွေးအခြေပြုသုတေသနတွေလုပ်တဲ့အခါမှာ အတွေးအမြင်မေးမြန်းခြင်းလုပ်တဲ့အခါ ရလာတဲ့အဖြေတွေက တစ်ယောက်ချင်းဆီကပဲရလာတာတွေဖြစ်တယ်။ အဲဒီအပေါ်မှာပဲ အဖြေထုတ်ကြရတယ်။ သုတေသီတွေက အဲဒီရလာတဲ့အဖြေကို နောက်တစ်နည်းနဲ့ ပြန်တိုက်စစ်ပြီး အဖြေထုတ်ကြရတာ မျိုးမဟုတ်ပါဘူး(Goertz and Mahoney, 2012, p. 2)။13 ကျွန်ုပ်တို့ အရင်ကလုပ်ခဲ့တဲ့ သုတေသန အတွေ့အကြုံတွေအရ ယခုအချိန်မှာ ကျွန်ုပ်တို့ဟာ ဒေတာတွေအများကြီးရဖို့ထက် ကျွန်ုပ်တို့ အင်တာဗျူးတဲ့ တစ်ယောက်ချင်းဆီရဲ့ ထူးခြားမှုတွေကို အလေးထား လေ့လာမှုတွေပိုလုပ်လာပါတယ်။

တစ်ခုတည်းသော သဘောတရားရေးရာ သို့မဟုတ် သီအိုရီဆိုင်ရာ မူဘောင်တစ်ခုကို အသုံးပြုလိုက်ခြင်းအစား ကျွန်ုပ်တို့အနေနဲ့  ဖြေကြားထားတဲ့အတိုင်း ပုံစံမပျက်အောင် ဖော်ပြနိုင်ပါက ထိုဇာတ်လမ်းများကိုယ်တိုင် အသံတစ်ခု ထုတ်နိုင်ခြင်း ကဲ့သို့ ထိရောက်မှုရှိလို့ ပိုမိုနှစ်သက်ပါတယ်။ အရေးအကြီးဆုံးအနေနဲ့ သုတေသနလုပ်ငန်းစဉ်ကို ပွင့်လင်းမြင်သာအောင် ထားရှိပြီး ကျွန်ုပ်တို့ရဲ့ ယူဆချက်တွေ၊ အစွဲရှိနေတာတွေနဲ့ ရှင်းလင်းဖော်ပြချက်တွေကို ‌တောက်လျှောက် သုံးသပ်ကြပါတယ်။ ကျွန်ုပ်တို့ရဲ့ သုတေသန ပူးပေါင်းဆောင်ရွက်သူတွေကို အသိပညာပူးတွဲ ဖန်တီးသူတွေအဖြစ် သတ်မှတ်ပြီး အမြဲမပြတ် ပြောဆိုဆွေးနွေးမှုတွေပြုလုပ်ပြီး ကောက်ယူထားတဲ့ အချက်အလက်တွေ မှန်ကန်မှုရှိမရှိစစ်ဆေးခြင်း ၊ မရှင်းလင်းသည်များကိုပြန်လည်မေးမြန်းခြင်းပြုလုပ်ခြင်းဖြင့် အရည်အသွေးမြင့်ပြီး အကြောင်းအရာကို ကောင်းစွာနားလည်မှုရှိပြီး မှ လေ့လာသုံးသပ်ထားတဲ့ သုတေသနတစ်ခုထွက်ရှိအောင် ဖော်ဆောင် နိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဒါဟာ သုတေသနပြုလုပ်သူနဲ့ ပြုလုပ်ခံရသူတို့အကြား ပြတ်ပြတ်သားသား ပုံဖော်လိုက်ခြင်းကို ရှောင်လွှဲတာလည်း ဖြစ်ပါတယ်။ အရှိတရားဟာ ခပ်ခွာခွာနေခြင်း သို့မဟုတ် ဟန်ချက်ညီအောင်ထိန်းထားခြင်းဆိုတာအတွက် အရေးပါပါတယ်။ ဒါမှမဟုတ်ရင် ယောင်ဝါးဝါးတွေဖြစ်စေပြီး လွဲမှားတဲ့ မျှခြေကိုဖြစ်စေမှာလား။ ‘အသိပညာအားလုံးဟာ တည်ရှိပြီးအသိပညာများသာ” ဖြစ်တာကြောင့် (Moya, 2011, p. 80) ပုဂ္ဂလဓိဋ္ဌာန် (လူတစ်ယောက်ရဲ့ အတွေးအမြင်) ကိုယ်၌က “သုတေသနရဲ့တန်ဖိုးကို မလျော့ကျစေပါဘူး။” “အကျိုးနဲ့အကြောင်းကြား အပြန်အလှန်ဆက်စပ်မှုတခု မပေးနိုင်ခြင်းကသာ” သုတေသနတန်ဖိုးကို လျော့ကျစေတာဖြစ်ပါတယ်။ ပုဂ္ဂလဓိဋ္ဌာန်ကိုယ်၌က “သုတေသနရဲ့တန်ဖိုးကို မလျော့ကျစေပါဘူး။” “အကျိုးနဲ့အကြောင်းကြား အပြန်အလှန်ဆက်စပ်မှုတစ်ခု မပေးနိုင်ခြင်းကသာ” သုတေသနတန်ဖိုးကို လျော့ကျစေတာဖြစ်ပါတယ်။

ဒီအချက်တွေကို ထောက်ရှုပြီး ကျွန်ုပ်တို့အနေနဲ့ ပြောင်းလဲမှုကို အကျိုးသက်ရောက်နိုင်မယ့် အပိုင်းကဏ္ဍကနေ စတင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သုတေသနဆိုတာ နိုင်ငံရေးရပ်တည်ချက်တစ်ခုဘက်မှာ ရပ်တည်ခြင်းပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အပြောင်းအလဲဆိုတာဟာ ဆွေးနွေးအဖြေရှာရင်းကနေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ သို့သော် ဆွေးနွေးချက်တွေဟာ ဖုံးကွယ်ခံရခြင်းနဲ့ ပစ်ပယ်ခံရခြင်းတို့ဖြင့် နှုတ်ပိတ်ခံရပြီး ဖယ်ကျဉ်ခံရနိုင်တဲ့အတွက် (Alatas, 2021, p. 204) တက်ကြွလှုပ်ရှားမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့အတွက် ပလက်ဖောင်းတစ်ခုဆောင်ကျဉ်းလျက် မီဒီယာလုပ်ငန်းများရဲ့ လစ်လျူရှုခံထားရတဲ့ဘက်တွေကို မြင်သာစေပြီး ဇာတ်ကြောင်းပြောပြပေးနိုင်မယ့် နည်းလမ်းများအပေါ်မှာ ကျွန်ုပ်တို့ အနေနဲ့ အာရုံစိုက်ထားမှာ ဖြစ်ပါတယ်။

တက်ကြွလှုပ်ရှားသူ အတတ်ပညာရှင်များအနေနဲ့ ကျွန်ုပ်တို့ဟာ တခါတရံမှာ “ခက်ခဲတဲ့ ကျွမ်းကျင်မှုပညာရပ်ဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာ ရွေးချယ်မှုတွေကို ပြုလုပ်ရပြီးတော့ နောက်ဆက်တွဲများကိုလည်း လက်ခံရပါတယ်” (Pulido, 2008, p. 362)။ ကျွန်ုပ်တို့ရဲ့ ခြေကုပ်ယူရာနေရာဟာ အဓိကသော့ချက်ပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ အရှေ့တောင်အာရှနောက်ခံအကြောင်းအရာများကို ထင်ဟပ်စေတဲ့ အသိပညာကို ထုတ်ဖော်ပေးနေကြောင်းကို သေချာသတိမူမိပါတယ်။ ကိုလိုနီစနစ်ဆန့်ကျင်ရေးအပေါ် ကျွန်ုပ်တို့ရဲ့ ယုံကြည်သက်ဝင်မှုနဲ့အတူ အလေးထားမခံရတဲ့ အခြေအနေတွေနဲ့ အကြောင်းအချက်တွေအပေါ် အပွန်းပဲ့မခံနိုင်မှုတွေဟာ Paula Mora ရဲ့စကားအရဆိုရင် ကျွန်ုပ်တို့အနေနဲ့

[…] သူတို့ရဲ့ (ယူရို-အမေရိကန်ပညာရှင်တွေရဲ့ အခြေခိုင်ခိုင်ရှိနေတဲ့ အတွေးအမြင်ယူဆချက်တွေ) ဉာဏဆိုင်ရာမှာ ကိုယ့်အယူအဆသာအမှန်လို့ ထင်မြင်မှုတွေအပါအဝင် (တခါတရံမှာ မသိစိတ်ကနေ) လူမျိုးရေးအရ၊ ဂျဲန်ဒါအရနဲ့ နိုင်ငံတည်နေရာအရ ပိုမိုကြီးမြတ်တယ်လို့ ခံစားရမှုတွေကို ချိုးဖျက်နိုင်လောက်တဲ့ နည်းလမ်းနဲ့ ကျွန်ုပ်တို့ရဲ့ စိုးရိမ်ချက်တွေကို နားလည်ပေါက်ရောက်‌စေဖို့ဟာ  ကျွန်ုပ်တို့ကိုယ်တိုင် ကြိုးစားရမယ့် အရာပဲဖြစ်ပါတယ်။

Moya, 2011, p. 84

ကျင့်ဝတ်များ

၎င်းတို့ဖြတ်သန်းခဲ့ရတဲ့ သုတေသနဆိုင်ရာ အတွေ့အကြုံများထဲမှကောက်နှုတ်ပြီး အာဏာရှင်ဆန်တဲ့နယ်ပယ်မှာ ကွင်းဆင်းလေ့လာမှုပြုလုပ်ဖို့အတွက် အသုံးဝင်ကာ အများပြည်သူ ယူငင်အသုံးပြုနိုင်တဲ့ စာရင်းမှတ်တမ်းတစ်ခုကို Glasius နဲ့ တွဲဖက်သုသေတီများက အကြံပြုခဲ့ပါတယ် Glasius et al. (2018)။ သုတေသနနဲ့ ပတ်သက်ပြီး ပွင့်လင်းဖို့ကို အသားပေးကာ (နိုင်ငံရေး သို့မဟုတ် အခြားသော) ပေးထားချက် အကန့်အသတ်များနဲ့အညီ ဆောင်ရွက်ပြီး သူတေသနအတွင်း ပိုမိုအရေးပါတဲ့ ပွင့်လင်းမြင်သာမှုအတွက် လိုအပ်ချက်ကို ထည့်သွင်းစဉ်းစားလျက် အမည်မထုတ်ဖော် ရန်လိုအပ်ချက်နဲ့ ယုံကြည်စိတ်ချရန်လိုအပ်ချက်တို့ကို ထိန်းညှိခြင်းတို့ကို အလေးထား ပြောကြားထားပါတယ်။ သုတေသန ပူးပေါင်းဆောင်ရွက်သူများအနေနဲ့ ၎င်းတို့ရဲ့ ဖြစ်စဉ်ကို ထုတ်ဖော်ရာမှာ စိတ်ခံစားချက်များ ပေါက်ကွဲထွက်လာတာဟာလည်း ထိခိုက်မှုပုံစံတစ်မျိုးဖြစ်ကြောင်း သတိပြုရမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ရေးကိုယ်တာနဲ့ စိတ်ဒဏ်ရာနဲ့ပတ်သက်ပြီး နားလည်ထားရှိမှုများဟာလည်း အရေးကြီးပါတယ်။ Boilevin et al. (2018) နဲ့အခြားသော ကျင့်ဝတ်နဲ့ညီသော သုတေသနဆိုင်ရာ လမ်းညွှန်ချက်များကို ဒီမှာ ထပ်မံဖတ်ရှုနိုင်ပါတယ်။

၎င်းသုံးသပ်ချက်များကို အချက်ပြမှုတစ်ခုအဖြစ် သတ်မှတ်ကာ ဖြစ်စဉ်များကို ပြောပြခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးများကို ချိန်ဆပါတယ်။ ဖယ်ကျဉ်ခံထားရတဲ့ ဂျဲန်ဒါများနဲ့ လိင်ပိုင်းဆိုင်ရာတိမ်းညွတ်မှုများရှိတဲ့ လူပုဂ္ဂိုလ်များအနေနဲ့ ၎င်းတို့ရဲ့ ဖြစ်စဉ်များကို ထုတ်ဖော်ပြောကြားခံရခြင်း (နှင့် ရှေးရိုးစွဲတုံ့ပြန်မှုများခံရခြင်း) ထက် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ကို ပိုမိုစဉ်းစားကြပါတယ်။ ဒီအချက်ကြောင့် ကျွန်ုပ်တို့အနေနဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို အထူးဂရုပြုရပါတယ်။ ထို့အပြင် တခါတရံမှာ ပူးပေါင်းဆောင်ရွက်သူများဟာ ကျွန်ုပ်တို့ရဲ့ မိတ်ဆွေများနဲ့ လုပ်ဖော်ကိုင်ဖက်များထဲမှ ဖြစ်လေ့ရှိတာကြောင့် အမျိုးမျိုးသော ပွေလီနေမှုများဟာ “မေးမြန်းသူနဲ့ သတင်းပေးသူကြားက ဆက်ဆံရေးကို ရှုပ်ထွေးစေနိုင်ပါတယ်” (Yao, 2022, p. 5)။

ကျွန်ုပ်တို့ဟာ သတင်းအချက်အလက်များကို ကန့်သတ်ပြီးမျှဝေခြင်းနည်းလမ်းကိုပဲ အသုံးပြုပါတယ်။ ကိုယ်တိုင်ဆုံးဖြတ်ချက်အရ ပူးပေါင်းဆောင်ရွက်မှုလုပ်နိုင်ပြီး ဝိုင်းဝန်းအကဲဖြတ်ခြင်းလုပ်ငန်းစဉ် မတိုင်ခင်မှာ ပါဝင်မှုကို အချိန်မရွေးရုတ်သိမ်းနိုင်ပါတယ်။ ဒီနေရာမှာ ကျွန်ုပ်တို့အနေနဲ့ အမည်မထုတ်ဖော်မှုနဲ့ ယုံကြည်စိတ်ချစေမှုတို့ကို တစ်ကန့်စီ ခွဲခြားထားပါတယ်။ ကျွန်ုပ်တို့ရဲ့ သုတေသနပုံစံဟာ ပူးပေါင်း‌ဆောင်ရွက်သူများအနေနဲ့ အမည်မထုတ်‌‌ဖော်လို့ မရပေမယ့် (၎င်းတို့ရဲ့ ကိုယ်ရေးအချက်များကို သုတေသနသမားများက သိရှိနေပါတယ်) ၎င်းတို့ရဲ့ အသေးစိတ်အချက်အလက်များကို ကန့်သတ်အနေနဲ့ ထိန်းသိမ်းပေးထားပါတယ်။ (၎င်းတို့ရဲ့ ကိုယ်ရေးအချက်များကို အခြားသူများထံ ပေါက်ကြားခြင်းမှ ကာကွယ်နိုင်ရန် ကျွန်ုပ်တို့မှ စီစဉ်ဆောင်ရွက်မှာ ဖြစ်ပါတယ်)

အဆင့်များ

အဆင့် ၁ ။ ။ အချက်အလက်စု‌ဆောင်းခြင်းနှင့် လေ့လာသုံးသပ်ခြင်း

ကျွန်ုပ်တို့အနေနဲ့ အရှေ့တောင်အာရှရှိ ဖယ်ကျဉ်ခံထားရသော ဂျဲန်ဒါများနဲ့ လိင်တိမ်းညွှတ်မှုများရှိနေတဲ့ သတင်းစာသမားများရဲ့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံများနဲ့ ပတ်သက်ပြီး စကားပြောဆိုခြင်း လုပ်ငန်းစဉ်ကို လုပ်ဆောင်နေပါပြီ။ ပူးပေါင်းဆောင်ရွက်သူများ နဲ့ ပတ်သက်သော အချိန်နဲ့တပြေးညီပြင်ဆင်ထားတဲ့ သတင်းအချက်အလက်များကို ဒီမှ ကြည့်ရှုနိုင်ပါတယ်။ ကျွန်ုပ်တို့ဟာ သုတေသနကို ပူးပေါင်းဆောင်ရွက်သူ အနည်းဆုံး အယောက် ၃၀ ရှိစေရန် ရည်ရွယ်ချက်ဖြင့် ကျွန်ုပ်တို့ရဲ့ တိကျသေချာသော (သို့သော် အများအားဖြင့်အင်တာနက်ကွန်ရက်မှ) ပြင်လွယ်ပြောင်းလွယ်သော တည်ဆောက်ပုံရှိတဲ့ မေးမြန်းစူးစမ်းမှုများမှတဆင့် လူမျိုးစုများ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်မယ့် ချဉ်းကပ်ပုံကို အသုံးပြုထားပါတယ်။ အလုပ်သဘောဆန်တဲ့ မေးမြန်းစူးစမ်းမှုများဟာ “လူတွေရဲ့ ကျယ်ပြောလှတဲ့ အတွေ့အကြုံများကို ဖမ်းဆုပ်ရာမှာ” (Teo, 2019, p. 283) မထိရောက်တဲ့အတွက် မေးမြန်းစူးစမ်းမှု တစ်ခုစီဟာ အထက်မှာဖော်ပြခဲ့တဲ့ အဓိကကဏ္ဍခွဲ ငါးခုအပေါ်မှာ ကျယ်ပြန့်စွာ စစ်ဆေးမေးမြန်းထားပါတယ်။ ထိုကဲ့သို့ ပြုလုပ်ခြင်းဟာ နောင်တွင် တခြားသော ဆက်စပ် အကြောင်းအရာများကိုလည်း လေ့လာသုံးသပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

  • စနစ်နှင့် တည်ဆောက်မှုပုံစံအရ ထည့်သွင်းစဉ်းစားစရာများ
  • လုပ်ငန်းထဲကဘဝများ
  • ကိုယ်စားပြုမှုများ
  • ပညာရေးနှင့် လေ့ကျင့်ပေးခြင်း နှင့်
  • ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းများ

မေးမြန်းစူးစမ်းမှုများကို ကနဦးမှာ မှတ်တမ်းဖမ်းယူထားသော်လည်း စာမှတ်တမ်းအဖြစ် ပြောင်းလဲပြီးပါက ဖျက်လိုက်မှာဖြစ်ပါတယ်။ ထုတ်ဝေမယ့်အချက်အလက်များအားလုံးဟာ အမည်ထုတ်ဖော်ထားရှိခြင်းမဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်သူများရဲ့ သဘောတူညီမှုနဲ့သာ အခြားသူများထံထုတ်ဖော်ပြသမှာ ဖြစ်ပါတယ်။

အဆင့် ၂ ။ ။ လေ့လာသုံးသပ်ချက်

မေးမြန်းစူးစမ်းသူများထံမှ ရလာတဲ့ စာမှတ်တမ်းများမှ အသစ်ထွက်ပေါ်လာတဲ့ အာဘော်/ အဓိကဆိုလိုရင်းတွေကို လေ့လာသုံးသပ်မှု ပြုလုပ်ရန်အတွက် စာကြမ်းအဖြစ်ရေးသားပါတယ်။ တချို့ ကိစ္စတွေမှာကျွန်ုပ်တို့ဟာ ဘာသာပြန်ဆိုမှုအပေါ် အားကိုးရပါတယ်။ ဘာသာပြန်ဆိုမှုကိုယ်တိုင်ဟာလည်း ကိုယ်စားပြုမှုအမျိုးအစားတစ်ခု ပဲဖြစ်ကြောင်းကို သတိထားရပါတယ် (Tymoczko, 2006)။ ဆွေးနွေးချက်များ၊ ကျွမ်းကျင်ပညာရှင်များနဲ့ အင်စတီကျူးရှင်းများမှ သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူတွေထံမှ အကြံပြုချက်များရယူပါတယ်။ တစ်ချိန်တည်းမှာလည်း ထို ပညာရှင်တွေဆီမှာလည်း အစွဲ အမျိုးမျိုးရှိတတ်တာကို သတိချပ်ရပါတယ် (Gauntlett, 2008, p. 126)။

အရှေ့တောင်အာရှအကြောင်း သဘောထားအမြင်များ ထွက်ပေါ်လာရန် ပြောဆိုမှုကို ဦးတည်သော်လည်း ကျွန်ုပ်တို့အနေနဲ့ အပေါ်ယံအကြမ်းထည်ကိုသာ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ နေရာ‌ဒေသတစ်ခုစာအတွက် အသေးစိတ်တင်ပြနိုင်ရန်ပင်လျှင် အလွန်များပြားကျယ်ပြန့်တဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ ပါပူယာနယူးဂီနီ နိုင်ငံတွင်းရှိ အာဏာရှင်စနစ်အကြောင်း စာတမ်းတစ်စောင်အတွက်ပင် တက်(ပ်)ဆဲ (Tapsell) (၂၀၁၅) အနေနဲ့ ဒေသတွင်း မီဒီယာလုပ်သား (၂၂) ဦးထံမှ သဘောထားအမြင်များကို ထုတ်ယူခဲ့ရပါတယ်။ ထိုအချက်နှင့် နှိုင်းယှဉ်ကြည့်ပါက ကျွန်ုပ်တို့ရဲ့ ကန့်သတ်ထား သောအတိုင်းအတာဟာ နိုင်ငံတစ်ခုတည်းအတွက် ကောက်ချက်ချခြင်းကိုပြုလုပ်ရန်ပင် မလုံလောက်ပါဘူး။ ဒေတာကောက်ယူခြင်းနဲ့ နိုင်ငံများမှာ ဘုံ သဘောထားအမြင်ရှိနေတာတွေကို အလေးထားဖော်ထုတ်ပြီး ထိုအရာတွေကို ကျွန်ုပ်တို့ရဲ့ သုတေသနမှာ ဗဟိုပြုပြီးလေ့လာသုံးသပ်ချက်ပြုလုပ်ပါတယ်(Gerring, 2004)။14

ကျွန်ုပ်တို့ဟာ ယခုစာစဉ်အတွက် နိုင်ငံများကိုတူရာအုပ်စုဖွဲ့ခြင်းကို ဂရုတစိုက် ထည့်သွင်းစဉ်းစားလျက် တူညီနေသယောင်ဖြစ်မှုကို ရှောင်ရှားရန်အတွက် သုံးလတစ်ကြိမ် အမှတ်စဉ်ခွဲကာ ထုတ်ဝေမှာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ထုတ်ဝေလိုက်တဲ့ စာတမ်းတစ်ခုနဲ့တစ်ခုမှာ ပိုပြီးချိတ်ဆက်မှုကောင်းကောင်းရှိစေဖို့နဲ့ ကျိုးကြောင်းဆီလျော်မှုရှိရှိချိတ်ဆက် နိုင်အောင်ဖြစ်ပါတယ်။ဒီလိုပြုလုပ်ရာမှာ ကျွန်ုပ်တို့ဟာ နေရာအနှံ့အပြားမှာဖြစ်နေတဲ့ တူညီမှုရှိတဲ့ အကြောင်းအရာတွေကိုရှာဖွေဖော်ထုတ်ပြီး ဦးတည်ရေးသားမှာဖြစ်တယ်။

အဆင့် ၃ ။  ။ လူထုအခြေပြု ဝိုင်းဝန်း အကဲဖြတ်ခြင်း

ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုထားပြီး လူထုအခြေပြုတဲ့ ဝိုင်းဝန်းအကဲဖြတ်ခြင်း လုပ်ငန်းစဉ်မှတဆင့် ကျွန်ုပ်တို့ရဲ့ သုတေသနအပေါ် သင်တို့ရဲ့အမြင်ကို သိရှိလိုပါတယ်။ ထိုသို့ပြုလုပ်ခြင်းကြောင့် ဂျဲန်ဒါဆိုင်ရာအမြင်မှတဆင့် သတင်းကဏ္ဍကို ပိုမိုဒီမိုကရေစီစံနှုန်းများနဲ့ ကိုက်ညီလာစေဖို့ လက်တွေ့ဆောင်ရွက်နိုင်တဲ့ တာထွက်အမှတ်များလည်း ပေါ်ပေါက်လာနိုင်ပါတယ်။

စိတ်ပါဝင်စားမှုရှိပြီး မတူကွဲပြားသော ပူးပေါင်းဆောင်ရွက်လိုသူများထံသို့ စာစဉ်ထုတ်ဝေမှုတစ်ခုစီကို စာကြမ်းကို ပေးပို့သွားမှာဖြစ်ပါတယ်။ ထို့အပြင် နယူးနရတစ်(ဖ်)ရဲ့ ဒီမိုကရေစီစာသင်ခန် မှတဆင့် ကိုယ်စားပြုအုပ်စုများရဲ့ ဆွေးနွေးမှုအများအပြားကို အင်တာနက်ကွန်ရက်ပေါ်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ထို့‌နောက်တွင် ၎င်းတို့အပေါ်အခြေခံပြီး ကျွန်ုပ်တို့ရဲ့ လေ့လာသုံးသပ်ချက်ကို ပြန်လည်သုံးသပ်ခြင်းနဲ့ ပြင်ဆင်ခြင်းများ ပြုလုပ်သွားမှာဖြစ်ပါတယ်။15 လုံခြုံမှုနှင့် လျှို့ဝှက်ထားလိုမှုတို့အတွက် အမည်မဖော်လိုသော ပြန်စာများကိုလည်း ကြိုဆိုလက်ခံမှာဖြစ်ပါတယ်။

အဆိုပါ အုပ်စုလိုက်ဆွေးနွေးချက်များကို ကျွန်ုပ်တို့ရဲ့ လူထုပူးပေါင်းဆောင်ရွက်မှုဌာနဖြင့်အတူတကွ ကျင်းပပြုလုပ်မှာဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ အရှေ့တောင်အာရှအတွင်း မီဒီယာလွတ်လပ်ခွင့် စီမံကိန်ထဲ ထည့်သွင်းမှာဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားဖြင့် ကနဦးစီစဉ်ထားသော်လည်း ဘာဟာရှာအင်ဒိုနီးရှားဘာသာစကားဖြင့် ကဏ္ဍအတော်များများကို ပြုလုပ်ဖို့ရည်ရွယ်ထားပြီး အခြားသော ဒေသတွင်းဘာသာစကားများဖြင့်လည်း လူတွေ့ကော အင်တာနက် ကွန်ရက် မှတဆင့်ပါ စီစဉ်ဖြစ်နိုင်ရန် ရည်ရွယ်ထားပါတယ်။

ကျွန်ုပ်တို့ရဲ့ ရှာဖွေတွေ့ရှိချက်များကို သုံးသပ်ရုံအပြင် လက်တွေ့ကျသော ရလဒ်များပါထွက်ပေါ်လာရန်အတွက် ကျွန်ုပ်တို့အနေဖြင့် အဆိုပါ ဆွေးနွေးချက်များကို အသုံးချလိုပါတယ်။ အဆိုပါ ကိုယ်စားပြုအုပ်စုများရဲ့ ဆွေးနွေးချက်များကို အခြေခံပြီး မီဒီယာလုပ်သားများ အသုံးပြုနိုင်တဲ့ ဗျူဟာများနဲ့ အရင်းအမြစ်များပါဝင်တဲ့ လက်စွဲစာအုပ်တခုအဖြစ် အဆုံးသတ်မှာ ပုံဖော်နိုင်ရန် ကျွန်ုပ်တို့ မျှော်လင့်ထားပါတယ်။ ကျွန်ုပ်တို့ အောင်မြင်စွာရယူနိုင်ရန် မျှော်လင့်ထားသည့် ပုံစံနမူနာမှာ “ဘူကူမဲရာ”(Buku Merah) ကဲ့သို့အမျိုးအစားကို ကျွန်ုပ်တို့ ရည်ရွယ်ရာရပ်ဝန်းနှင့်ကိုက်ညီသော ပုံစံမျိုးဖြစ်ပါတယ်။ အချိန်‌ပေးခြင်းအတွက် သင့်အနေဖြင့် အကျိုးခံစားခွင့်် ပြန်လည် ရရှိမှာဖြစ်ပါတယ်။  အမည်ရင်းနှင့် ကိုယ်ရေးအချက်အလက်များကို ဝင်ရောက်ဆွေး‌နွေးချိန်များအတွက် ပေးရန်မလိုအပ်သော် လည်း စာရွက်စာတမ်း ကိစ္စရပ်များအတွက်တော့ လိုအပ်မှာဖြစ်ပါတယ်။

ဒီမှာဖော်ပြထားတဲ့ လင့်ခ် မှာပါဝင်တဲ့ မီဒီယာလွတ်လပ်ခွင့်ကွန်ရက်ရဲ့ လစဉ်သတင်းစဉ် မှတစ်ဆင့် သို့မဟုတ် [email protected] မှတစ်ဆင့် အချိန်နဲ့တပြေးညီသိရှိဖို့ ပါဝင်ချိတ်ဆက်ထားနိုင်ပါတယ်။ မကြာခင်မှာ ပိုမိုပြည့်စုံသော သတင်းအချက်အလက်များဖြင့် ကျွန်ုပ်တို့မှ ပြန်လည်ဆက်သွယ်မှာဖြစ်ပါတယ်။

နိဂုံး သို့မဟုတ် ဘာတွေဆက်ဖြစ်မလဲ

ဖော်ပြပါအကြောင်းအရာများကို ‌ထောက်ရှုလျက် မီဒီယာလွတ်လပ်ခွင့်ဟာ အမြဲမပြတ်လုပ်ဆောင်နေရမယ့် လုပ်ငန်းစဉ် ဖြစ်ကြောင်း သဘောပေါက်နားလည်ကာ ယခုစာစဉ်အတွင်း လေ့လာသုံးသပ်မှု ၃ ခုကို လာမည့် ၃ လပတ်စီတွင် ထုတ်ဝေသွားမှာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် နိဂုံးချုပ်အမှာစာကို ထုတ်ဝေမှာဖြစ်ပါတယ်။ လူထုအခြေပြု ဝေဖန်သုံးသပ်သူ သို့မဟုတ် သုတေသနတွင်ပါဝင်သူအဖြစ် ပါဝင်ဖို့အတွက် သင့်ကို ကျွန်ုပ်တို့မှ ဖိတ်ကြားလိုက်ပါတယ်။ 

သုတေသနအပြီးမှာ ဒေသတွင်း ကွဲပြားစွာရှိနေတဲ့ မီဒီယာလွတ်လပ်ခွင့်ရှိမှုအတွက်  ကနဦးခြုံငုံသုံးသပ်ချက်ကိုသာ ဖြန့်ဝေပေးရုံသာမက သင့်အနေနဲ့ ကျွန်ုပ်တို့လေ့လာမှုတွေကနေ သိရှိလာတဲ့အကြောင်းအရာတွေအပေါ်မှာ နောက်ထပ်လုပ်ဆောင်နိုင်မယ့်သုတေသနတွေ၊ ဆွေးနွေးမှုတွေ နဲ့ နိုင်ငံရေးအပြောင်းအလဲဖြစ်မှုဆိုင်ရာတွေအတွက် အခွင့်အလမ်းတွေဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ဂျဲန်ဒါလေ့လာမှုဆိုတာ သဘောတရားအားဖြင့် ရှုပ်ထွေးမှုရှိပြီး အခြားသောအကြောင်းအရာတွေနဲ့ နက်နက်နဲနဲ ပေါင်းစပ်ရောယှက်မှုတွေ ရှိနေတာကိုလည်း အလေးထားပြောလိုပြီး ရှေ့လာမယ့်ကာလတွေမှာ သတိချပ်စေလိုပါတယ်။

နောက်ထပ်သိလိုသည်များရှိပါက အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါတယ်။

[email protected]

ဝေလျှံသန်း(မ်)

သုတေသနမှူး (researcher)

ကိုးကားချက်များ

ကိုးကားချက်များ

Alatas, S. F. (2021). Silencing as Method: The Case of Malay Studies. In J. Jammes & V. T. King (Eds.), Fieldwork and the Self: Changing Research Styles in Southeast Asia (pp. 199–214). Springer Singapore. https://doi.org/10.1007/978-981-16-2438-4_10

Anderson, B. (2016). Imagined Communities: Reflections on the Origin and Spread of Nationalism. Verso.

Appadurai, A. (2013). The Future as Cultural Fact: Essays on the Global Condition. Verso.

Barker, C. (2004). The Sage dictionary of cultural studies. Sage Publications.  

Besbris, M., and Petre, C. (2020). Professionalizing Contingency: How Journalism Schools Adapt to Deprofessionalization. Social Forces, 98(4): 1524–47.

Boilevin et al. (2018, August 9). Research 101: A Manifesto for Ethical Research in the Downtown Eastside. https://ethics.research.ubc.ca/sites/ore.ubc.ca/files/documents/Manifesto%20for%20Ethical%20Research%20in%20the%20DTES.pdf 

Bong, S. A. (2011). Beyond Queer: An Epistemology of Bi Choice, Journal of Bisexuality, 11(1), 39-63, doi: 10.1080/15299716.2011.545304

Briscoe, L. A. (2019). Women Writers: Banned or Banished. In Ma. Ceres P. Doyo (Ed.), Press freedom under siege reportage that challenged the Marcos dictatorship (pp. 193-4). UP Diliman Press.

Butler, J. (1997) The Psychic Life of Power: Theories in Subjection. Stanford University Press.

Byerly, C. M. (2013a). Factors Affecting the Status of Women Journalists: A Structural Analysis. In C. M. Byerly (Ed.), The Palgrave International Handbook of Women and Journalism (pp. 11-23). Palgrave Macmillan UK. https://doi.org/10.1057/9781137273246_2

Byerly, C. M. (2013b). Introduction. In C. M. Byerly (Ed.), The Palgrave International Handbook of Women and Journalism (pp. 1-10). Palgrave Macmillan UK. https://doi.org/10.1057/9781137273246_1

Cameron, D. (2016, December 15). A brief history of ‘gender’. language: a feminist guide

Carter, C., Branston, G., & Allan, S. (1998). Introduction. In S. Allan, G. Branston, & C. Carter (Eds.), News, Gender and Power. Routledge.

Chambers, D., Steiner, L., & Fleming, C. (2004). Women and Journalism. Routledge.

Chauly, B. (2018). Once We Were There. Epigram.

De Bruin, M. (2000). Gender, organizational and professional identities in journalism. Journalism, 1(2), 217-238. https://doi.org/10.1177/146488490000100205

De Bruyn, F. (2004). From Georgic Poetry to Statistics and Graphs: Eighteenth-Century Representations and the “State” of British Society. The Yale Journal of Criticism, 17(1), 107-139. https://doi.org/10.1353/yale.2004.0003

Djerf-Pierre, M. (2020). Explaining gender equality in news content: Modernisation and a gendered media field. In M. Djerf-Pierre & M. Edström (Eds.), Comparing Gender and Media Equality Across the Globe: A Cross-National Study of the Qualities, Causes, and Consequences of Gender Equality in and through the News Media (pp. 147–190). Nordicom.

Freedom of Expression. (n.d.).  Freedom House. https://freedomhouse.org/issues/freedom-expression

Frydenlund, S., Jalil, A. A., Somiah, V., & Than, T. (2022, August 17). Movement: In, Between, and Beyond Myanmar and Malaysia. Inter-Asia Cultural Studies Summer School, Universiti Malaya.

Galeano, E. (1987). Memory of Fire Vol. 1: Genesis. Pantheon.

Gauntlett, D. (2008). Media, Gender and Identity: An Introduction (2nd ed.). Routledge.

Gerring, J. (2004). What Is a Case Study and What Is It Good for? The American Political Science Review, 98(2), 341-354. http://www.jstor.org/stable/4145316

Gilbert, S. F. (2021). Systemic racism, systemic sexism, and the embryological enterprise. Developmental Biology, 473, 97-104. https://doi.org/https://doi.org/10.1016/j.ydbio.2021.02.001

Glasius, M., Lange, M. d., Bartman, J., Dalmasso, E., Lv, A., DelSordi, A., Michaelsen, M., & Ruijgrok, K. (2018). Research, Ethics and Risk in the Authoritarian Field. Palgrave Macmillan.

Goertz, G., & Mahoney, J. (2012). A tale of two cultures : qualitative and quantitative research in the social sciences. Princeton University Press.

Hacking, I. (1990). The Taming of Chance. Cambridge UP.

Hall, S. (1997). Representatíon: cultural representations and signifying practices. Sage/The Open University.

Hänel, H. (2020). Hermeneutical Injustice, (Self-)Recognition, and Academia. Hypatia, 35(2), 336-354. doi:10.1017/hyp.2020.3

Harvey, D. (2001). Spaces of Capital: Towards a Critical Geography. Routledge.

Hebdige, D. (1998). From Culture to Hegemony. In R. C. D. R. Schleifer (Ed.), Contemporary Literary Criticism (4 ed., pp. 655-662). Pearson.

Heryanto, A., & Mandal, S. K. (Eds.). (2003). Challenging Authoritarianism in Southeast Asia: Comparing Indonesia and Malaysia. Routledge.

“I don’t want to change myself”: Anti-LGBT Conversion Practices, Discrimination, and Violence in Malaysia. (2022). Human Rights Watch and Justice for Sisters.

Ikeya, C. (2006). “Gender, History and Modernity: Representing Women in Twentieth Century Colonial Burma” [dissertation] http://pds21.egloos.com/pds/201211/26/71/CIdissertationpartone.pdf

Imagined Geographies. (n.d.).  Yale-NUS. https://historicalmaps.yale-nus.edu.sg/pages/mapjourneys/imagined-geographies

Inside the News: Challenges and Aspirations of Women Journalists in Asia and the Pacific. (2015). UNESCO Bangkok Office and UN Women Regional Office for Asia and the Pacific.

Kabeer, N. (1994).  Reversed realities: gender hierarchies in development thought.  Verso.

Landry, D., & MacLean, G. M. (1996). Introduction. In D. Landry & G. M. MacLean (Eds.), The Spivak reader : selected works of Gayatri Chakravorty Spivak (pp. 1-13). Routledge.  

Latour, B. (1991). Pandora’s Hope: Essays on the Reality of Science Studies. Harvard University Press. 

Lim, E.-B. (2013). Brown Boys and Rice Queens: Spellbinding Performance in the Asias. New York University Press.

Lockhart, J.W. (2022, August 17). What sex-difference science misses about the messy reality of sex. Psyche. https://psyche.co/ideas/what-sex-difference-science-misses-about-the-messy-reality-of-sex.

Loh, B. Y. H., & Chin, J. (2023). Introduction. In B. Y. H. Loh & J. Chin (Eds.), New Media in the Margins: Lived Realities and Experiences from the Malaysian Peripheries. Palgrave Macmillan.

Magsanoc, L.J. (2019). Women in Media: “We are not freaks”. In Ma Ceres P. Doyo (Ed.), Press freedom under siege reportage that challenged the Marcos dictatorship (pp. 344-5). UP Diliman Press.

Martin, E. (1991). The Egg and the Sperm: How Science Has Constructed A Romance Based On Stereotypical Male-Female Roles. Signs 16, no. 3, 485-501.

Malaysia: Draft Media Council Act (July 2020). (2020). Article 19.

MacKinnon, C. A. (1987). Feminism Unmodified: Discourses on Life and Law. Harvard University Press. 

McClure, K. M. (1999). Figuring Authority: Statistics, Liberal Narrative, and the Vanishing Subject. Theory & Event, 3. muse.jhu.edu/article/32542

McKenzie, D. F. (2004). Bibliography and the Sociology of Texts. Cambridge University Press.

McLuhan, M. (2003). Understanding Media. Routledge.

Moya, P. M. L. (2011). Who We Are and From Where We Speak. Transmodernity: A Journal of Peripheral Cultural Production of the Luso-Hispanic World, 1(2), 79-94.

Ong, J. C., & Cabañes, J. V. A. (2018). Architects of Networked Disinformation: Behind the Scenes of Troll Accounts and Fake News Production in the Philippines (Communication Department Faculty Publication Series, Issue.

Posetti, J., Shabbir, N., Maynard, D., Bontcheva, K., & Aboulez, N. (2021). The Chilling: global trends in online violence against women journalists.

Primandari, F. F. (2022). Beyond the Absence of Killings and Arrests: Exploring “Media Safety” in the Context of Southeast Asia. Media Freedom Insights Series, No. 2. New. Naratif.

Primandari, F. F., Hassan, S., & Melasandy, S. (2021). Envisioning Media Freedom and Independence: Narratives from Southeast Asia. Media Freedom Insights Series, No. 1. New Naratif.

Pulido, L. (2008). FAQs: Frequently (Un)Asked Questions about Being a Scholar Activist. In Engaging Contradictions: Theory, Politics, and Methods of Activist Scholarship (pp. 341-366). University of California Press. https://doi.org/doi:10.1525/9780520916173-017

Rafael, V.L. (2022). The Sovereign Trickster: Death and Laughter in the Age of Duterte. Duke University Press.

Rambatan B., & Johanssen, J. (2022). Event Horizon: Sexuality, Politics, Online Culture, and the Limits of Capitalism. John Hunt Publishing. 

Randhawa, S. (2022). Writing Women: The Women’s Pages of the Malay-Language Press (1987–1998). Palgrave Macmillan.

Randhawa, S. (2022, August 10). Personal communication (interview).

Reporters Without Borders. (n.d.). Asia – Pacific: Absolute and autocratic control of information. https://rsf.org/en/region/asia-pacific

Rights in Reverse: One year under the Perikatan Nasional government in Malaysia. (2021).Article 19 and CIVICUS.

Said, E. W. (1975). The Text, the World, the Critic [research-article]. The Bulletin of the Midwest Modern Language Association, 8(2), 1-23. https://doi.org/10.2307/1314778

Saraswati, L. A. (2021). Pain Generation: Social Media, Feminist Activism, and the Neoliberal Selfie. NYU Press.

Scott, James C. (1985). Weapons of the Weak: Everyday Forms of Peasant Resistance. Yale University Press.

Shor, E., van de Rijt, A., Miltsov, A., Kulkarni, V., & Skiena, S. (2015). A Paper Ceiling: Explaining the Persistent Underrepresentation of Women in Printed News. American Sociological Review, 80(5), 960-984. https://doi.org/10.1177/0003122415596999

Show, Y. X. (2020). Introduction. In Y. X. Show and G. P. Ngoi (Ed.), Revisiting Malaya: Uncovering Historical and Political Thoughts in Nusantara (pp. 1-14). SIRD.

Siao, Y. F. (2022). Performing Fear in Television Production: Practices of an Illiberal Democracy. Amsterdam University Press.

Simpson, A. (2022). A Digital Coup Under Military Rule in Myanmar: New Online Avenues for Repression. Kyoto Review of Southeast Asia, 33. https://kyotoreview.org/issue-33/a-digital-coup-under-military-rule-in-myanmar/

Skidmore, P. (1998). Gender and the Agenda: News reporting of child sexual abuse. In S. Allan, G. Branston, & C. Carter (Eds.), News, Gender and Power. Routledge.

Sombatpoonsiri, J., and Luong, D. N. A. (2022). Justifying Digital Repression via“Fighting Fake News”: A Study of Four Southeast Asian Autocracies. Project Syndicate. https://www.iseas.edu.sg/wp-content/uploads/2022/06/TRS11_22.pdf

Somiah, V. (2021). Irregular Migrants and the Sea at the Borders of Sabah, Malaysia: Pelagic Alliance. Palgrave Macmillan.

Sprague, J. (2016). Feminist Methodologies for Critical Researchers. Rowman & Littlefield.

St. Louis, K. & Calabrese Barton, A. (2002). Tales from the science education crypt: A critical reflection of positionality, subjectivity, and reflexivity in research. Forum, 3(3), Art. 19. Retrieved from https://www.qualitative-research.net/index.php/fqs/article/view/832/1808

Steiner, L. (1998). Stories of Quitting. American Journalism, 15(3), 89-116. https://doi.org/10.1080/08821127.1998.10731989

Tapsell, R. (2015). The Media and Subnational Authoritarianism in Papua. South East Asia Research, 23(3), 319-334. https://doi.org/10.5367/sear.2015.0274

Tei, S. C.-S. (2021). Unspoken. Clarity Publishing.

Teo, Y. Y. (2019). This Is What Inequality Looks Like. Ethos Books.

Than, T. (2021). “Commentary: Tharaphi Than, Why Does Area Studies Need Decolonization?” Critical Asian Studies. https://doi.org/10.52698/XPTS4931

Tsui, C. Y. S., & Lee, F. L. F. (2012). Trajectories of Women Journalists’ Careers in Hong Kong. Journalism Studies, 13(3), 370-385. https://doi.org/10.1080/1461670X.2011.592360

Tymoczko, M. (2006). Translation: Ethics, Ideology, Action. The Massachusetts Review, 47(3), 442-461. http://www.jstor.org/stable/25091110

UN Women. (n.d.). Gender mainstreaming: Concepts and definitions. https://www.un.org/womenwatch/osagi/conceptsandefinitions.htm

Van Dijk, T. A. (1988). News As Discourse (1st ed.). Routledge.

Vergès, F. (2021). A Decolonial Feminism. Pluto Press.

Watson, J. K. (2021). Cold War Reckonings: Authoritarianism and the Genres of Decolonization. Duke UP.

Williams, J. (2018). Stand out of our Light: Freedom and Resistance in the Attention Economy. Cambridge University Press.

Winarnita, M., Bahfen, N., Mintarsih, A. R., Height, G., & Byrne, J. (2022). Gendered Digital Citizenship: How Indonesian Female Journalists Participate in Gender Activism. Journalism Practice, 16(4), 621-636. https://doi.org/10.1080/17512786.2020.1808856Yao, S. (2022). Doing Lifework in Malaysia. Palgrave Macmillan.

ကျေးဇူးတင်လွှာ

ကျွန်ုပ်တို့အနေနဲ့ စာစဉ်ပြုစုစဉ်တစ်လျှောက် ရရှိခဲ့သော အကြံပေးချက်များနဲ့ ကူညီမှုများအတွက် အောက်ဖော်ပြပါ အက္ခရာစဉ်အလိုက်စာရင်းအပါအဝင်ကျေးဇူးတင်ထိုက်သူအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ 

Benjamin Y.H. Loh, Fadhilah F. Primandari, Fadiyah Alaidrus, the Graduate Education and Training in Southeast Asian Studies’ resources (အရှေ့တောင်အာရှလေ့လာမှု ဘွဲ့ကြို ပညာရေးနှင့် သင်တန်းရဲ့ အရင်းအမြစ်များ) Khoo Ying Hooi, Nalini Elumalai, Nuurrianti Jalli, Sonia Randhawa, Siao Yuong Fong, and Vilashini Somiah.

Credits

မီဒီယာလွတ်လပ်ခွင့်ရှိသော အခြေအနေ ဖန်တီးခြင်း – အရှေ့တောင်အာရှတွင် သတင်း တင်ပြခြင်းပညာရပ်ကို ပြန်လည် စမ်းစစ် ဖော်ဆောင်ခြင်း။

ထုတ်ဝေသည့်ခုနှစ် ၂၀၂၃

မီဒီယာလွတ်လပ်ခွင့် အတွေးအမြင်များ အတွဲ ၄ အမှတ် ၁

စာရေးသူ ဝေလျှံသန်း(မ်) (သက်ဝေနှင့် ဘွန်နီ ရမ်ဘတ်တန် တို့၏ ပံ့ပိုးကူညီမှုဖြင့် ရေးသားသည်။)

တည်းဖြတ်သူယုယုဌေး (Yu Yu Htay)

ဘာသာပြန်ယုယုဌေး နှင့်  မာန်သစ် (Yu Yu Htay & Marn Thit)

အနုပညာဒါရိုက်တာ – အယ်လီနာ အက်ကာရာဟန်ဒီ

ဂရပ်ဖစ်အပြင်အဆင် – မု(ဖ်)ကီ ဟူတိုမို

သရုပ်ဖော် – အယ်ရင် ဒွီ အက်(ဇ်)မီ

ရန်ပုံငွေထောက်ပံ့သူ

အရှေ့တောင်အာရှဒေသ မီဒီယာလွတ်လပ်ခွင့် စီမံကိန်းကို ဒီမိုကရေစီပြန့်ပွားရေးအမျိုးသားရန်ပုံငွေ (NED) မှ ထောက်ပံ့ကူညီသည်။ ထောက်ပံ့ရေးအမှတ် ၂၀၂၀-၀၈၉၈၄ 

ထုတ်‌ဝေသူ

နယူးနရတစ်(ဖ်)သည် အရှေ့တောင်အာရှအတွင်းရှိ ဒီမိုကရေစီအရေး၊ သတင်းအချက်အလက်ဆိုင်ရာလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့အတွက် လှုပ်ရှားနေသော လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် အရှေ့တောင်အာရှသားများ မိမိတို့ဒေသ ၊ တူညီသော ယဥ်ကျေးမှုနောက်ခံ နှင့် နောက်ခံသမိုင်းကြောင်း တို့ကို ဂုဏ်ယူနိုင်စေရန် မျှော်ရည်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် အရှေ့တောင်အာရှသားများ လူ့ဂုဏ်သိက္ခာ နှင့် လွတ်လပ်ခွင့် အပြည့်အ၀ရရှိရေးအတွက် ဒေသတစ်ဝှမ်းမှီတင်း နေထိုင်သူ အားလုံးပါဝင်သော အသိုက်အဝန်းတစ်ခု တည်ဆောက်ပြီး ပိုမိုကောင်းမွန်သော အရှေ့တောင်အာရှ ပေါ်ပေါက်လာ စေရေးအတွက် အတူတကွစိတ်ကူး ပုံဖော်နိုင်ရန် တိုက်ပွဲဝင် လျက်ရှိပါသည်။ 

မီဒီယာလွတ်လပ်ခွင့်အတွေးအမြင်များသည် နယူးနရတစ်(ဖ်)၏ အစီရင်ခံစားများစုစည်းတင်ပြမှုများဖြစ်ပြီး အရှေ့တောင်အာရှ‌‌‌ဒေသတွင် မီဒီယာလွတ်လပ်ခွင့်ရရှိရေး တိုက်ပွဲဝင်နေမှုများအတွက် ရည်စူးထားခြင်းဖြစ်သည်။ ဤစာစဉ်သည် မီဒီယာလောကသားများကို အရှေ့တောင်အာရှဒေသ၏ မီဒီယာကဏ္ဍအခင်းအကျင်းတွင် ဗဟိုပြု၍ ချဉ်းကပ်ထားသည်။ စာစဉ်အဖြစ် စုစည်းထားသော အစီရင်ခံစာများသည် အရှေ့တောင်အာရှအတွင်းရှိ မီဒီယာ လုပ်သားများ ရင်ဆိုင်ရသော စိန်ခေါ်မှုများမှစတင်၍ ပိုမိုလွတ်လပ်သော မီဒီယာနယ်ပယ်တစ်ခုထံသို့ ၎င်းတို့၏ မျှော်မှန်းချက် အပါအဝင် စုပေါင်းလုပ်ဆောင်နိုင်မည့် နည်းလမ်းများအထိ ကျယ်ပြန့်သော အကြောင်းအရာအမျိုးမျိုးကို တင်ပြထားပါသည်။

ဤသုတေသနအစီရင်ခံစာတွင်ပါဝင်သော သရုပ်ဖော်ပုံများမှလွဲ၍ သုတေသနအစီရင်ခံစာတစ်ခုလုံးသည် မှတ်ပုံတင်အမှတ် CC BY-NC-SA 4.0 ဖြင့် ခွင့်ပြုချက်ယူကာ ထုတ်ဝေထားပါသည်။ မှတ်ပုံတင်မိတ္တူကိုကြည့်ရှုလိုပါက http://creativecommons.org/licenses/by-nc-sa/4.0/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

သရုပ်ဖော်ပုံများအားလုံးသည် သက်ဆိုင်ရာပုံရေးဆွဲသူ၏  မူပိုင်ဖြစ်သည်။

ဤအစီရင်ခံစာကိုအောက်ပါအတိုင်းကိုးကားပါရန်

Tham, Wai Liang. 2022. Envisioning Media Freedom and Independence: Narratives from Southeast Asia. Media Freedom Insights. Series 4, Publication 1. New Naratif. 

Footnotes
  1. ဖျက်သိမ်းသွားပြီဖြစ်တဲ့ အရှေ့တောင်အာရှ သတင်းစာ မဟာမိတ်အဖွဲ့အစည်းရဲ့ လုပ်လက်စဖြစ်တဲ့ ‌ဒေသတွင်းရှိ စာနယ်ဇင်းသမားတွေအပေါ် ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ဖို့  ဒေသတွင်းရှိ အဖွဲ့အစည်းများဟာ ၂၀၂၂ အရှေ့တောင်အာရှ‌ဒေသတွင်းညီလာခံမှာ လုပ်ဆောင်လျက်ရှိပါတယ်။ စာနယ်ဇင်းသမားများကာကွယ်‌ရေးကော်မတီကဲ့သို့ အခြားသောအဖွဲ့အစည်းများကလည်း သတင်းစာလောကအပေါ် တိုက်ခိုက်မှုအမျိုးမျိုးကို မှတ်တမ်းတင်ထားတဲ့ ပြည့်စုံတဲ့ ‌ဒေတာဘေ့စ်တစ်ခုကို ထိန်းသိမ်းထားရှိပါတယ်။ ↩︎
  2. ဗမာ နဲ့ မြန်မာ အသုံးအနှုန်းဟာ ယေဘုယျအားဖြင့် ဖလှယ်ပြီးအသုံးပြုလို့ရပေမယ့် ဒီဆုံးဖြတ်ချက်ဟာ အသုံးပြုမယ့်သူရဲ့ နိုင်ငံရေးခံယူချက်အပေါ်  မူတည်ပါတယ်။ အထူးသဖြင့် စစ်အုပ်ချုပ်ရေးအပေါ် ခံယူချက်ပေါ် မူတည်ပါတယ်။ စစ်အုပ်ချုပ်ရေးကောင်စီ အနေနဲ့ ယခင်ဗြိတိသျှကိုလိုနီက ပေးခဲ့တဲ့ မြန်မာ ဆိုတဲ့နာမည်ကို စတင်အသုံးပြုခဲ့တဲ့အတွက် ဒီအသုံးအနှုန်းကို ငြင်းဆိုခြင်းဟာ စစ်တပ်ဆန့်ကျင်ရေး ခံယူချက်အဖြစ် ရှုမြင်နိုင်ပါတယ်။ ဖြစ်ပွားနေဆဲ ပြည်တွင်းစစ်အတွင်းက စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားမှုများအပေါ် ကျွန်ုပ်တို့မှ ထပ်တူစာနာမိပါတယ်။ သို့ပေမယ့်လည်း နိုင်ငံသားများကိုယ်တိုင် မြန်မာ ဟူသောအသုံးအနှုန်းကို အသုံးပြုကြတဲ့အတွက် ကျွန်ုပ်တို့လည်း အသုံးပြုသွားမှာ ဖြစ်ပါတယ်။   ↩︎
  3. ဇာတ်ကြောင်းဆိုတဲ့ စကားလုံးနဲ့ အဓိပ္ပါယ်ဆန့်ကျင်နေတဲ့ အစီရင်ခံစာ” ဆိုတဲ့စာလုံးကို အသုံးပြုရာမှာ ဝိရောဓိဖြစ်စေတာကတော့ “အစီရင်ခံစာ” ဆိုတာဟာ “ထောက်ပြလိုသည့်အချက်တစ်ခုခုမပါဘဲ အတိတ်၊ ပစ္စုပ္ပန် သို့မဟုတ် အနာဂတ်ရဲ့ အဖြစ်အပျက်တွေကို အနည်းနဲ့အများ သုံးသပ်ချက်မပါတဲ့ ပုံစံနဲ့ ပြန်ဖော်ပြရမယ်” ဆိုပေမယ့်လည်း ထိုသို့လက်တွေ့ပြုလုပ်ရာမှာတော့ တစ်ဖက်သတ်ဖြစ်ခြင်း၊ ဘက်လိုက်မိခြင်းတို့လို အလွန်ပဲ ပုဂ္ဂလဓိဋ္ဌာန်ဆန်တာမျိုးတွေလည်း ဖြစ်နိုင်လို့ပဲဖြစ်ပါတယ်။ ↩︎
  4. အင်တာနက်ကွန်ရက်စာနယ်ဇင်းပညာနဲ့ ဇာတ်ကြောင်းပြောခြင်း ကဲ့သို့ အရှေ့တောင်အာရှ မီဒီယာပညာရှင်များအတွက် လက်စွဲစာအုပ်များဟာ အသုံးဝင်တဲ့ အရင်းအမြစ်များ ဖြစ်ပါလိမ့်မယ်။ ↩︎
  5. စနစ်တစ်ခုအောက်အတင်းသွတ်သွင်းခြင်း” ကို ကျွန်ုပ်တို့အနေနဲ့ လက်ရှိအချိန်မှာ ဒီလိုမျိုးဖွင့်ဆိုထားပါတယ်။ အတွေးအခေါ်တစ်ခုကို မွေးမြူကျင့်သုံးလိုက်တဲ့အခါ အဲဒီအတွေးအခေါ်အရ ဖြစ်လာရတဲ့ ဖြစ်နိုင်ခြေတွေနဲ့ အကန့်သတ်ရှိစေတဲ့အကြောင်းအရာတွေ ဖြစ်လာပါတော့တယ်။ ဆိုလိုတာက အဲဒီအတွေးအခေါ်နဲ့သွေဖည်တဲ့ ရှုမြင်ချက်တွေ ယုံကြည်ချက်တွေကို ပစ်ပယ်လိုက်ပါတော့တယ် (Scott,1985)။ အဲဒီအတွေးအခေါ်တစ်ခုထဲကိုပဲ လိုက်လျောရတဲ့အတွက် အမိန့်ပေး အမိန့်ခံယူတဲ့သဘောတရားမျိုးဖြစ်ကုန်ပါတယ်။ စိုးမိုးခြယ်လှယ်နိုင်စွမ်းရှိသူတွေက လူတန်းစားအလွှာအသီးသီးကို ဗျူဟာအမျိုးမျိုးနဲ့ သူတို့ရဲ့ လွှမ်းမိုးမှုအာဏာကို အလိုလိုလက်ခံလာအောင်လုပ်ပြီး လူ့အသိုင်းအဝိုင်းကို လွှမ်းမိုးမှုပြုကြပါတယ် (Hall, qtd in Hebdige, 1998, p. 661)။ လူအများလက်ခံပြီး လွှမ်းမိုးကြီးစိုးထားတဲ့ အတွေးအခေါ်နဲ့ သွေဖည်နေခြင်းဟာ လက်တွေ့ကျမှုမရှိဘူး၊ အန္တရာယ် ရှိတယ်ဆိုပြီးမှတ်ယူလို့ရတာနဲ့ တပြိုင်နက်ထဲမှာပဲ ထိုသို့ချမှတ်ကန့်သတ်ထားတဲ့အတွေးအခေါ်တွေကို အမြစ်လှန်ပြောင်းလဲလိုမှု ပြင်းပြတဲ့ဆန္ဒရှိနေခြင်းတွေဟာ လုပ်ဆောင်ချက်တွေမှာပေါ်လွင်သက်ရောက်နေတာမဟုတ်ဘဲ လူတစ်ယောက်ချင်းရဲ့ တွေးပုံခေါ်ပုံတွေ၊ ခံယူချက်တွေနဲ့ သူတို့ရဲ့ပတ်ဝန်းကျင်မှာ သက်ရောက်မှုတွေရှိနေပါတယ် (Scott, 1985, p. 320–02)။ ↩︎
  6. နယ်ချဲ့စနစ်ဆန့်ကျင်ရေး” ဆိုတဲ့ အသုံးအနှုန်းအတွက် ကျွန်ုပ်တို့ပြန်ဆိုထားတဲ့အဓိပ္ပါယ်ဟာ သရဖီသန်း (၂၀၂၁) အဆိုပြုတဲ့ ကိုလိုနီစနစ်နဲ့ ကိုလိုနီဖြစ်မှုတို့ တည်မြဲနေတဲ့ “ပညာရပ်ပိုင်းဆိုင်ရာကဏ္ဍမှာ အမြစ်စွဲနေတဲ့ ကိုလိုနီအလေ့အထတွေနဲ့ ထုံးတမ်းစဉ်လာအကုန်အစင်ကို ဖယ်ရှားသုတ်သင်ခြင်း လုပ်ငန်းစဉ်” ဖြစ်ပါတယ်။ ↩︎
  7. ဖေးမနစ်ဇင်ဟာ ချဉ်းကပ်ပုံနဲ့ အသုံးပြုတဲ့ သဘောတရားပုံဖော်မှု အမျိုးမျိုးရှိနေတာကြောင့် ပုံစံကွဲအမျိုးမျိုးနဲ့ရှိနေပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ပညာရှင်များဖြစ်ကြတဲ့ Rosi Braidotti နဲ့ Karen Barad တို့ဟာ Doonna Haraway၊ N.Katherine Hayles နဲ့ တခြားသောပညာရှင်များရဲ့  ‘ရုပ်ဝတ္ထုအခြေပြု ဖေးမနစ်ဇင်’ အတွေးအခေါ် အသစ်အပေါ်မှာထပ်လောင်းဖြည့်စွက်ပြီး  ဂျဲန်ဒါနဲ့သက်ဆိုင်တဲ့အသိပညာတွေကို လေ့လာပြုစုပြီး ရေးသားတင်ပြခြင်းများပြုလုပ်ခြင်းနဲ့ လူ့အဖွဲ့အစည်းမှာရှိနေပြီးသားဖြစ်တဲ့ လူမှုစီးပွားရေးအဆောက်အအုံ၊ ယဉ်ကျေးမှုဆိုင်ရာအဆောက်အအုံတွေက ထို နားလည်သိရှိမှုတွေမှာ ဘယ်လိုမျိုး သက်ရောက် တုံ့ပြန်မှုတွေရှိနေသလဲဆိုတာတွေပါဝင်ပါတယ်။ဒီဆွေးနွေးချက်တွေဟာကျွန်ုပ်တို့ရဲ့ သုတေသနဘောင်ပြင်ပ မှာရောက်နေပေမယ့် ဘာသာရပ်ဆိုင်ရာ စိတ်ဝင်စားသူများအတွက် အညွှန်းတစ်ခုအနေနဲ့ပဲ ထည့်သွင်းဖော်ပြလိုက်ရပါတယ်။ ↩︎
  8. ထပ်ဆောင်းဆွေးနွေးမှုများအတွက် Teo S. Marasigan suggests Wendy Brown’s chapter in Agamben, G., et al. (2011), Democracy in What State?, published by Columbia University Press, or her 2015 book, Undoing the Demos: Neoliberalism’s Stealth Revolution,  published by Zone Books. တို့တွင်လေ့လာနိုင်ပါတယ်။ ↩︎
  9. Spivak ရဲ့ နိုင်ငံရေးအရ အရိုးစွဲနေတဲ့ ယူဆချက်တွေနဲ့ အစွဲရှိနေတဲ့ သဘောထားကိုဖြိုဖျက်ခြင်းဟာ ‘ပုံတူရေးပညာ’ နဲ့အလားသဏ္ဍန်နဲ့ ဆင်တူပါတယ်။ ဆိုလိုတာက ကိုယ်စားပြုမှုတွေကို ဘယ်လို ချဉ်းကပ်သင့်တယ် ဒါမှမဟုတ် ပြန်လည်သုံးသင့်တာတွေကို ဆွေးနွေးကြ ရပါမယ် (qtd in Landry and MacLean, 1996)။  ↩︎
  10. ယခုအကြောင်းအရာနှင့်ပတ်သတ်ပြီး အတော်များများ ရေးသားကြပြီးဖြစ်သည်။ မိတ်ဆက်ဆွေးနွေးချက်အတွက် Beer (2017) ကိုရှုရန်။ ↩︎
  11. စိန့်လူးဝစ်ဘာတွန် (၂၀၀၂) ရေးသားတဲ့ ရပ်တည်ချက်၊ ပုဂ္ဂလဓိဋ္ဌာန်နှင့် အကျိုးနဲ့အကြောင်းကြား အပြန်အလှန်ဆက်စပ်မှု အကြောင်း မိတ်ဆက်ကို ဒီမှာဖတ်ရှုနိုင်ပါတယ်။ https://www.qualitative-research.net/index.php/fqs/article/view/832/1808  ↩︎
  12. ဓမ္မဓိဋ္ဌာန် (အရှိတရား) ဟာ ၁၈ ရာစုမှစတင်ပြီး အရည်အတွက်ပေါ်အခြေခံတဲ့ လေ့လာသုံးသပ်မှု နီးကပ်စွာ ပတ်သက် လာတာဖြစ်ပါတယ် (De Bruyn, 2004, p. 135)။ ထို့နောက် စာရင်းအင်းပညာဟာ ၁၉ ရာစုနှစ်မှ အဓိကဝါဒီဒဿနနဲ့ ဆက်နွယ်လာပြီး ကိန်းဂဏန်းအခြေပြုအချက်အလက်များရဲ့ ကြီးစိုးမှုဟာ ထိုအချိန်မှစပြီး အမြစ်တွယ်လာပါတော့တယ် (McClure, 1999, p. Part III)။ ↩︎
  13. အရည်အသွေးပေါ်အခြေခံတဲ့ လေ့လာမှုတွေဟာ ယုတ္တိနဲ့ အစုအဖွဲ့ပုံသေနည်းတွေထံမှာ အခြေတည်ပါတယ်။ ဒါကြောင့် (အမြဲတမ်းသတိမူစရာမဖြစ်သော်ငြား) အရည်အတွက်အပေါ်အခြေပြုတဲ့ လေ့လာမှုများအသုံးပြုသလိုပဲ သင်္ချာအခြေခံများကို အသုံးပြုရပါတယ် (Goertz and Mahoney, 2012, p. 2)။ ↩︎
  14. နိုင်ငံ နယ်နိမိတ်(ထိုမှတစ်ဆင့် လွတ်လပ်သောအမျိုးသားနိုင်ငံများ) ဟာ ခွဲခြမ်းစိတ်ဖြာမှုကိုအခြေပြုရန် မလုံလောက်ပါဘူး။ အထူးသဖြင့် ၎င်းတို့ဟာ နိုင်ငံတွင်း ယဉ်ကျေးမှုနဲ့ ဘာသာစကား ကွဲပြားစုံလင်မှုတို့ကို လက်မခံနိုင်တဲ့အခါမျိုးမှာ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ကတော့ မြန်မာနိုင်ငံရှိ မိမိနိုင်ငံတွင်းပင် ကိုလိုနီစနစ်ကျင့်သုံးခြင်း (Than, 2021) သို့မဟုတ် မလေးရှားနှင့် ↩︎
  15. ဂျိမ်း(စ်) စီ စကော့ ဟာ မလေးရှားနိုင်ငံ ကီဒါပြည်နယ်ရှိ အမည်မဖော်ပြထားတဲ့ ကျေးရွာတစ်ခုမှ ရွာသူရွာသားများရဲ့ အရေးပါတဲ့ “ကိစ္စရပ်များနဲ့ သက်ဆိုင်တဲ့ သဘောထားအမြင်များ၊ အတွေးအမြင်များ ၊ အမှားပြင်ဆင်မှုများနဲ့ အကြံပြုချက်များ” အပေါ် မှီခိုအားထားခဲ့ရပါတယ်။ (Scott, 1985, p. xix) ↩︎

To stay updated on the latest New Naratif stories and events, sign up for our weekly newsletter:

Be part of the regional solidarity.

We are strongest when we work together. Collective action and care must be at the heart of our community. Thus, power and resources should be distributed rather than centralised, and exercised collectively rather than directed from the top down.

Bookmark (0)
ClosePlease login

Related Articles

ဒေါက်တာဆာဆာက ဗုံးလုပ်နည်းသင်တန်းသို့ အလည်သွားခြင်း

မြန်မာရဲ့ အရိပ်အစိုးရက တပ်မတော်ကို ခုခံစစ်မကြေညာခင်မှာ လူကိုသေစေနိုင်တဲ့ ဗုံးလုပ်နည်း သင်တန်းများအား အမေရိကန် သေနတ်ဝါသနာရှင်တစ်ဦး က ပြည်သူတွေကို သင်ကြားပေးခဲ့ပြီး ကမ္ဘာပေါ်မှာ လူချစ်လူခင်ပေါများတဲ့ ဒေါက်တာဆာဆာ ဟာ ထိုသူတို့ရဲ့ အားထုတ်မှုကို ချီးကျူးခဲ့ပါတယ်။

Bookmark (0)
ClosePlease login

သတင်းထောက်တိုင်းရဲ့ အိပ်မက်ဆိုး သို့မဟုတ် CNN ရဲ့ တလွဲစွန့်စားမှု

CNN သတင်းထောက် Clarissa Ward ရဲ့ မြန်မာ့အာဏာသိမ်းမှုဖြစ်စဉ်ကို အပေါ်ယံတင်ဆက်ခြင်း၊ သတင်းရင်းမြစ်တွေကို အန္တရာယ်ကျရောက်စေခြင်း နဲ့ သူ့ရဲ့ ရှက်ဖွယ်အကြောင်းပြချက်တွေဟာ စာနယ်ဇင်းကျင့်ဝတ်ကို ဖောက်ဖျက်နေပြီး အာရှသားတွေအတွက် မျက်နှာဖြူကယ်တင်ရှင်တွေ လိုအပ်တယ် ဆိုတဲ့အယူအဆကို ဆက်ပြီးအဓွန့်ရှည်စေတဲ့အကြောင်း စာရေးသူ အေးမင်းသန့် က ရေးသားထားပါတယ်။

Bookmark (0)
ClosePlease login

မြန်မာစစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတဲ့ အရှေ့တောင်အာရှတစ်ခွင်မှ လူ့ အခွင့်အရေးတက်ကြွလှုပ်ရှားသူများ

မြန်မာ့စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးသည် မလေးရှား၊ ထိုင်း၊ နှင့် စင်္ကာပူနိုင်ငံရှိ အဝေးရောက်မြန်မာအသိုင်းအဝိုင်းများ၊ ထိုနိုင်ငံများရှိ ဒေသခံတက်ကြွလှုပ်ရှားသူများတို့အကြား ချိတ်ဆက်မှုနှင့် စည်းလုံးညီညွတ်မှုကို ဖြစ်ပေါ်စေခဲ့သလို၊ အန္တရာယ်ကြားမှ စစ်အာဏာဆန့်ကျင်ရေးကို ဖော်ပြနေကြသည်။

Bookmark (0)
ClosePlease login

“ပုရွက်ဆိတ်နှင့်ဆင်တို့တိုက်ပွဲအလား” မြန်မာ့တက်ကြွလှုပ်ရှားကျောင်းသားများဆို

ယခုနှစ်အတွင်း ဒါဇင်နှင့်ချီ ဖမ်းစီးမှုများရှိနေသည့်ကြားက၊ တက်ကြွလှုပ်ရှားသူကျောင်းသားအုပ်စုုငယ်တစ်ခု ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခဒဏ်ကို အင်တာနက်ဖြတ်တောက်ခြင်းနှင့် မီဒီယာ များကန့်သတ်ခံရခြင်းကြောင့် နှုတ်ဆိတ်ခံနေရသည့်ဖြစ်ရပ်များအား၊ ခါးစည်းခံနေရသည့်အရပ်သားများကိုယ် စား ထုတ်ဖော်ပြောဆိုကြရန်ဆုံးဖြတ်ထားကြသည်။

Bookmark (0)
ClosePlease login

တော်လှန်ရေးအတွက် အားမွေးခြင်း—မြန်မာ့ အာဏာသိမ်းပြီးကာလ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်း

စစ်တပ်၏ အကြမ်းဖက်မှုများသည် အာဏာသိမ်းမှုကို ဆန့်ကျင်နေကြသော မြန်မာနိုင်ငံသားတို့ကို
စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်ယုတ်လျော့ စေသည်။ ယာယီ အနုပညာကုထုံးစင်တာကဲ့သို့သော နေရာအသစ်များက တက်ကြွလှုပ်ရှားသူများနှင့် စာနယ်ဇင်းသတင်းသမားများအတွက် သူတို့၏ စိတ်ပိုင်းဆိုင်ရာ ခံစားချက်များအကြောင်းဆွေးနွေးနိုင်ရန် အခွင့်အရေးများ ဖန်တီးပေးလျက်ရှိပြီး တော်လှန်ရေးကို အာရုံစိုက်နိုင်ရန် ကူညီပေးလျက်ရှိသည်။

Bookmark (0)
ClosePlease login