ဖေဖော်ဝါရီ တစ်ရက်နေ့က မြန်မာ စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက် ရာနဲ့ချီတဲ့ ပြည်သူလူထုများသတ်ဖြတ်ခံရမှုအပေါ် မတ်လ ၁၀ ရက်နေ့ ညနေပိုင်းအချိန်တွင် ဒန်နီရယ်လ်တစ်ယောက် လူ ၂၀ နီးပါးနဲ့အတူ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ ၌ အသံတိတ်ဆုတောင်းပွဲတစ်ခုတွင် ပါဝင်ခဲ့သည်။

“ကျွန်‌တော်တို့ မြန်မာနိုင်ငံမှာ မနေပေမယ့် မြန်မာနိုင်ငံရှိ မြန်မာနိုင်ငံသူနိုင်ငံသားတွေနဲ့ အတူရှိနေတယ်ဆိုတာကို သိစေချင်ပါတယ်” လို့ သူ့ကိုသူ ဒန်နီရယ်လ် ဟုဖော်ပြလိုသူ မြန်မာ ဒုက္ခသည်တစ်ဦးမှ New Naratif သို့ပြောကြားသည်။ 

မလေးရှားအာဏာပိုင်တွေအနေနဲ့ မြန်မာနိုင်ငံမှ ဒုက္ခသည်များကိုအထောက်ထားမဲ့ ဝင်ရောက်လာသူဟုသာ သတ်မှတ်ထားသော်လည်း ဒန်နီရယ်လ် အနေနဲ့ မ ေလးရှားနိုင်ငံရှိ မြန်မာနိုင်ငံသံရုံးေရှ့ ဆန္ဒပြမှုတွင် ဒုတိယအကြိမ်မြောက် ပါဝင်ခြင်းဖြစ်သည်၊ မလေးရှားနိုင်ငံသည် ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ ထုတ်ပြန်ချက်များကို သဘောတူထားခြင်းမရှိသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ သူပါဝင်ခဲ့သည့်နှစ်ကြိမ်လုံးတွင် မလေးရှားအာဏာပိုင်တွေရဲ့ ဖြိုခွင်းခြင်း ကိုခံခဲ့ရသလို ဒန်နီရယ်လ်၏ အထောက်ထားများကိုလည်း စစ်ဆေးခြင်းကိုခံခဲ့ရသည်၊ မြန်မာနိုင်ငံမှ ဒုက္ခသည်များသည် ကုလသမဂ္ဂမှထုတ်ထားပေးသော ကဒ်ကိုသာ အဓိက အထောက်အထားအဖြစ်ကိုင်ဆောင်ထားကြရသည်။

“နိုင်ငံတော်အတွက် အသက်ပေးဆပ်နေကြတဲ့ မြန်မာလူငယ်တွေ Gen Z (Generation Z) နဲ့ နှိုင်းယှဥ်လိုက်ရင် မလေးရှားမှာကျွန်တော်တို့ ကြုံတွေ့ရတာတွေက အသေးအဖွဲ့ လေးပါ” ဟု သူကပြောကြားခဲ့သည်။ လက်ရှိလက်အာဏာသိမ်းမှုကို ရှေ့တန်းကနေပြီး ဆန့်ကျင်ကန့်ကွက်နေကြတဲ့လူငယ်တွေကို Gen Z (ဂျန် ဇီး ) ဟု တင်စားခေါ်ဝေါ်ကြခြင်းဖြစ်သည်။

“ကျွန်တော်တို့တွေ (ပြည်ပရောက် မြန်မာဒုက္ခသည်) အနေနဲ့ ဒီလို ဆန္ဒပြတောင်းဆို နိုင်တာကလွဲပြီး ဘာမှလုပ်ပေးနိုင်တာမရှိဘူး၊ ကျွန်တော်တို့ရဲ့ အခြေခံအခွင့်အေရးကို ကာကွယ်သင့်သလို ကာကွယ်ရမယ့် တာဝန်လဲရှိပါတယ်” ဟုလည်း ဒန်နီရယ်လ်က ထပ်မံပြောကြားသည်။

ကျွန်တော်မြန်မာပြည်မှာရှိစဥ်ကလဲ ရဲတွေကိုမြင်တိုင်း စိတ်ထဲမလုံမလဲနဲ့ မလုခြုံသလိုခံစားရခဲ့တယ်၊ ဒီမှာလဲ (မလေးရှား) အဲဒီနည်းတူခံစားစားရဆဲပါ။

အဆိုပါဆုတောင်းပွဲမှာ ဆန္ဒပြမှုတွေများစွာထဲကတစ်ခုဖြစ်သလို၊ အာဏာသိမ်းပြီးကာလမှာ အရှေ့တောင်အာရှ တခွင် ထွက်ပေါ်လာသည့် စည်းလုံးညီညွတ်မှုတစ်ခုကိုလည်း ပြသနေခြင်းဖြစ်သည်၊ မြန်မာနိုင်ငံမှ ရွှေ့ ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များသည် မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအပေါ် သူတို့၏ဗီဇာနှင့် ဒုက္ခသည်များဆိုင်ရာ အကာကွယ်ပေးမှုကိုပါ စတေးပြီး ဆန်ကျင်နေကြခြင်းလည်းဖြစ်သည်၊ ‌ဒေသခံတက်ကြွလှုပ်ရှားသူများသည်လည်း သူတို့၏လုံခြုံရေးအန္တရာယ်ကိုပါမငဲ့ပဲ သူတို့အသံတွေကို ကျယ်ကျယ်လောင်လောင်ထုတ်ဖော်နေလျှက်ရှိကြသည်။

“များစွာသော လူ့အခွင့်အ‌ရေးချိုးဖောက်မှုနဲ့ ဒီမိုကရေစီအခွင့်အရေး ချိုး‌ဖောက်မှုကို ခံရသည့် မြန်မာပြည်သူများနဲ့အတူ ရပ်တည်ပေးဖို့အရေးကြီးကြောင်း,” ကို မတ်လ ၁၀ ရက်နေ့က ဆုတောင်းဆန္ဒပြပွဲသို့ တက်ရောက်ခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာတက်ကြွလှုပ်ရှားသည့်အဖွဲ့ ဖြစ်သည့် SUARAM ၏ ဒါရိုက်တာ ဆယ်ဗန် ဒိုရီယာဆာမီ ကပြောကြားခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ၏ ပြည်သူလူထုအပေါ်အကြမ်းဖက်မှုကို အာဆီယံအနေနဲ့ ကာကွယ်ရန်ပျက်ကွက်သည့်အပေါ် ဒိုရီယာဆာမီ က လူ့အခွင့်အရေးချိုးဖောက်မှုကို ဖော်ထုတ်ပြသရန်နှင့် ရပ်တန့်ရန်တောင်းဆိုရေးအတွက် မလေးရှားပြည်သူတွေအနေဖြင့်လည်း “စုပေါင်းတာဝန်ရှိကြောင်း” ကို ပြောကြားခဲ့သည်။ 

“လက်ရှိမြန်မာနိုင်မှာဖြစ်ပေါ်နေတဲ့ ပြသနာတွေဟာ ဒေသတွင်း ဒီမိုကရေစီကို အဓိကခြိမ်းခြောက်နေခြင်းတစ်ဖြစ်တယ်” ဟု New Naratif သို့ ပြောကြားသွားခဲ့သည်။

မလေးရှား၌ အဖမ်းအဆီးများကို ထိုက်တိုက်တိုးခြင်း

ဒန်နီရယ်လ်၏ အရင်ကသူတွေ့ကြုံခဲ့ရသည့် မြန်မာစစ်တပ်၏ လူမဆန်မှု အတွေ့အကြုံများကလည်း လက်ရှိအာဏာရှင်ဆန့်ကျင်ရေးကို ဦးတည်စေခဲ့သည်။

ဒန်နီရယ်လ်သည် မလေးရှားနိုင်ငံသို့ မလာမီခင်က ကချင်ပြည်၌ မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIO/KIA) တို့ကြားစစ်ရေးတင်းမာမှုကြောင့် ၂၀၁၀ ခုနှစ်တွင် သူ၏ဇာတိမွေးရပ်မြေ ကချင်ပြည်ကိုစွန့်ခွာထွက်ပြေးလာခဲ့ရသည်။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA) သည် ၁၉၆၀ နှစ်ကတည်းက နိုင်ငံရေးအရသီးခြားရပ်တည်ရေးအတွက် လက်နက်ကိုင်တော်လှန်ခဲ့သည့် ကချင်တော်လှန်ရေးတပ်မတော်တစ်ခုဖြစ်သလို၊ သူ၏ထိန်းချုပ်နယ်မြေများကို အုပ်ချုပ်နေသည့် အဖွဲ့အစည်းတစ်ရပ်လဲဖြစ်သည်။ ဒန်နီရယ်လ် ထွက်ခွာလာသည့်တစ်နှစ်အလွန်မှာပင် ၁၇ နှစ်တာရပ်တန့်ထားခဲ့သည့် ဗမာစစ်တပ်နဲ့ KIA တို့စစ်ပွဲများသည် တစ်ဖန်ပြန်လည်ဖြစ်ပွားလာခဲ့သည်။

လက်ရှိတက္ကသိုလ်ကျောင်းသားတွေလည်း သူတို့ ဆန္ဒပြမှုတွေကြောင့်ပြဿနာတွေနဲ့ရင်ဆိုင်ရမှာကိုလည်း စိုးရိမ်နေကြရသည်။ ၂၀၂၀ ခုနှစ် မေလ အစောပိုင်း ကိုဗစ်-၁၉ ကပ်ရောဂါကြီးစပြီးပြန့်ပွားလာကတည်းက မလေးရှားအာဏာပိုင်တွေအနေနဲ့ ထောင်ချီသောရွှေ့ ပြောင်းများနဲ့ဒုက္ခသည်များကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေချိုး‌ဖောက်မှုနဲ့ ဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ နေအိမ်များကိုပါဝင်ရောက်စီးနင်းခြင်း စသည့်တင်းကျပ်စွာ လုပ်ဆောင်နေတာမျိုးလဲရှိနေခဲ့သည်။ မလေးရှားအာဏာပိုင်တွေကလဲ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီအား လူဝင်မှုကြီးကြပ်ရေးထိန်းချုပ်စခန်းသို့ ဝင်ရောက်ခွင့်ကို ၂၀၁၉ သြဂုတ်လ ကနေ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ အထိ ပိတ်ပင်ထားခဲ့သည်။ ထိုသို့ပိတ်ပင်ထားခြင်းမှာ ဖမ်းဆီးခံ ရွှေ့ ပြောင်းများနှင့် ဒုက္ခသည်များ၏ နိုင်ငံတကာလူသားချင်းစာနာထောက်ထားရေးအကူအညီများ လိုအပ်မှုများကို ကူညီထောက်ပံ့ရန်အခက်ခဲဖြစ်စေခဲ့သည်။

နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် တရားရုံးများက ဖမ်းဆီးခံမြန်မာနိုင်ငံသားများအားပြန်လည်ပို့ဆောင်ခြင်းကိုရပ်တန့်းရန်တောင်းဆိုခဲ့ကြသည့်တိုင်၊ ၂၄ ရက်၊ ဖေပေါ်ဝါရီ လ ကတည်းက မလေးရှားအာဏာပိုင်တွေက ထောင်ချီသော မြန်မာနိုင်ငံသားများကို ပြန်လည်ပို့ဆောင်ခဲ့သည်။

ကျွန်တော်တို့တွေ မိနစ် သုံးဆယ်ခန့် ဆန္ဒဖော်ထုတ်ခွင့်ကို တောင်းဆိုခဲ့ပေမယ့် အဏာပိုင်တွေက စက္ကန့်သုံးဆယ်ခန့်တောင် ခွင့်မပြုနိုင်ဘူးလို့ တုန့်ပြန်ခဲ့တယ်။

မလေးရှားအာဏာပိုင်များက ခိုလှုံခွင့်ပေးထားခြင်းကို ဒန်နီရယ်လ်အနေဖြင့်ကျေးဇူးတင်နေသော်လည်း ကြောက်ရွံ့ နေရဆဲပင်၊ သူအထက်တန်းကျောင်းတက်နေတုန်းကလည်း အလုပ် ကနေ နေအိမ်သို့လမ်းလျှောက်ပြန်စဥ် မလေးရှားရဲတွေက သူ၏ အထောက်ထားတွေကိုစစ်ဆေးခဲ့ပြီး၊ ကုလသမဂ္ဂမှထုတ်ပေးထားသည့် ယူအန်ကဒ်ပြသော်လည်း မလေးငွ ၅၀၀ (ဒေါ်လာ ၁၂၂) လာဘ်ပေးပြီးမှ သူတစ်ဦးတည်းသာ ပြန်လွှတ်ခဲ့သည်။

“ကျွန်တော်မြန်မာပြည်မှာရှိစဥ်ကလဲ ရဲတွေကိုမြင်တိုင်း စိတ်ထဲမလုံမလဲနဲ့ မလုခြုံသလိုခံစားရခဲ့တယ်၊ ဒီမှာလဲ (မလေးရှား) အဲဒီနည်းတူခံစားစားရဆဲပါ” ဟုဒန်နီရယ်လ်ကပြောကြားသည်။

ဒန်နီရယ်လ်သည် ၂၀၁၇ ခုနှစ်တုန်းက မြန်မာ့တပ်မတော်၏ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုအပေါ် မလေးရှားအာဏာပိုင်၏ ခွင့်ပြုချက်နဲ့ ရာနဲ့ချီ ဆန္ဒဖော်ထုတ်ခဲ့သူတွေထဲမှာ ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်သည်၊ ယခုနှစ်တွင်တော့ ဖေပေါ်ဝါရီလတုန်းက စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုမိန့်တင်တောင်းဆိုခဲ့သော်လည်း ကိုဗစ် ကပ်ရောဂါကိုအကြောင်းပြကာပယ်ချခံခဲ့ရသည်။

ထိုအာဏာသိမ်းမှုနှင့်ပတ်သက်ပြီး မလေးရှား၌နေထိုင်လျှက်ရှိသော တစ်သိန်းငါးသောင်းသော မြန်မာဒုက္ခသည်များထဲမှ မည်သူတစ်ဦးတစ်ယောက်မှ လူထုဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်ခဲ့ခြင်းမရှိပေ၊ ဒန်နီရယ်လ်သည် မတ် လ တွင် ဆန္ဒဖော်ထုတ်ခဲ့သည့် လူတစ်စုထဲမှတစ်ဦးအပါအဝင်ဖြစ်သည်၊ ပထမ ဆန္ဒဖော်ထုတ်မှုကလည်း သူနှင့် တစ်ခြားဒုက္ခသည်တချို့သာဖော်ထုတ်ခဲ့ခြင်းဖြစ်သည်၊ ဆန္ဒဖော်ထုတ်စဥ်ကလည်း မိနစ်အနည်းငယ်အတွင်း လုံခြုံရေးရဲများရောက်လာခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့တွေ မိနစ် သုံးဆယ်ခန့် ဆန္ဒဖော်ထုတ်ခွင့်ကို တောင်းဆိုခဲ့ပေမယ့် အဏာပိုင်တွေက စက္ကန့်သုံးဆယ်ခန့်တောင် ခွင့်မပြုနိုင်ဘူးလို့ တုန့်ပြန်ခဲ့တယ်” ဟု ဒန်နီရယ်လ်က ပြောသည်။ 

ဒန်နီရယ်လ်နှင့် သူ့ငယ်ချင်းတို့၏ အထောက်အထားများဖြစ်သည့် ကုသမဂ္ဂကဒ်ပြားများဓာတ်ပုံတွေရိုက်ပြီး၊ သူတို့ကိုလည်း လက်ထိပ်ဖြင့် အာဏာပိုင်များ၏ ခြိမ်ခြောက် ခြင်းကို ခံရပြီနောက် သူတို့နေအိမ်သို့ ပြန်လာခဲ့ကြသည်။

၂၀၂၁ ခုနှစ် မတ်လ က အာဏာရှင်စနစ်ကျရှုံးရေးနဲ့ မြန်မာစစ်တပ်၏ အကြမ်းဖက်မှုကြောင့်ကျရှုံးခဲ့သူများအာ ဆုတောင်းမေတ္တာပို့ပွဲကို မလေးရှားတက်ကြွလှုပ်ရှားသူများလဲ မြန်မာဒုက္ခသည်များနဲ့အတူ ကွာလာလမ်ပူ ရှိမြန်မာသံရုံးရှေတွင် ပြုလုပ်ခဲ့ကြောင်းသိပါတယ်။ Credit: Hasnoor Hussain

ထိုသို့လှုပ်ရှားသည့်ဓာတ်ပုံများလူမှုကွန်ရက်ပေါ်မှာပြန့်သွားပြီးနောက် ဒေသခံတက်ကြွလှုပ်ရှားသူများက အရှေ့တောင်အာရှတခွင် ဒီမိုကရေစီ ရရှိရေး အင်တာနက်ပေါ်လှုပ်ရှားမှုတစ်ခုဖြစ်သည့သည့် Milk Tea Alliance တွင်ပါဝင်ရန် ဒန်နီရယ်လ်နှင့်သူ့သူငယ်ချင်းများအား ဆက်သွယ်ခဲ့သည်၊ နောက် ငါးရက်မြောက်နေ့တွင် ဒန်နီရယ်လ်တို့နှစ်‌ယောက်ကို ဆီမီးထွန်းဆုတောင်းဖို့ နောက်တစ်ကြိမ်ဆက်သွယ်လာကြသည်၊ သည်တစ်ကြိမ်တွင်တော့ မလေးရှားတက်ကြွလှုပ်ရှားသူများပါ ပါဝင်လာခဲ့ကြောင်းသိရသည်။

ရဲတွေရောက်ရှိလာပြီး ဒန်နီရယ်လ်နဲ့သူနဲ့အတူဆန္ဒဖော်ထုတ်နေကြသည့် ဒုက္ခသည်များဆီသို့ ချဥ်းကပ်လာစဥ် ထိုဆုတောင်းဆန္ဒ‌ဖော်ထုတ်ရာတွင်ပါဝင်သော မလေးရှားတက်ကြွလှုပ်ရှားသူများက ဝင်ရောက်အကာကွယ်ပေးခဲ့ကြကြောင်းလည်း သိရသည်။

ပတ်ဝန်းကျင်က ကျွန်တော်တို့အတွက် တိတ်ဆိတ်နေခဲ့ပါတယ်၊ ဒီကတက်ကြွလှုပ်ရှားသူတွေမရှိခဲ့ဘူးဆိုရင် အဲဒီည ကျွန်တော်တို့အချုပ်ထဲမှာပဲနေရလိမ့်မယ် ဟု ဒန်နီရယ်လ်က ပြောသည်။

“မလေးရှားမှာတော့ ကျွန်တော်တို့ မြန်မာထက် ပိုလုံခြုံသလိုခံစားရပါတယ်၊ ဒါပေမယ့် တကယ်လုံခြုံတာတော့မဟုတ်ပါဘူး၊ တကယ်လို့ ဒီလိုမျိုးရဲတွေဆီမှာမှတ်တမ်းရှိနေပြီဆိုရင်တော့ လုံခြုံစိတ်ချဖို့တော့ ခက်တယ်” ဟုလည်းသူကထပ်လောင်းပြောခဲ့သည်။

ထိုအချိန်မှစကာ မလေးရှားရောက်မြန်မာလူမျိုးများ တခြားသောပုံစံ အမျိုးမျိုးဖြင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကို ပြုလုပ်နေခဲ့ကြသည်၊ တချို့က မလေးရှားတက်ကြွလှုပ်ရှားသူများနှင့်ပေါင်းပြီး မြန်မာနိုင်ငံ၌အကြမ်းဖက်မှုမြင့်တက်လာနေခြင်းကို မလေးရှား အရပ်ဖက်အဖွဲ့အစည်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ လက်မှတ်ထိုးထားသည့် ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့ ဒီလိုပူးပေါင်းပါဝင်ရတာဟာ မလေးရှားမှာရှိတဲ့ အရေးကြီးတဲ့အဖွဲ့အစည်းတွေဆီကို ကျွန်တော်တို့အသံတွေရောက်နိုင်ပြီး မလေးရှားတက်ကြွလှုပ်ရှားသူတွေကလဲ ထောက်ခံအားပေးပါတယ်” ဟုဒန်နီရယ်လ်ကပြောကြားသွားခဲ့သည်။

တိတ်ဆိတ်နေသောထိုင်းနိုင်ငံ

ထိုင်းအစိုးရအနေနှင့် တက်ကြွလှုပ်ရှားသူများ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်မှုကို ပိုပြီးလွတ်လပ်ခွင့်တွေပေးခဲ့ပေမယ့် ကိုဗစ် ကပ်ရောဂါကူးစက်မှုမြင့်တက်လာသည်အခါ ထိုင်းဒီမိုကရေစီလှုရှားသူတွေကို ဖမ်းဆီးအရေးယူမှုမြင့်တက်လာသောကြောင့် နှစ်သန်းကျော်သော မြန်မာရွှေ့ပြောင်းလုပ်သားများထဲမှ တချို့သာ ဆန္ဒဖော်ထုတ်ရဲကြတော့သည်။

စစ်အာဏာသိမ်းကတည်းက ဓတ်ပုံတွေ သတင်းတွေကို မြင်ရပြီး ကျွန်မ ညညဆိုအိပ်လို့မရဘူး၊ ဒီစိတ်ဒါဏ်ရာတွေနဲ့ ကျွန်မနေနေရတယ်၊ တစ်ခါတလေဆို တစ်ယောက်တည်းငိုနေမိတယ်။

မထိုက်ထိုက်* သည် ထိုင်းနိုင်ငံရှိ အစိုးရမဟုတ်သည့်အဖွဲ့အစည်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည်မှာ ဆယ်စုနှစ်တစ်ခုနီးပါးရှိခဲ့ပြီဖြစ်သည်၊ ယခုအခါမြန်မာနိုင်ငံမှ သတင်းတွေက သူမကိုစိတ်ထိခိုက်စေတယ် ဟုပြောကြားခဲ့သည်။

“စစ်အာဏာသိမ်းကတည်းက ဓတ်ပုံတွေ သတင်းတွေကို မြင်ရပြီး ကျွန်မ ညညဆိုအိပ်လို့မရဘူး၊ ဒီစိတ်ဒါဏ်ရာတွေနဲ့ ကျွန်မနေနေရတယ်၊ တစ်ခါတလေဆို တစ်ယောက်တည်းငိုနေမိတယ်”။

ပြီးခဲ့တဲ့နှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့တဲ့ နိုဝင်ဘာလ မြန်မာအထွေထွေရွေးကောက်ပွဲမှာ မထိုက်ထိုက်၏ ပထမဆုံးမဲပေးခဲ့တဲ့ရွေးကောက်ပွဲလည်းဖြစ်သလို တစ်ခြားရွှေ့ပြောင်းမြန်မာများဆန္ဒမဲရေးရာ၌ အကူအညီများပေးခဲ့သည်။

တက်ကြွလှုပ်မှုနဲ့ပတ်သက်ပြီး သူမအနေဖြင့် အတွေ့အကြုံများမရှိသော်လည်း မတ်လတုန်းက သူမကိုယ်တိုင် ဦးစီးဦးဆောင်ပြီး ရွေးကောက်ပွဲရလဒ်ကို အသိမှတ်ပြုပေးရေး ဆန္ဒထုတ်ဖော်ခဲ့သည်။

“ကျွန်မတို့ ကိုယ်တိုင် မြန်မာသံရုံးမှ စာရွက်စာတန်းတွေဝယ်ယူကာ မြန်မာရွှေ့ပြောင်းအလုပ်သမားများ မဲပေးနိုင်ရေး ဖြန့်ဝေခဲ့ရတယ်” ဟုသူမပြောပြသည်။ “မဲပေးရဖို့ မနက်ကနေညနေအထိ နေကျဲကျဲပူနေတဲ့ထဲ တန်းစီစောင့်ခဲ့ရတယ်၊၊ အခုလိုအာဏာသိမ်းလိုက်တော့ ကျွန်မတို့ပေးခဲ့တဲ့ မဲတွေ အကျိုးမဲ့ဖြစ်သွားတာပေါ့” လို့ မထိုက်ထိုက်ကပြောသည်။

မတ်လ ၇ ရက်နေ့က တစ်ထောင်နီးပါးခန့်သော မြန်မာနိုင်ငံသားများ ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ရန် မထိုက်ထိုက် စီစဥ်ခဲ့သလို၊ ဆန္ဒပြခွင့်ရရန်အတွက် ထိုင်းကျောင်းသားများ ကူညီပေးခဲ့ကြသည်။

“ထိုင်းကျောင်းသားလူငယ်တွေလည်း ကျွန်မတို့နဲ့အတူရှိနေသလိုခံစားရတယ်” ဟု မထိုက်ထိုက် New Naratif သို့ပြောသည်။

အတားအဆီးတစ်စုံတရာမရှိပဲ ဆန္ဒပြပွဲဖော်ထုတ်ပွဲချောမွေ့စွာပြီးဆုံးခဲ့သော်လည်း မထိုထိုက်နှင့်ဆန္ဒပြခေါင်းဆောင်များ၏နိုင်ငံကူးလက်မှတ်များကို ထိုင်းရဲက ဓာတ်ပုံရိုက်ယူခဲ့သည်။

“သူတို့ကကျွန်မတို့ကို မှတ်တမ်းမျှသာယူတာ၊ ဘာမှမလုပ်ပါဘူးလို့ ရဲတွေကပြောပေမယ့် ဆန္ဒပြပြီးနောက်ပိုင်းမှာ သူမတို့နောက်ကိုလိုက်ပြီး ကျွန်မတို့အလုပ်အထိတောင် ရောက်လာကြတယ်” ဟု မထိုထိုက်ကပြောပြသည်၊၊ ကိုဗစ်ကိုအကြောင်းများပြကာ အာဏာပိုင်တွေက နောက်ထပ်လူစုလူဝေးတွေမလုပ်ဖို့ ခံဝန်လက်မှတ်တွေထိုးခိုင်းခဲ့တယ်လို့လည်းသိရသည်။

ထိုခံဝန်လက်မှတ်ထိုးပြီးသည်မှစကာ မထိုက်ထိုက်လည်း ဆန္ဒဖော်ထုတ်သည့် လှုပ်ရှားမှုများကိုရပ်တန့်ပြီး တခြားရွှေ့ပြောင်းမြန်မာနိုလုပ်သားများနှင့်ပူးပေါင်းကာ ပြည်သူအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM – Civil Disobedience Movement) မှာပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများနှင့် လက်နက်ကိုင်ပဋိပက္ဒ‌ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာရသူများအတွက် ကူညီထောက်ပံ့ရေးကိုသာ လုပ်ဆောင်နေခဲ့သည်။

အစုအဝေးစိတ်ဓာတ်နှင့် စင်္ကာပူ

စင်္ကာပူ နိုင်ငံမှာ မြန်မာလူမျိုး နှစ်သိန်းနီးပါးရှိနေသည်၊ မြန်မာနိုင်ငံ၌ စစ်တပ်မှ အာဏာသိမ်းပြီး ငါးရက် အကြာမှာ စင်္ကာပူအာဏာပိုင်တွေက လူစုလူဝေးမလုပ်ရန် အမိန့်ထုတ်ပြန်ခဲ့သလို၊ ခွင့်ပြုမိန့်မရပဲ လူစုလူဝေးလုပ်ခြင်းသည် ဥပဒေချိုး‌ဖောက်မှုဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆန္ဒပြရန်အစီအစဥ်ကို မြန်မာနိုင်ငံသားများ၏ အွန်လိုင်းပို့စ်များကို ကိုးကားပြီး စင်္ကာပူရဲမှ ဥပဒေများကိုလိုက်နာရန်နှင့် မလိုက်နာပါက ဗီဇာများကိုဖျက်သိမ်းမည်ဟု အာဏာပိုင်တွေက သတိပေးခဲ့သည်။

“နိုင်င့ခြားသားတွေအနေနဲ့ မိမိ၏နိုင်ငံရေးပြသနာတွေကို စင်္ကာပူသို့ မသယ်ဆောင်လာရန်” ထိုသတိပေးထုတ်ပြန်စာတွင်ရေးသားထားသည်။

စင်္ကာပူမှာ နေထိုင်တာ ဆယ်နှစ်ခန့်ကြာပြီဖြစ်တဲ့ သီယိုလို့ အမည်ပြောင်ပေးထားသည့် မြန်မာနိုင်ငံသားတစ်ဦးက စင်္ကာပူအာဏာပိုင်များ၏ ယင်းသို့ပိတ်ပင်တားဆီးမှုအပေါ် တစ်ဦးတစ်ယောက်အနေနဲ့တော့ မေးခွန်းထုတ်စရာမရှိဘူး လို့ New Naratif သို့မှတ်ချက်ပေးသည်။

“ကျွန်တော်တို့ မြန်မာသံရုံးရှေ့ မှာ ဆန္ဒပြတာတို့ တစ်ခြားလှုပ်ရှားမှုတွေလည်းလုပ်ချင်ပါတယ် ဒါပေမယ့် ဒီနိုင်ငံမှာနေတော့ ဒီနိုင်ငံရဲ့ ဥပဒေတွေကို လိုက်နာရမှာပဲလေ” ဟုသီယိုပြောသည်။

ပြည်ပမှလူတွေ ထုတ်ဖော်မပြောဆိုဘူးဆိုရင် ပြည်တွင်းထဲကလူတွေအတွက်မတရားဘူးလို့ ကျွန်တော်ခံစားမိပါတယ်။

အိုလေဗီယာ လို့သူ့ကိုသူအမည်ပြောင်ပေးထားတဲ့ မြန်မာနိုင်ငံသူတစ်ဦးကလည်း စစ်အာဏာသိမ်းမှုကြောင့် သူ့ မအလုပ်ခွင်မှာ အာရုံမစိုက်နိုင်ဘူးလို့ ပြောကြားခဲ့သည်။

“ကျွန်မအနေနဲ့ စိုးရိမ်ကြောင့်ကြမှုဆိုတာ စစ်အာဏာမသိမ်းမီချိန်ထိ ဘာမှန်မသိခဲ့ပါဘူး၊ အခုအချိန်မှာ ကျွန်မအလုပ်မှာလဲ အာရုံမစိုက်နိုင်တော့ ကျွန်မ အိမ်ပဲပြန်ချင်တယ်လို့ မန်နေဂျာကို ပြောခဲ့ရတယ်” ဟု သူမကပြောပြသည်။

သို့သော်လဲ အိုလေဗီယာနှင့်သီယိုတို့ နှစ်ဦး ဒီအတိုင်းခံစားမနေပဲ အွန်လိုင်းတက်ကြွလှုပ်ရှားမှုဘက်သို့ဦးလှည့်ခဲ့ကြသည်၊ အိုလေဗီယာ၏ လုပ်ဖော်ကိုင်ဖက်တွေက သတိထားဖို့ ပြောကြပေမယ့် အာဏာဆန့်ကျင်ရေးပို့စ်များကို ပုံမှန်အတိုင်း လူမှုကွန်ရက်ပေါ်တင်နေခဲ့သည်။

“ပြည်ပမှလူတွေ ထုတ်ဖော်မပြောဆိုဘူးဆိုရင် ပြည်တွင်းထဲကလူတွေအတွက်မတရားဘူးလို့ ကျွန်တော်ခံစားမိပါတယ်” သူမက ပြောာသည်။

တစ်ခါမှ လူမှုကွန်ရက်ပေါ်တက်ကြွလှုပ်ရှားမှုမှာ မပါဝင်ဖူးသည့် သီယိုသည်လည်း အာဏာသိမ်းပြီးနောက် တွစ်တာကို အသုံးပြုခဲ့ပြီး၊၊ အခုဆို ဖော်လိုဝါ သောင်းချီရှိနေခဲ့ပြီဖြစ်သည်။

“ဒီအာဏာသိမ်းမှုကကျွန်တော့်ကို ဒီလို လူမှုကွန်ယက်ပေါ်မှာ တက်ကြွလှုပ်ရှားမှုတွေလုပ်ဖို့ တွန်းပို့ခဲ့တယ်၊ ဒီကာလမတိုင်ခင်တော့ ကျွန်တော် နိုင်ငံရေးအကြောင်းတွေ၊ တိုင်းရင်းသားလူနည်းစုတို့ရဲ့အခွင့်အရး၊ ဘာသာရေး စတာတွေဆွေးနွေးချင်ခဲ့ပေမယ် ‌ပြောဆိုဆွေးဖို့အချိန်ကောင်းအခါကောင်းတွေမဖြစ်ခဲ့ဘူး”

“ဒါက လေလိုင်းပေါ်မှာဆိုပေမယ့် ဆက်ပြီးလှုပ်ရှားနေဖို့အရေးကြီးပါတယ်” လို့သူကထည့်သွင်းပြောကြားခဲ့သည့်အပြင်၊ “ပြည်ပရောက် မြန်မာလူမျိုးတွေအနေဖြင့် အစုအဝေးစိတ်ဓာတ် (community spirit) နဲ့ စည်းလုံးညီညွတ်မှုကိုတွ့မြင်နေရတယ်၊ ဒါကကျွန်တော်တို့ကိုပိုပြီးအားကောင်းစေတယ်” ဟု သီယိုပြောကြားခဲ့သည်။

စည်းလုံးညီညွတ်မှုကိုပြသနေတဲ့ အင်ဒိုနီးရှား

အင်ဒိုနီးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားအနည်းငယ်သာရှိသော်လည်း ဒေသတွင်းတက်ကြွလှုပ်ရှားသူများသည် မြန်မာနိုင်ငံအရေးကို အာရုံစိုက်ခဲ့ကြသည်၊ အထူးသဖြင့် ဂျာကာတာ မြို့၌ အေပြီလ ၂၄ ရက်နေ့ က ကျင်းပခဲ့သည် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံအကျပ်အတည်းများကို ဦးစားပေးဆွေးနွေးရန်တိုက်တွန်းခဲ့ကြသည်။

ထိုအစည်းအဝေးသည် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုမှ ကြီးမှုးပြီးကျင်းပသော အာဆီယံထိပ်သီးအစည်းအဝေးတစ်ခုဖြစ်ပြီး၊ မတ်လ ၁၉ရက်နေ့ ကလည်း အကြမ်းဖက်မှုရပ်တန့်ရေး နှင့် ဒီမိုကရေစီပြန်လည်ထူထောင်ရေး ကိုတောင်းဆိုခဲ့သလို အာဆီယံခေါင်းဆောင်တွေအနေနဲ့ မြန်မာ့အရေးဆွေးနွေးရန်လည်းတောင်းဆိုခဲ့သူဖြစ်သည်။ အဖွဲ့ဝင် ၁၀ နိုင်ငံမှ ခေါင်း‌ဆောင်းတွေမှာ အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကိုထည့်သွင်းသည့်အပေါ်ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်မှုများရှိခဲ့သလို၊ တိမ်းရှောင်နေရဆဲ ရွေးကောက်ပွဲနိုင် အမတ်တွေနှင့် အေပြီလ ၁၆ ရက်နေ့က ကဖွဲ့စည်းလိုက်သည့် အမျိုးညီညွတ်ရေးအစိုးရအား ဖိတ်ခေါ်ရန် ပျက်ကွက်ခဲ့မှုအတွက်လည်း ထိုအာဆီယံအစည်းဝေးအပေါ်ဝေဖန်မှုတွေရှိခဲ့သည်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံတကာမှအာရုံစိုက်ရန် ထိုအစည်းအဝေးမတိုင်ခင် အင်ဒိုနီးရှားတက်ကြွလှုပ်ရှားသူများက Milk Tea Alliance လှုပ်ရှားမှုအဖြစ် စက်ဘီးစီးဆန္ဒထုတ်ဖော်ခဲ့ကြသည်၊ ထိုလှုပ်ရှားမှုမှာ တက်ကြွလှုပ်ရှားသူ ၇၀ နီးပါးပါဝင်ခဲ့သည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖြစ်နေတာနဲ့ပတ်သက်လို့ စိတ်မကောင်းဖြစ်ရပါတယ်၊ ကျွန်တော်တို့မြန်မာပြည်သူတွေနဲ့အတူရှိနေကြောင်းကိုပြသရန်လုပ်ဆောင်ခြင်းဖြစ်ပါတယ်” လို့ ထိုလှုပ်ရှားမှုကို စီစဥ်ခဲ့သည့သည့် အမည်မဖော်လိုသူတစ်ဦးကပြောခဲ့သည်၊ “ကျွန်တော်တို့အနေနဲ့လည်း မြန်မာနိုင်ငံအပေါ် တင်းကျပ်တဲ့အရေးယူမှုတွေလုပ်ဆောင်ဖို့ အင်ဒိုနီးရှားအစိုးရကို ဖိအားပေးနေပါတယ်” ဟု သူကထပ်မံပြောကြားခဲ့သည်။

အာဆီယံအစည်းဝေးအပြီးမှာ အဖွဲ့ဝင်နိုင်ငံတွေက အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ဖို့ သဘောတူထုတ်ပြန်ချက်တွေ ထုတ်ခဲ့သော်လည်း နိုင်ငံရေးအကျဥ်းသားများလွှတ်ပေးရေး တောင်းဆိုရန်ပျက်ကွက်ခြင်းကြောင့် လူ့အခွင့်အရေးအုပ်စုနှင့် တက်ကြွလှုပ်ရှားသူများ ဝေဖန်ခဲ့ကြသည်၊ ထိုအစည်းဝေး၌ သဘောတူညီမှုတွေကိုချိုးဖောက်သည့်အပြင် အာဏာသိမ်းစစ်တပ်မှ အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်နေဆဲဖြစ်သည်။ 

စက်ဘီးစီး ကမ်ပိန်း မတိုင်ခင်က အင်ဒိုနီးရှားတက်ကြွလှုပ်ရှားသူတွေအနေနှင့် မြန်မာ့စစ်အာဏာသိမ်းမှုကို အနည်းငယ်သာသိခဲ့ကြသော်လည်း ၄င်း ကမ်ပိန်းပြီး‌နောက် မြန်မာ့အရေး ပိုသိအောင်လေ့လာဖို့ စိတ်ဝင်စားခဲ့ကြတယ် လို့ ထိုကမ်ပိန်းအား စီစဥ်သူကပြောသည်။

“သူတို့ကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်တယ်လို့တော့ သိထားကြပေမယ့် အသေးစိတ်ကိုတော့ မသိခဲ့ကြဘူး၊ အများစုကတော့ မြန်မာမှာဘာတွေဖြစ်နေတာလည်း” ဆိုတာကို ကျွန်တော်တို့ကိုလာလာမေးကြတယ် ဟုသူကပြောခဲ့သည်။

ပထမတစ်ကြိမ် စက်ဘီးစီး ကမ်ပိန်းအောင်မြင်မှုကြောင့် ဒုတိယအကြိမ်အဖြစ် အာဆီယံထိပ်သီးအစည်းအဝေးကျင်းပတဲ့နေ့မှာ ပြုလုပ်ခဲ့ပြီး လူတစ်ရာနီးလောက်ပူးပေါင်းပါဝင်ခဲ့တယ်လို့လဲသိရသည်။ စက်ဘီးစီးဆန္ဒပြသူများနှင့်အာဏာပိုင်များ ထိပ်တိုက်တွေ့မှုတစ်စုံတစ်ရာမရှိခဲ့သော်လည်း လုံခြုံရေးတင်းကျပ်စွာချထားခြင်းကြောင့် အစည်းဝေးကျင်းပရာ အဆောက်အအုံရှိရာ နေရာကိုတော့‌‌ရှောင်ပြီးစီးနင်းလာခဲ့ရတယ်လို့လဲသိရသည်။

သို့သော်လည်း မင်းအောင်လှိုင်အား အာဆီယံအစည်းအဝေးတက်ခွင့်ပြုသည့်အပေါ် ဆန္ဒပြတက်ကြွလှုပ်ရှားသော တစ်ခြားတစ်ဖွဲ့ကတော့ အဲဒီအဆောက်အအုံ‌ရှေ့ ဆန္ဒပြမှုကြောင့် ဖမ်းဆီခံရတယ်လို့သိရပါတယ်၊ ကံကောင်းစွာဖြင့် ထိုနေ့မှာပင် အာဏာပိုင်တွေက ပြန်လည်လွှတ်ပေးခဲ့တယ် လို့ ကမ်ပိန်းကို စီစဥ်သူတစ်ဦးကပြောကြားခဲ့သည်။

ယခု မြန်မာနိုင်ငံစစ်တပ်မှအာဏာသိမ်းပြီးနောက် အကြမ်းမှုလုပ်ရပ်များသည် ဆယ်စုနှစ်သုံးခုအလွန်က အင်ဒိုနီးရှား ဆူဟာတို အာဏာသိမ်းစဥ် လက်ဝဲနိုင်ငံ‌ရေးသမားများနှင့် ၄င်းတို့ကိုထောက်ခံသူဟု သံသယဖြင့် လူပေါင်းတစ်သန်းခန့်ကို အင်ဒိုနီးရှားစစ်တပ်က သတ်ဖြတ်ခဲ့ခြင်းနှင့် တူညီနေသလို၊ အင်ဒိုနီးရှားစစ်အာဏာသိမ်းခဲ့မှုကလည်း မြန်မာစစ်အာဏာသိမ်းမှုနှင့်မကွာကြောင်း ကမ်ပိန်းကိုဦးဆောင်သူကပြောသည်။

အင်ဒိုနီးရှားနိုင်ငံသားတွေအနေနှင့်လည်း ကျွန်မတို့မှာ အာဏာရှင်စနစ်နဲ့ပတ်သက်လို့ ရှည်လျားတဲ့ အတိတ်တွေရှိခဲ့ပါတယ်၊ အခုမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာကလဲ ကျွန်မတို့အတိတ်မှာဖြစ်ခဲ့တာနဲ့တူနေပါတယ်၊ ဒါကြောင့် အရင်က အင်ဒိုနီးရှားမှာဖြစ်ခဲ့တဲ့အခြေနေလိုမျိုး မြန်မာနိုင်ငံကို ကျွန်မတို့မဖြစ်စေချင်ဘူး လို့ ထိုကမ်ပိန်းမှာပါဝင်သူတစ်ဦးကပြောကြားခဲ့သည်။


*အဖမ်းခံရမည်ကို စိုးရိမ်သောကြာင့် အမည်များကို ပြောင်းထားသည်။ 

ပူးတွဲတင်ပြသူ—လုလုလူဆန်

ယခုဆောင်းပါးကို နယ်သာလန်နိုင်ငံခြားရေးရာဝန်ကြီးဌာနက ရန်ပုံငွေထောက်ပံ့ထားသော စီမံကိန်းဖြစ်သည့် “အားလုံးပါဝင်မှုအတွက် အသံ” အောက်ရှိ အာတီကယ် ၁၉ အဖွဲ့မှ ထောက်ပံ့ထားသည်။

Hasnoor Hussain

Hasnoor Hussain is a photojournalist based in Malaysia.

Emily Fishbein

အေမလီဖိရှ်ဘီမ်း(အ်) သည် မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၏ ပဋိမက္ခ၊ စစ်ဘေးရှောင်၊ လူ့အခွင့်အရေး နှင့် လူမှုရေးတရားမျှတရေးနှင့်ဆိုင်သော အကြောင်းအရာကို အဓိကထား လုပ်ဆောင်နေသော အလွှတ်တမ်းသတင်းသမားတစ်ဦးဖြစ်ပါသည်။