Hello!

Stay up to date with New Naratif’s latest stories and upcoming events with our weekly newsletter. No spam, just good content.

* indicates required

ဖားကန့်ဒေသသည် မြန်မာနိုင်ငံ၏ မြောက်ဖက်စွန်းရှိ ကချင်ပြည်နယ်၌ တည်ရှိကာ ကမ္ဘာပေါ်တွင် အများဆုံးနှင့် တန်ဖိုးအရှိဆုံး ကျောက်စိမ်းများ ထွက်ရှိရာ တစ်ခုတည်းသော ဒေသဖြစ်သည်။ ၎င်းကျောက်စိမ်းလုပ်ငန်းများသည် နှစ်စဉ် အမေရိကန်ဒေါ်လာသန်း ထောင်ပေါင်းများစွာရရှိပြီး အများအားဖြင့် တရုတ်နိုင်ငံသို့ မှောင်ခိုလမ်းကြောင်းမှ ရောင်းဝယ်ကြသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုမရှိဘဲ နှစ်ရှည်ကြာသော ပြည်တွင်းစစ်များ ခံစားနေရသော်လည်း အကျင့်ပျက်ချစားမှုများ၊ စည်းမျဉ်းစည်းကမ်း မပြည့်စုံခြင်းနှင့် လက်တစ်ဆုပ်စာ လူတစ်စုကို မျက်နှာသာပေးသည့် မူဝါဒများကြောင့် ကျောက်စိမ်းလုပ်ငန်းများမှ သာမန်ပြည်သူများ အကျိုးခံစားရသည့် ပမာဏမှာ အလွန့်အလွန် နည်းပါးသည်။ ၁၉၉၀ ကျော်၊ ဖားကန့်၌ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်များ စတင်ချမှတ်ချိန်မှစ၍ စက်ယန္တရားကြီးများနှင့် ကြီးမားသည့် ကျောက်စိမ်းတူးဖော်မှုများက သံတိုင်များ၊ လက်များဖြင့်တူးခြင်းအား အစားထိုးလာကြသည်။ ထိုသို့တူးဖော်မှုကြီးများသည် မိုးရာသီ၌ မိုးရေအိုင်များ၊ ကျောက်တုံးများနှင့် ရွံ့နွှံများ အောက်သို့ စီးကျပြီး ပြိုကျရန် အလွန်လွယ်ကူသည့် မြေဇာပုံကမ်းပါးများနှင့် မတ်စောက်သည့် တောင်များ  ဝိုင်းရံထားသည့် အလွန်နက်သည့် ဧရာမ ကျင်းကြီးများကို ချန်လှပ်ထားခဲ့ကြသည်။ ပေးထားသည့် အချိန်အတွင်း လက်လုပ်လက်စား ကျောက်စိမ်းရှာသူ (ရေမဆေး) ၃၀၀,၀၀၀ ခန့်က ဖားကန့်ရှိ အန္တရာယ်ရှိသော အခြေအနေများတွင် ကျောက်စိမ်းများ ရှာဖွေကြရသည်။ သူတို့သည် တရားဝင်တူးဖော်နိုင်ရန် အခွင့်အလမ်းမရှိသဖြင့် ကုမ္ပဏီများ ခေတ္တနားချိန်များ၊ ညအချိန်များ၊ မိုးရာသီ၌ မြေပြိုနိုင်သည့် အန္တရာယ်ကြောင့် ကုမ္ပဏီများ ခေတ္တပိတ်သိမ်းထားချိန်များတွင် လိုင်စင်မရှိဘဲ တူးကြရသည်။ နှစ်စဉ်နှစ်တိုင်း မှော်မြေပြိုမှုများကြောင့် ကျောက်တူးသမားများစွာ သေဆုံးကြရသည်။ ဇူလိုင် ၂ ရက်နေ့၊ ဂွေခါမှော်၌ မြေပြိုမှုသည် လူပေါင်း ၁၇၀ ကျော်ကို နစ်မြှုပ်စေခဲ့ပြီး လူသေစေနိုင်မှု အများဆုံး အဖြစ်အပျက်အဖြစ် ဖားကန့်၏ သမိုင်းမှတ်တမ်း တင်စေခဲ့သည်။

ဤရုပ်ပြသည် ဖားကန့်၌ ကျောက်စိမ်းရှာနေသည့် ကချင်အမျိုးသားတစ်ဦး၏ ဘဝကို စိတ်ကူးပုံဖော်ထားသည်။ ကျောက်စိမ်းကောင်းရပြီး သူ့သမီးလေးအတွက် စက်ဘီးဝယ်ပေးမည်ဟု အိပ်မက်မက်ခဲ့သည့် သူက ဂွေခါမှော် မြေပြိုမှုတွင် နစ်မြှုပ်သေဆုံးခဲ့ရသည်။

ဤဇာတ်လမ်းကို Pulitzer Center မှ ကူညီပံ့ပိုးသည်။


Artist’s note: ဖားကန့်တွင် မြေပြိုမှုကြောင့် သေဆုံးသွားသူနှင့် ကျန်ရစ်သူ မိသားစုများအတွက် များစွာ စိတ်မကောင်းဖြစ်ရသည်။ ဖားကန့်မှာ ကျောက်လာရှာသူ အများစုသည် မိသားစု စားဝတ်နေရေး ကျပ်တည်းမှုကြောင့် လာရောက်လုပ်ကိုင်သူများဖြစ်ကြသည်။ တစ်နေ့နေ့ ကျောက်စိမ်းရပြီး သူဌေးဖြစ်ဖို့ စိတ်ကူးအိပ်မက်ရှိသူများဖြစ်ကြသည်။ သို့ရာတွင်လည်း အချို့ကျောက်သမားများသည် သူဌေးမဖြစ်ဘဲ အရက်စွဲ၊ ဘိန်းဖြူစွဲ၊ မြေပြိုမှုကြောင့် မထင်မရှား သေဆုံးရသည်။ ထိုသို့ကျောက်ရှာသမားများရဲ့ဘဝကို စာနာ၊ နားလည်၊ ခံစားပေးရန် ရည်ရွယ်ချက်ဖြင့် ဤရုပ်ပြကို ဖန်တီးရေးဆွဲခြင်း ဖြစ်ပါသည်။ ဤရုပ်ပြကို ဖတ်ရှုပြီး ကျောက်ရှာသမား (ရေမဆေးသမား)တို့၏ ဘဝကို စာနာ၊ နားလည် ခံစားပေးဖို့ မျှော်လင့်ပါသည်။


Art and story: Shawanang
Lettering/ Layout: Charis Loke
Introduction text and coordination: Emily Fishbein
Editing: Charis Loke, Matt Surrusco

Avatar photo

Shawanang

Shawanang is a Kachin artist and illustrator based in Myitkyina, Kachin State, Myanmar. In addition to comics, he does pencil and pen illustrations and acrylic paintings that seek to bring to life the feelings, emotions and daily struggles of Kachin, including those affected by civil war and other hardships. He is the founder of the Mahkret Comic Team, the first online forum highlighting Kachin traditions, stories and issues.
  
Shawanang သည် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ် မြစ်ကြီးနာမြို့တွင် အခြေစိုက်သည့် ကချင်လူမျိုး ပန်းချီနှင့်သရုပ်ဖော် အနုပညာရှင်တစ်ဦးဖြစ်သည်။ သူသည် ရုပ်ပြများသာမက ခဲပန်းချီများ၊ acrylic ပန်းချီကားများ ရေးဆွဲခြင်းဖြင့် ကချင်လူမျိုးတို့၏ နေ့စဉ်ဘဝရုန်းကန်မှုများ၊ စိတ်ခံစားချက်များ၊ ပြည်တွင်းစစ်နှင့် အခြားခက်ခဲမှုများ၏ သက်ရောက်မှုများကို ဖော်ထုတ်သူ ဖြစ်သည်။ ထို့ပြင် ကချင် ရိုးရာဓလေ့များကို ထင်ရှားပေါ်လွင်စေရန် အွန်လိုင်းဖြင့် စုစည်းထားသည့် “Mahkret” ရုပ်ပြအဖွဲ့၏ တည်ထောင်သူ တစ်ဦးလည်းဖြစ်သည်။