ဇူလိုင်လ ၂ ရက်၌ မြန်မာနိုင်ငံရှိ ဖားကန့်မြို့၏ ကျောက်စိမ်းမှော် မြေပြိုမှုတစ်ခု၌ လူပေါင်း (၁၇၀)ကျော် သေဆုံးခဲ့သည်။ ဤဇာတ်လမ်းက ဖြစ်ရပ်မှန် အဖြစ်အပျက်များကို အခြေခံပြီး စိတ်ကူးပုံဖော်ထားသည့် ဇာတ်ကောင်များဖြင့် နေ့တဓူဝ ကျောက်တူးသမားများ ရင်ဆိုင်ရသည့် အန္တရာယ်များနှင့် သူတို့မိသားစုများ ခံစားရသည့် နာကျင်ကြေကွဲမှုများအကြောင်းကို ပြောပြနေသည်။