တက္ကသိုလ်ကျောင်းနေဖက် နှစ်ဦးနဲ့အတူ ရခိုင်ပြည်နယ်အစိုးရရုံးရှေ့ စက်ဘင်ဘာလ ၉ ရက်နေ့တွင် ဆန္ဒပြ လျှင် အဖမ်းခံရမည်ကို တိုးတိုးအောင် သိရှိထားပြီးဖြစ်သည်။  “လူသတ်တပ်မတော် အလိုမရှိ”၊  “သွေးစွန်းနေသော အစိုးရအလိုမရှိ” စာတမ်းပါ ပိုစတာများကို ကိုင်ဆောင်ထားပြီး၊ ကျန်တစ်ယောက်က ရခိုင်ကျောင်းသားသမဂ္ဂ၏ အလံနီကိုဝှေ့ယမ်းကာ ဆန္ဒပြခဲ့ကြသည်။

စစ်တပ်က အရပ်သားများအပေါ်တိုက်ခိုက်ခြင်း၊ လပေါင်းများစွာ ရခိုင်ဒေသကို အစိုးရက  အင်တာနတ် ဖြတ်တောက်ထားခြင်း၊ အရပ်သားများအပေါ်ကျရောက်နေသည့် အန္တရာယ်များနှင့် လူ့အခွင့်ရေးများချိုးဖောက်ခံနေရခြင်းကို ကာကွယ်ရန်ပျက်ကွက်နေသည်ဟု ရခိုင်ဇာတိ တိုးတိုးအောင်က ရှုမြင်သည်။ ရခိုင်ပြည် နယ်နှင့်အိမ်နီးချင်း ချင်းပြည်နယ်တောင်ပိုင်းတွင် တပ်မတော်နှင့်ရခိုင့်တပ်တော် AA တို့ ၂၀၁၈ နှောင်းပိုင်း ကတည်းက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျှက်ရှိသည်။

စက်တင်ဘာ ၉ ရက်နေ့တွင် တိုးတိုးအောင်နှင့် တက္ကသိုလ်ကျောင်းနေဖတ်နှစ်ဦးအတူ ဆန္ဒထုတ်ဖော်နေစဉ် ၁၀ မိနစ်အတွင်း ရဲတပ်ဖွဲ့ကရောက်ရှိလာသည်။ ကမ္ဘာ့ကပ်ရောဂါကာလ သဘာဝဘေးအန္တရာယ်စီမံချက်အမိန့်ကို

“ လိုက်နာမှုပျက်ကွက်ခြင်း” အကြောင်းပြကာဖမ်းဆီး၊ ၎င်းတို့နှစ်ဦးကို ထောင် (၁၀) ရက်ချလိုက်သည်။ သို့သော် ယင်းပုဒ်မနှင့်စွဲဆိုချက်ကို အာဏာပိုင်များက ပယ်ဖျက်လိုက်ပြီးနောက်၊ ၄၈ နာရီအတွင်း ဆန္ဒပြခွင့်ပြုမိန့် ကြိုတင်ရယူရန်ပျက်ကွက် သည်ဆိုသည့် ပုဒ်မပြောင်းတပ်ကာ တရားစွဲဆိုခဲ့သည်။ နိုဝင်ဘာလ နှောင်းပိုင်းအထိ ရုံးတင်စစ်ဆေးမှုကို သူတို့ စောင့်ဆိုင်းနေကြရ၏။

“သူတို့က ကျနော်တို့ကိုဖိနှိပ်လေ၊ ကျနော်တို့လူမျိုးတွေအတွက် တရားမျှတမှု၊ လွှတ်လပ်မှုနဲ့ တန်းတူရေးအတွက် ကျနော်တို့ပိုပြီး ခုခံတိုက်ခိုက်လေပါပဲ။ လက်ရှိအခြေအနေမှာတော့ ကျနော်တို့ဟာ ပုရွက်ဆိတ် တွေက ဆင်တွေကို ရင်ဆိုင်တိုက်ခိုက်ရသလိုပါပဲ။ ဒါပေမဲ့ ကျနော်တို့ ဘယ်တော့မှ လက်မြောက်အရှုံးမပေးပါဘူး။” ဟု အသက် ၂၀ အရွယ် တိုးတိုးအောင်က နိုဝင်ဘာလ အစောပိုင်းတွင် ပြောသည်။ 

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းဟာ ရာဇဝတ်မှုမဖြစ်သင့်ပါဘူး။ ကျောင်းသားတွေကိုထောင်ချနေတာဟာ တိုင်းပြည်ရဲ့အနာဂါတ်ကို သတ်ဖြတ်တာနဲ့တူပါတယ်။

မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ အဆိုအရ ရခိုင်ပြည်နယ်တွင် တပ်မတော်လုပ်ဆောင်ချက်များနှင့် ပဋိပက္ခများအပေါ် အစိုးရကိုယ်တွယ်ဖြေရှင်းမှုတို့ကို ဆန္ဒပြသောကြောင့် စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ တိုးတိုးအောင် အပါအဝင် အနည်းဆုံး ၅၁ ဦးခန့်သော တက်ကြွ လှုပ်ရှားသူများမှာ တရားစွဲခံထားရသည်။ အများစုမှာ တက်ကြွလှုပ်ရှားသူကျောင်းသားများဖြစ်သည်။ တတ်ကြွ လှုပ်ရှားသူ ၂၀ ကျော် အကျဉ်းချခံထားရပြီး၊ ကျန်ရှိနေသူများမှာ အပြီးသတ်အမိန့်ချမှတ်ခြင်းကို စောင့်ဆိုင်နေကြရသူများ သို့မဟုတ် ဖမ်းဝရမ်းထုတ်ခံရ၍ ရှောင်တိမ်းနေကြသူများဖြစ်သည်ဟု AAPP ၏ တွဲဖက်အတွင်းရေးမှူး ဘိုကြည်က  နယူးနရက်(ထ်မ်) သို့ ပြောသည်။  

လူ့အခွင့်အရေးအစောင့်ကြည့်ရေးအဖွဲ့ (HRW), နိုင်ငံတကာ လွှတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) နှင့် မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့အပါအဝင် လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့(၁၀) ခု ပူးပေါင်းပြီး ပူးတွဲကြေညာချက်တစ်စောင်ကို နိုဝင်ဘာ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်တွင် လတ်တလောဆန္ဒပြပွဲတွင် ပါဝင်သည့်တက်ကြွလှုပ်ရှားသူများကို တရားစွဲဆိုထားခြင်း၊ ဖမ်းဆီးခံကျောင်းသားများနှင့် အခြားတက်ကြွလှုပ်ရှားသူများ လွှတ်ပေးရေး၊ ပြစ်မှုဆိုင်ရာတရားစွဲဆိုမှုများချက်ချင်း ရပ်တန့်ရေး မြန်မာနိုင်ငံအစိုးရကို တောင်းဆိုထားသည်။ ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်တွင် အင်တာနက်ပြန်ဖွင့်ပေးရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်း၊ ငြိမ်းချမ်းစွာစုဝေးခြင်းတို့ကို နိုင်ငံတကာစံနှုန်းနှင့်အညီ ကာကွယ်ပေးရန်အတွက်၊ ဥပဒေများပြင်ဆင်ခြင်းများဆောင်ရွက်ရန်လည်း ထပ်လောင်းတိုက်တွန်းထားသည်။

“ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းဟာ ရာဇဝတ်မှုမဖြစ်သင့်ပါဘူး။ ကျောင်းသားတွေကိုထောင်ချနေတာဟာ တိုင်းပြည်ရဲ့အနာဂါတ်ကို သတ်ဖြတ်တာနဲ့တူပါတယ်။” ဟု ဘိုကြည်က နယူးနရက်(ထ်ဖ်) သို့ ပြောဆိုသည်။

ယခုနှစ်အတွင်း ဒါဇင်များစွာ ဖမ်းဆီးခံထားရသော်လည်း တချို့သော ကျောင်းသားတက်ကြွလှုပ်ရှားသူများ နှုတ်ဆိတ်ခြင်း အလျဉ်းမရှိပေ။ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို တခဲနက်ထောက်ခံနေကြသူများ၏ ထောက်ခံမှုကို တက်ကြွလှုပ်ရှားသူကျောင်းသားများ မရရှိကြပေမယ့်လည်း၊  သတင်းမီဒီယာနှင့် အင်တာနက်ပိတ်ဆို့ ထားမှုကြောင့် အသံတိတ်သကဲ့သို့ဖြစ်နေသော ထိရှလွယ်သော ရခိုင်ပြည်သူများကိုယ်စား လမ်းပေါ်ထွက်ဆန္ဒပြတောင်းဆိုနေကြသည်။ 

“ရခိုင်တွေမှာ မကျေနပ်ချက်တွေအများကြီးရှိတယ်”

လွန်ခဲ့သော နှစ်နှစ်တာကာလအတွင်း ရက်စက်ကြမ်းကြုတ်ပြီး ပြင်းထန်လာသော ပြည်တွင်းစစ်သည်  မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးထဲက ပြည်နယ်တစ်ခု၊ အနောက်ဘက်အစွန်းဆုံးပြည်နယ်ကို လွှမ်းခြုံသွားခဲ့ပြီးဖြစ် သည်။ ဗမာတိုင်းသားရင်းသားလူများစုလွှမ်းမိုးထားသည့် တိုင်းပြည်တွင် ဗဟိုချုပ်ကိုင်မှု အလွန်များပြားခြင်းက မကျေနပ်ချက်များမြင့်တက်ပြီးနောက် ရခိုင်လူမျိုးအများစုသည် လက်နက်ကိုင်တော်လှန်ပုန်မှုကို ထောက်ခံအားပေးလာကြသည်။ တိုင်းရင်သားနယ်မြေများတွင်  ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ရုန်းကန်တိုက်ခိုက် လှုပ်ရှားမှုများသည် နှစ်ပေါင်း ၇၀ ကျော်ထိ ကြာမြင့်ခဲ့ပြီဖြစ်သည်။  

၂၀၁၈ ဒီဇင်ဘာလ ကတည်းက ဒေသခံ စောင့်ကြည်လေ့လာရေးအဖွဲ့များ၏ တွက်ချက်မှုအရ လက်နက်ကိုင်ပဋိပက္ခပြင်းထန်သော ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှာ အရပ်သားပြည်သူ ၂၄၀၀၀၀ ကျော်၊ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး၊ လူတစ်ထောင်နီးပါး ပြင်းထန်စွာဒဏ်ရာရ သို့မဟုတ် သတ်ဖြတ်ခံထားရသည်။ ပြည်တွင်းသတင်းဌာနများ၏ တင်ပြချက်များအရ မြန်မာတပ်မတော်သည် အရပ်သားပစ်မှတ်များတိုက်ခိုက်ခြင်း၊ မီးရှို့ခြင်း၊ မြေမြှပ်မိုင်းအသုံးပြုခြင်း၊ လက်နက်ကိုင်တော်လှန်ရေးအုပ်စုကို ထောက်ခံသူများအဖြစ် စွပ်စွဲခံရသူများကိုဖမ်းဆီးထိန်းသိမ်းထားစဉ်တွင် နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းလုပ်ရပ်များကို ယခင်တိုင်းရင်းသားဒေသများတွင် အသုံးပြုခဲ့သည်နည်းတူ ကျူးလွန်လျက်ရှိသည်။

ဧပြီလတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူက ရခိုင် နှင့် ချင်းဒေသရှိ အရပ်များအပေါ် မြန်မာတပ်မတော်၏ လုပ်ဆောင်ချက်သည် “စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သော ရာဇဝတ်မှုများ ဖြစ်နိုင်သည်” ဟု ဆိုထားသည်။ 

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပြီး ရာစုနှစ်ဝက်ကျော် စစ်တပ်နှင့် စစ်တပ်၏ ကျောထောက်နောက်ခံအုပ်ချုပ်မှုကို အဆုံးသတ်နိုင်ခဲ့သည်ဆိုသော်လည်း၊ တပ်မတော်က ရေးဆွဲခဲ့သော အခြေခံဥပဒေပေးထားချက်အရ စစ်တပ်နှင့်အာဏာခွဲဝေကာ ပူးတွဲဆောင်ရွက်ရဆဲပင်ဖြစ်သည်။

ရွေးကောက်ပွဲတွင် NLD ပါတီသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းတည်ဆောက်ရေးကို ပထမဦးစား ပေးဆောင်ရွက်ရန် ကတိပြုထားသော်လည်း ပြီးခဲ့သည့်နှစ်များတွင် ဖြစ်ပျက်ခဲ့သည့်အရာ များအပေါ်အခြေခံပြီး ၎င်း၏ ရိုးသားမှုကို မေးခွန်းထုတ်ကြသည်။ ၂၀၁၉ ဇန်နဝါရီလတွင် အစိုးရသည် ရခိုင်တပ်တော် (AA) ကို တိုက်ခိုက်ရန် တပ်မတော်ကို ညွှန်ကြားခဲ့ပြီး၊ မေလ ၂၀၂၀ တွင် ရခိုင်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်လည်း ကြေညာခဲ့သေးသည်။ ထို့အပြင် အစိုးရသည် ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ လူသားချင်းစာနာထောက်ထားရေးအကူညီများကို ကန့်သတ်ခဲ့ပြီး သြဂုတ်လတွင်ထုတ်ပြန်သည့် တစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးစကားငြိမ်းချမ်းရေးစကားဝိုင်းမှလည်း ရခိုင့်တပ်တော် (AA) ကို ချန်လှပ်ထားခဲ့ပြန်သည်။

ရခိုင်ပြည်နယ်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို အများသူငါသတိပြုမူရန်လုပ်ဆောင်ခြင်းမှာ ပုံမှန်အားဖြင့် အကဲဆတ်သောကိစ္စတစ်ခုပင်ဖြစ်၏။ အစိုးရသည် ပဋိပက္ခဖြစ်ပွားနေသော ဒေသများသို့ နိုင်ငံတကာမီဒီယာ များဝင်ရောက်သတင်းယူခွင့်ကို ပိတ်ပင်လိုက်ပြီး၊ ၂၀၁၉ ဇွန်လကတည်းက ရခိုင်လူဦးလူဦးရေ ၁ သန်းကျော်ကို လည်း အင်တာနက်သုံးခွင့်စွဲခွင့် မပေးတော့ပေ။ အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းစဉ်အတိုင်းဟုဆိုကာ ပိတ်ပင်လိုက်သည့် ယင်းလုပ်ရပ်သည် ပြည်နယ်တွင်းရှိ သတင်းစီးဆင်းမှုကိုလည်း ရပ်တန့်သွားစေခဲ့သည်။ လူ့အခွင့်အရေးစောင့်လေ့လာရေးအဖွဲ့ (HRW) အဆိုရ အစိုးရသည် ဆက်သွယ်ရေးအော်ပရေတာများကို ဝတ်ဘ်ဆိုက်များ ပိတ်ဆို့ရန် အမိန့်ပေးခဲ့ရာတွင် ရခိုင်အခြေစိုက် သတင်းဌာနနှစ်ခုလည်းကို ထည့်သွင်းခဲ့သည်။ အစိုးရမှ ၄င်းဝတ်ဘ်ဆိုက်များသည် သတင်းတုဆိုက်များအဖြစ် သတ်မှတ်ကာ ပိတ်ချလိုက်သည့်ဖြစ်ရပ်သာမက၊ ယင်းသတင်းတိုက်များသည် ပဋိပက္ခသတင်းဖော်ပြချက်များကြောင့် အမျိုးမျိုးသောတရားစွဲဆိုမှုများ ရင်ဆိုင်နေရချိန်လည်းဖြစ်သည်။

ရန်ကုန်တိုင်းက တက္ကသိုလ် ၂၃ ခုတွင် တက်ရောက်နေကြသော ရခိုင်ကျောင်းသား၊ ကျောင်းသူများကို ကိုယ်စားပြုဖွဲ့စည်းထားသော ရခိုင်ကျောင်းသားများသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ မြတ်ဟိန်းထွန်း က “ရခိုင်လူမျိုးတွေကို အစိုးရဆက်ဆံပုံနဲ့ပတ်သတ်ပြီးတော့ ကျနော်တို့မှာ မကျေနပ်ချက်တွေအများကြီးရှိပါ တယ်။ သူတို့က ကျနော်တို့တွေကို စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေးအရပါ ဖိနှိပ်နေတာပါ။” ဟု ပြောသည်။ အသက် ၁၉ နှစ်ရှိ မြတ်ဟိန်းထွန်းသည်လည်း အာဏာပိုင်များထံကြိုတင်ခွင့်ပြုမိန့်မတောင်းဘဲ ဖေဖော်ဝါရီလတွင် ဆန္ဒပြခဲ့သောကြောင့် ထောင်တစ်လ ချခံရသော ကျောင်းသား (၉) ဦးထဲက တစ်ဦးဖြစ်သည်။ 

လူအခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော Fortify Rights အဖွဲ့ ၏ ထုတ်ပြန်ချက်အရ ဆန္ဒထုတ် ဖော်ကျောင်းသားများသည် ရခိုင် နှင့် ချင်းပြည်နယ်တို့တွင် ဖေဖော်ဝါရီအလယ်တွင် မူလတန်းကျောင်းကို အမြောက်ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့် ကျောင်းသားကျောင်းသူ ၂၁ ဦး ဒဏ်ရာရရှိခဲ့ခြင်း၊ နိုင်ငံတကာ မီဒီယာများကို ပဋိပက္ခဖြစ်ပွားရာဒေသသို့ ဝင်ရောက်ခွင့်အပါအဝင် အင်တာနက်ပိတ်ဆို့မှုကိုဖယ်ရှား ပေးရေးနှင့် အရပ်သားများအပေါ် အကြမ်းဖက်လုပ်ဆောင်ချက်များအတွက် တာဝန်ရှိသူများအား တာဝန်ခံမှုရှိစေရန် အစိုးရကို တောင်းဆိုနေကြခြင်းဖြစ်သည်။  

NLD အာဏာရချိန်ကစပြီး လွှတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကျယ်ပြန့်စွာ ကျဆင်းလာချိန်တွင် ရခိုင်ပြသနာကို ဆန္ဒထုတ်ဖော်ထုတ်သည့်ကျောင်းသားများအားများ ဖမ်းဆီးခြင်းဖြစ်ပေါ်လာသည်ဟု စည်းရုံး လှုံ့ဆော်သူများက ဆိုကြသည်။ ရန်ကုန်အခြေစိုက်လူ့အခွင့်အရေးအဖွဲ့ (Athan) အသံ၏ အဆိုအရ မတ်လတွင် အစိုးရသည် အရပ်သား (၂၅၁) ဦး ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်စွဲဆိုထားသည်။ တက်ကြွလှုပ်ရှားသူများအကြား တရားစွဲဆိုသောဥပဒေများမှ တစ်ခုသည် အာဏာပိုင်များအား သူတို့စီစဉ်ထားသော လုပ်ဆောင်ချက် အသေးစိတ်အချက်အလက်များကို ကြိုတင်အသိပေးရန် လိုအပ်သည် (သို့မဟုတ်) ဒါမှမဟုတ်ရင် အများဆုံး ခြောက်လအထိ ထောင်ဒဏ်ချနိုင်သည်။

ပြစ်မှုကျုးလွန်သော မိန်းခွန်းတစ်ခုသည် “အများပြည်သူများအား ကြောက်လန့်စေခြင်း (သို့မဟုတ်) အနှောင့်အယှက်ဖြစ်စေခြင်း” တို့ကို ဖြစ်စေနိုင်ကြောင်း ယူဆနိုင်သည် (သို့မဟုတ်) စစ်မှုထမ်းများ၏ စည်းလုံးမှုကိုပျက် ပြားစေနိုင်ခြင်း သို့မဟုတ် တာဝန်ပျက်ကွက်ခြင်း၊ ဆန့်ကျင်ခြင်း၊ ဂရုမစိုက်ခြင်း ပေါ်ပေါက်လျှင် ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်သည်။ တချို့သော ဆန္ဒထုတ်ဖော်သူများသည် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရ ကိုရိုနာကပ်ဘေးကာလစီမံချက် “လိုက်နာမှုပျက်ကွက်” သည်ဟုဆိုကာ တရားစွဲခံရသည်။ ပြစ်မှုထင်ရှားက ၎င်းတို့သည် ထောင်ဒဏ် (၃) နှစ်အထိ ချမှတ်ခံရနိုင်သည်။  

အောက်တိုဘာလတွင် မန္တလေးမြို့၌ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ဆန္ဒပြကျောင်းသားနှစ်ဦးသည် မြန်မာ့တပ်မတော်အား “ဖက်ဆစ်ဝါဒီ နှင့် လူသတ်သမားများ” ပါ ပိုစတာများကိုင်ဆောင်ကာ ဆန္ဒပြခဲ့သော ကြောင့် အမှုတစ်ခုတည်းကို တရားရုံးများတွင် ထပ်တလဲလဲစွဲဆိုခံရပြီး ထောင်ဒဏ် (၇) နှစ်အထိ ကျခံနေကြရသည်။ 

(အထင်ကရ ကျောင်းသားလှုပ်ရှားမှု သမိုင်း)

ဆန္ဒပြခြင်းက အန္တရာယ်ကို လက်ယက်ခေါ်သယောင်ဖြစ်ပေမယ့်လည်း နှုတ်ဆိတ်နေခြင်းက ရွေးချယ်စရာလမ်း မဟုတ်ကြောင်း တိုးတိုးအောင်က ဆိုသည်။  “ကျနော်တို့ (ကျောင်းသားများ) နေ့စဉ်နဲ့အမျှ မတရားမှုတွေ၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာတွေ၊ ဖမ်းဆီးနှိပ်စက်တာတွေမြင်နေရပါတယ်။” ဟု သူက ဆက်ပြောသည်။  “မြန်မာနိုင်ငံက ကျောင်းသားတွေဟာ သမိုင်းကြောင်းအရ အဖိနှိပ်ခံပြည်သူတွေနဲ့ တသားတည်းရပ်တည်ခဲ့ ကြတယ်။ တကယ်လို့ ကျနော်တို့က မတရားမှုတွေကို မျက်ကွယ်ပြုနေမယ်ဆိုရင်၊ ဒါဟာ မတရားမှုကို အားပေးရာရောက်သွားပါလိမ့်မယ်”

ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုသမိုင်းသည် တိုင်းပြည်၏ အန္တိမအခန်းကဏ္ဍတွင် ပါဝင်နေခဲ့သည်။ ၁၉၂၀ ခုနှစ် ဗြိတိသျှကိုလိုနီခေတ်တွင် ပထမဆုံးသော ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်ပြီး များမကြာမီတွင် ကျောင်းသား သမဂ္ဂကို စတင်ဖွဲ့စည်းခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ်၏ အစောပိုင်းခေါင်းဆောင်များတွင် အထင်ကရပုဂ္ဂိုလ် များဖြစ်ကြသည့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း၊ မြန်မာနိုင်ငံ၏ ပထမဆုံးသော ဝန်ကြီးချုပ် ဦးနုတို့သည် တိုင်းပြည်၏လွတ်လပ်ရေးဖခင်များဖြစ်ကြသည်။

ဒီမိုကရေစီအရေးလှုပ်ရှားမှုများတွင် ကျောင်းသားသမဂ္ဂများသည် လူအသေအပျောက်ရှိသော ကာလပင်ဖြစ်လင့်ကစား အသက်ခန္တာကိုမငဲ့ဘဲ ရှေ့တန်းမှ ပါဝင်ခဲ့ကြသူများလည်းဖြစ်သည်။ ဗိုလ်ချုပ်နေဝင်း ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းပြီး၊ နောင်တွင်နှစ် ၅၀ အထိ စစ်အုပ်ချုပ်ရေး သန္ဓေတည်စေခဲ့သောဖြစ်ရပ်၊ လအနည်းငယ်တွင် အာဏာပိုင်များက ရန်ကုန်တက္ကသိုလ်ကျောင်းသားဆန္ဒပြပွဲကို သေနတ်ပစ်ဖြိုခွင်းခဲ့သည်။ ယင်းပစ်ခတ်မှုတွင်ကျောင်းသား ဒါဇင်နဲ့ချီသေဆုံးခဲ့ရပြီး၊ ကျောင်းသားသမဂ္ဂအဆောက်အအုံကိုလည်း ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်။ နိုင်ငံရေးခံယူချက်ကွဲပြားသည့် တက္ကသိုလ်ကျောင်းသားများလည်း မြေအောက်တော်လှန်ရေးလမ်းကို ရွေးချယ်ခဲ့ကြပြီး၊ သမိုင်းတွင် ၁၉၈၈ ခုနှစ် အရေးတော်ပုံပေါ်ပေါက်လာခဲ့သည်။ ထောင်သောင်းချီသော လူထုကို ဆန္ဒပြဖော်ထုတ်ရန် လမ်းမများပေါ်ဦးဆောင်ခဲ့ကြသော ကျောင်းသားထောင်ချီသတ်ဖြတ်ခံခဲ့ရပြီး တချို့ မှာထောင်ချခံလိုက်ရသည်။

အတိုက်အခံဘဝမှသည် အာဏာရပါတီဖြစ်လာသည့် NLD ၏ အကြီးတန်းပါတီဝင်များပင်လျှင် တချိန်တခါက ကျောင်းသားများဖြစ်သော်လည်း၊ အစိုးရကိုဝေဖန်ပြောဆိုသည့် ကိစ္စမှာလူမုန်းများသည့်ဖြစ်ရပ်အဖြစ် ရှုမြင်ပြီး၊ ပါတီဦးသျှောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရ စော်ကားမှုအဖြစ်ပင် ရှုမြင်ကြသည်။ ပြည်သူ အများစုကလည်း သူသာလျှင် “ တပ်မတော်ကို ဖယ်ရှားနိုင်သူ” အဖြစ် ယုံကြည်ကြပြီး၊ ပြည်သူကို သစ္စာစောင့်သိသူအဖြစ်လည်း သူက ထိန်းသိမ်းထားသည်။

ရခိုင်ကျောင်းသားသမဂ္ဂ (ရန်ကုန်) က မြတ်ဟိန်းထွန်းက “၂၀၁၅ မတိုင်ခင်တုန်းက လူတွေက သူတို့ရှေ့မှာ မတရားမှုတွေ့ရင် အတော်လေးကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ကြတယ်၊ အခု NLD ပါတီ အာဏာရပြီး နောက်ပိုင်းမှာကျတော့ လူငယ်တွေက အောင်ဆန်းစုကြည်ရဲဲ့ လွှမ်းမိုးခြင်းကိုခံရပြီးတော့ အစိုးရလုပ်သမျှ စုံလုံးပိတ်ပြီး ထောက်ခံတာမျိုးဖြစ်နေတယ်” ဟု ပြောသည်။

ယခင်က ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ယခုခေါ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ (ABFSU) သည် NLD အစိုးရကို အသံကျယ်ကျယ်ဖြင့် စိန်ခေါ်နေသော တစ်နိုင်ငံဆိုင်ရာ ကျောင်းသားတစ်ဖွဲ့တစ်ခုပြီး NLD အစိုးရနှင့် ၄င်းတို့ထောက်ခံသူများနှင့်လည်း သဘောထားကွဲလွဲချက်များစွာရှိသည်။

ဧပြီလတွင် ABFSU အပါအဝင် ကျောင်းသားသမဂ္ဂ (၈) ဖွဲ့သည် ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပြီး၊ ယင်းကြေညာချက်တွင် ပဋိပက္ခအပေါ် တာဝန်ခံမှု တာဝန်ယူမှုမရှိသော အစိုးရကို ရှုတ်ချကြောင်းဖော်ပြထားသည်။  

 “တပ်မတော်က ရခိုင်ပြည်နယ်မှာ နေ့တိုင်း အပြစ်မဲ့အရပ်သားတွေကို သတ်နေတယ်၊ နှိပ်စက်တယ်၊ ဖမ်းဆီး နေတယ်။ အစိုးရနဲ့တပ်မတော်ရဲ့ လက်အောက်မှာ တန်းတူညီမျှမှုတွေ၊ ငြိမ်းချမ်းမှုတွေ မရှိပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးရဲ့ အခြေခံအကြောင်းတရားတွေကို သူတို့က ဖုံးကွယ်ထားကြတယ်။ ပြီးတော့ သူတို့ကပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဘာမှတန်းတူညီမျှရေးမပေးဘဲနဲ့ လက်ရှိ ငြိမ်ချမ်းရေးစကားဝိုင်းမှာ ပါဝင်ကြဖို့လည်းပြောနေတယ်” ဟု ABFSU ၏ ဒု-ဥက္ကဌ ဝေယံဖြိုးအောင် နိုဝင်ဘာလ အစောပိုင်းတွင်ပြောသည်။  

စက်တင်ဘာလတွင် ဝေယံဖြိုးမိုးသည် “သွေးစွန်းနေသော အစိုးရ အလိုမရှိ၊ လူသတ်စစ်တပ်အလိုမရှိ၊ လူသတ်သမားနှင့် ဖက်ဆစ်ဝါဒီကို ဆန့်ကျင်ကြ၊ ရခိုပြည်သူများနှင့်အတူ ရပ်တည်ကြ”  ဟုရေးသားထားသော လက်ကမ်းစာစောင်များနှင့် စာရွက်များကို ဖြန့်ဝေခဲ့သည်။ နှစ်ရက်အကြာတွင် ကိုဗစ်၁၉ ကျန်းမာရေး စစ်ဆေးမှုအရဆိုကာ ရဲများက ညအချိန်အတွင်းတွင် သူတို့နေအိမ်ကို ဝင်းရောက်စီးနင်းခဲ့ကြသည်။ ဝေယံဖြိုးမိုး၏ သူငယ်ချင်း ပိုင်မင်းသန့်သည်လည်း “ လူစုလူဝေးပြုလုပ်ခွင့်” အာဏာပိုင်များထံ ၂ ရက် ကြိုတင်

ရယူခဲ့ခြင်းမရှိဟုဆိုကာ ယင်းပုဒ်မနှင့်ပင် တရားရင်ဆိုင်နေရသည်။

 “လက်ရှိအစိုးရ ပြန်လည်သင့်မြတ်ရေးအကြောင်းကို ပြောတယ်၊ ကျနော် နားလည်တာက ပြန်လည်သင့်မြတ် ရေးဆိုတာ နိုင်ငံထဲမှာနေထိုင်ကြတဲ့ ပြည်သူလူထုလုံး အတူတကွ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်တာ၊ အပြန် အလှန်ကူညီတာ၊ ထောက်ပံ့တာတွေ အပါအဝင်၊ တိုင်းရင်းသားတွေရဲ့ အသံကို နားထောင်တာမျိုးဖြစ်ပါတယ် ….. ဒါပေမဲ့ လက်ရှိအချိန်မှာ အစိုးရဟာ တိုင်းရင်သားတွေနဲ့ပြန်လည်သင့်မြတ်ရေးရဖို့ထက် တပ်မတော်နဲ့ပဲ ရင်ကြားစေ့ဖို့ ကြိုးစားနေတယ်။” ဟု အသက် ၂၂  အရွယ် ဝေယံဖြိုးမိုးက ပြောသည်။  

(စည်းလုံးညီညွတ်မှု)

၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် တပ်မတော် လူမဆန်သည့် လူ့အခွင့်ရေးချိုးဖောက်မှုများကျူးလွန်သည့်အခါ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာလူ့အခွင့်အရေး ပုံရိပ်များ ကျဆင်းလာခဲ့ရသည်။ သူသည် ယင်းအကြမ်းဖက်လုပ်ရက်များကို ရှုတ်ချရန် ပျက်ကွက်ခဲ့သည့်အပြင် နိုင်ငံတကာတရားရုံး (ICJ) တွင် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်ဖြင့် စွဲဆိုခံထားရသည့်အမှုကို ကာကွယ်ပေးဖို့ ၂၀၁၉ ခုနှစ်တွင် နယ်သာလန်နိုင်ငံ သ်ဟိုက် The Hague မြို့သို့ပင် သွားရောက်ခဲ့သေးသည်။ မြန်မာနိုင်ငံ တွင် နှစ်ပေါင်းများစွာနေထိုင်သူများဖြစ်ကြသော်လည်း ရိုဟင်ဂျာများကို မြန်မာပြည်သူအများစုက ဘင်္ဂလားဒေ့ရှ်က ခိုးဝင်လာသူများအဖြစ်လက်ကိုင်ထားကြဆဲဖြစ်ပြီး၊ သူ၏ The Hague ခရီးစဉ်ကို လူထုထောင်ချီထောက် ခံဆန္ဒပြခဲ့ကြသည်။ သို့သော် ဒေသခံတက်ကြွလှုပ်ရှားသူများအကြား ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုနှင့် အစိုးရတုန့်ပြန်ချက်အပေါ် လူငယ်အနည်းစုကသာ ထုတ်ဖော်ပြောဆိုကြပြီး၊ နှောင့်ယှက်မှုများ နှင့်ပင်ကြုံတွေ့ရသည်။ 

လက်ရှိအချိန်တွင် မြန်မာစစ်တပ်က ရခိုင်လူမျိုးများအပေါ် ရက်စက်ကြမ်းကြုတ်ခြင်းကို ရှုတ်ချသည့်ကျောင်းသားများ၏ ရပ်တည်ချက်ကို လူနည်းစုကသာ ထောက်ခံကြကြောင်း ကျောင်းသားများက ပြောကြသည်။

“ရခိုင်ပြည်နယ်က လူ့အခွင့်ရေးချိုးဖောက်မှုတွေကို နည်းနည်းပဲပြောကြ ဆိုကြတော့တယ်။  ပြီးတော့ နိုင်ငံလုံးဆိုင်ရာကျောင်းသားလှုပ်ရှားမှုတစ်ရပ်ပေါ်ပေါက်ဖို့ဆိုတာ အင်မတန်မှခက်သွားပါပြီ၊ ဘာလို့ဆိုတော့ လူငယ်အများစုက လက်ရှိအစိုးရ NLD ကို ထောက်ခံနေကြလို့ပါပဲ” ဟု ရခိုင်ပြည် ကျောင်းသားသမဂ္ဂ ဗဟိုကော်မတီအဖွဲ့ဝင် ၁၉ နှစ်အရွယ် သော်ဇင်ဖြိုးက ပြောသည်။

သို့သော်လည်း ABFSU မှ ဝေယံဖြိုးမိုးသည် တက်ကြွလုပ်ရှားသူများ ပူးပေါင်းဆောင်ရွက်ရန် လက်ရှိအချိန်ထိ မျော်လင့်နေဆဲဖြစ်သည်။ “တိိုင်းရင်းသားဒေသတွေကနေ စုစည်းပြီးတော့ တစ်နိုင်ငံလုံးကျောင်းသားလှုပ်ရှားမှုလုပ်လို့ရတဲ့အခင်းအကျင်းကတော့ ဖြစ်နိုင်ခြေရှိပါတယ်။ ဘာလို့ဆိုတော့ အဲဒီမှာ လူငယ်ကျောင်းသားထုတွေက တရားမျှတမှုနဲ့ ဖက်ဆစ်ဆန့်ကျင်ရေးဝါဒကို ရပ်တည်နေကြတာရှိလို့ပါ” ဟု သူက ဆိုပါတယ်။  

ဆန္ဒပြကျောင်းသားများကို ပြည်တွင်းထောက်ခံမှုအကန့်အသတ်ရှိပေမယ့်လည်း ထူးခြားသည်က ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင်နေထိုင်ကြရသော ရိုဟင်ဂျာများက ၎င်းတို့သည် ကျောင်းသားထုနှင့်အတူရှိနေကြောင်း စည်းလုံးညီညွတ်မှုကိုပြသခဲ့ကြသည်။ ရိုဟင်ဂျာ ၅၀ ခန့်သည် တိုးတိုးအောင်နှင့် ကျောင်းနေဖက် ကျောင်းသားနှစ်ဦးအဖမ်းခံရသည့်ကိစ္စကို ဆန့်ကျင်ကြောင်း၊ ကျောင်းသားများနှင့်အတူ “ အမှန်တရားတွက် ရပ်တည်ကြောင်း” စက်တင်ဘာလတွင် ဆန္ဒပြခဲ့ကြသေးသည်။

ဟောင်ကောင်နှင့် ထိုင်းနိုင်ငံ တို့တွင် လူငယ်တက်ကြွလှုပ်ရှားမှုမြင့်လာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ တက်ကြွလှုပ်ရှားသူ လူငယ်များက သတိပြုမိလာသည်။ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ABFSU က ထိုင်းနိုင်ငံ၌ ဆန္ဒထုတ်ဖော်သူများနှင့် အတူရှိကြောင်း ကြော်ငြာချက်ထုတ်ပြန်ခဲ့ပြီး ABFSU ၏ တက်ကြွလှုပ်ရှားသူများ တစ်ပတ်အကြာတွင် ထောင်ဒဏ်ကျမှတ်ခံရသောအခါ ထိုင်းနိုင်ငံ၏ ဒီမိုကရေစီအရေး အုံကြွမှုဖြစ်စဉ်အတွင်း ဆန္ဒထုတ်ဖော်မှုသင်္ကေတဖြစ်လာသည့် လက်သုံးချောင်းပုံစံကို ထုတ်ဖော်သုံးစွဲလာခဲ့ကြသည်။ ဝေယံဖြိုးမိုးက ABFSU ကျောင်းသားများ ဖော်ပြခဲ့သော ၄င်းလက်သုံးချောင်း၏ အဓိပ္ပာယ်က “ပြည်သူလူထုကို ဖိနှိပ်ထားသော ဥပဒေ သို့မဟုတ် အစည်းအဖွဲ့ကို ဆန့်ကျင်သည့် သင်္ကတ” ဖြစ်သည်ဟု ပြောသည်။

သူက လွန်ခဲ့သော နှစ်များတွင် နိုင်ငံတကာမှ တက်ကြွလှုပ်ရှားသူများနှင့် အဆက်အသွယ်ရှိသော်လည်း လက်ရှိအချိန်တွင် ထိုင်း သို့မဟုတ် ဟောင်ကောင်မှ တက်ကြွလှုပ်ရှှားသူများနှင့်အဆက်သွယ်ပြတ်နေသည်ဟုဆိုသည်။

“သူတို့လည်းပဲ ဖိနှိပ်ချုပ်ချယ်တဲ့ အစိုးရကိုဆန္ဒပြကြတာ မှန်ပေမယ့် သူတို့ဆန္ဒပြတဲ့ ပုံစံနဲ့ ရည်ရွယ်ချက်တွေ၊ အကြောင်းအရာတွေ၊ လုပ်ဆောင်ချက်တွေက ကျနော်တို့နဲ့မတူပါဘူး။ ဒါကြောင့် သူတို့နဲ့မဟာမိတ်တော့ မဖွဲ့ဖြစ်ဘူးပေါ့။ ဒါပေမယ့် ကျနော်တို့က သူတို့ကို ထောက်ခံပါတယ်။” ဟု ဝေယံဖြိုးမိုးက နယူးနရက်(ထ်ဖ်) သို့ ပြောသည်။ 

သို့သော် သော်ဇင်ထွန်း က ရခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် ထိုင်းနှင့်ဟောင်ကောင် ကျောင်းသား တက်ကြွလှုပ်သူများနှင့် အဆက်အသွယ်ရှိပြီး ၎င်းတို့၏ အတွေ့အကြုံ၊ အကြံပြုချက်နှင့် လုပ်ဆောင်ချက်များကို အချင်းချင်းမျှဝေကြသော်လည်း၊ တရားဝင် မဟာမိတ်ဖွဲ့ဖြစ်ခြင်း မရှိကြောင်း ပြောသည်။

နယူးနရက်(ထ်ဖ်) မှ မေးမြန်းထားသော ရခိုင်တက်ကြွလှုပ်ရှားသူ သုံးဦးက ရခိုင်ကျောင်းသားသမဂ္ဂများသည် ရခိုင်ပြည်လူထု၏ဆန္ဒနှင့်အညီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ဝင်ဘာလ (၈) ရက်နေ့ အထွေထွေရွေးကောက်ပွဲအပြီးတွင် အစိုးရအပေါ် ရခိုင်လူမျိုးများအကြား မကျေနပ်ချက်များသည် ပိုမိုဆိုးဝါးလာခဲ့သည်။ ရွေးကောက်ပွဲမတိုင်ခင် ရက်သတ္တပတ်အနည်းငယ်တွင် အစိုးရခန့်အပ်ထားသော ရွေးကောက်ပွဲကော်မရှင်သည် လုံခြုံရေးအကြောင်းပြချက်ဖြင့် ရခိုင်ပြည်နယ် ဒေသများတွင် အထူးသဖြင့် ရခိုင်ပါတီများ ထောက်ခံမှုအပြည့်အဝရရှိသောဒေသများတွင် ရွေးကောက်ပွဲကျင်းပခြင်းမပြုခဲ့ပေ။  ထိုကြောင့် ရခိုင်လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဝေဖန်မှုများ ရှိခဲ့သည်။ လေ့လာသုံးသပ်သူများက ရွေးကောက်ပွဲဖျက်သိမ်းခြင်းသည် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးပျက်ပြားစေပြီး လာမည့်နှစ်များတွင်လက်နက်ကိုင်တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာနိုင်သည်ဟု သုံးသပ်ထားကြသည်။

 “ရခိုင်လူငယ်တွေရဲ့ နိုင်ငံရေးစိတ်အားထက်သန်မှုကို ရိုက်ချိုးလိုက်တာဖြစ်ပါတယ်။ ဒါက ရခိုင်လူထုကို ကိုယ်ပိုင်ပြဌာန်းခွင့် ဒါမှမဟုတ် လွတ်လပ်ရေးဆိုတဲ့တောင်းဆိုမှုဖြစ်ပေါ် လာအောင်တွန်းအားပေးတာနဲ့ တူတယ်လို့” ရခိုင််ကျောင်းသားသမဂ္ဂမှ မြတ်ဟိန်းထွန်းမှ သုံးသပ်သည်။

လက်ရှိရွေးကောက်ပွဲကာလအတွင်း NLD သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၅ ရွေးကောက်ပွဲထက် ပြည်ထောင်စုလွှတ်တော်တွင် ပိုမိုအနိုင်ရခဲ့သည်။ ယခင်ရွေးကောက်ပွဲတွင် (၈၅၉) အနိုင်ရရှိရာကနေ၊ ယခုတစ်ကြိမ်တွင် ၉၂၀ နေရာအနိုင်ရရှိခဲ့သဖြင့်၊ နှိုင်းယှဉ်လျှင် ရာခိုင်နှုန်းအားဖြင့် (၈၂%) ထိ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ရခိုင်အမျိုးသားပါတီ (ANP) သည် ရခိုင်ပြည်နယ်တွင် NLD ကို အနိုင်ရှိခဲ့သော်လည်း  ပြည်နယ်လွှတ်တော်တွင် ထိ်ုင်ခုံအရေအတွက်နည်းသွားသည်။ ရွေးကောက်ပွဲဖျက်သိမ်းခဲ့သော နေရာများတွင် ရခိုင်တပ်တော် (AA) မှ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးရန် တောင်းဆိုထားသော်လည်း လက်တွေ့တွင် အတားအဆီးများ ရှိနေဆဲဖြစ်သည်။

ရခိုင်ကျောင်းသားတက်ကြွလှုပ်ရှားသူများက လာမည့်နှစ်တွင် ၎င်းတို့သည် ရခိုင်ပြည်သူလူထု၏ နိုင်ငံရေးမျှော်လင့်ချက်တွေအကြောင်းကို သိရှိစေရန် ပြည်နယ်အနှံ့ ပြည်သူလူထုကြားတွင် ဆန္ဒခံယူပွဲတစ်ခုကို ဆောင်ရွက်ရန် အစီအစဉ်ရှိသည် ဟု နယူးနရက်(ထ်ဖ်) သို့ပြောသည်။

မြတ်ဟိန်းထွန်းက “ရခိုင်လူထုလိုချင်တဲ့အရာနဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်” ဟု ဆိုသည်။ 

 “ ရခိုင်ပြည်နယ်က လူအခွင့်အရေး ချိုးဖောက်မှုတွေကို ပြောဆိုဖို့ကြောက်လန့်နေတဲ့လူထု ကိုယ်စား ကျနော် တို့က ထုတ်ဖော်ပြောဆိုကြတာဖြစ်ပါတယ်။ မတရားမှုတွေ ကျနော်တို့ြ့ပည်နယ်မှာ ဆက်ရှိနေသရွေ့ ကျနော်တို့ ဆက်ပြီးတော့ ပြောဆိုနေဦးမှာပါ” ဟု တိုးတိုးအောင်က ပြောသည်။  

ယခုဆောင်းပါးကို နယ်သာလန်နိုင်ငံခြားရေးရာဝန်ကြီးဌာနက ရန်ပုံငွေထောက်ပံ့ထားသော စီမံကိန်းဖြစ်သည့်  “အားလုံးပါဝင်မှုအတွက် အသံ” အောက်ရှိ အာတီကယ် ၁၉ အဖွဲ့မှ ထောက်ပံ့ထားသည်။

Thu Ra Kyaw

Thu Ra Kyaw is a watercolor and acrylic artist from Rakhine State, Myanmar, currently living in Yangon. See his work at thurakyaw.com.

သူရကျော်သည် ရန်ကုန်တွင် နေထိုင်သည့် ရခိုင်ပြည်နယ်မှ watercolor နှင့် အက်ခရီလစ် ပန်းချီပညာရှင်တစ်ဦးဖြစ်ပါသည်။ thurakyaw.com တွင် သူ၏ လုပ်ဆောင်ချက်များကို ကြည့်နိုင်ပါသည်။

Emily Fishbein

Emily Fishbein is a freelance journalist focusing on issues related to conflict and displacement, human rights, and social justice in Myanmar and Malaysia.

အေမလီဖိရှ်ဘီမ်း(အ်) သည် မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၏ ပဋိမက္ခ၊ စစ်ဘေးရှောင်၊ လူ့အခွင့်အရေး နှင့် လူမှုရေးတရားမျှတရေးနှင့်ဆိုင်သော အကြောင်းအရာကို အဓိကထား လုပ်ဆောင်နေသော အလွှတ်တမ်းသတင်းသမားတစ်ဦးဖြစ်ပါသည်။

Emily Fishbein adalah seorang wartawan bebas yang memfokuskan pada isu-isu yang berkaitan dengan konflik dan anjakan paksa, hak asasi manusia, dan keadilan sosial di Myanmar dan Malaysia.